Friday, October 28, 2011

ငါ့စစ်တလင်းမှာ နှင်းတွေအပြည့်

ငါဟာ စစ်တလင်း
ငါဟာတိုက်ပွဲဝင်ကဗျာတစ်ပုဒ်
ငါခုတ်ရတဲ့ဓားဟာ
ဝေဒနာအသွားနှစ်ဖက်ရှိတယ်
ငါ့စစ်တလင်းဟာ နှင်းတွေဝေနေတုန်း။
အိပ်ရာထဲမှာချစ်သူနဲ့
အိပ်မက်ခြင်းလဲလှယ်ဝတ်ဆင်တုန်း
သူ့အဖေဆုံးတဲ့သတင်းကြား
ဂန္ဒီကြီးလည်းဖျားတာပဲ
အဖျားလွန်သက္ကရာဇ်တွေရဲ့အဆုံး
တစ်သက်လုံးအချစ်ကိုစွန့်လွှတ်ခဲ့သတဲ့
သရဖူမဆောင်းတဲ့အိန္ဒိယရဲ့ဘုရင်
အိန္ဒိယ-ပါကစ္စတန်မခွဲခင်
သူ့အသည်းကိုအရင်ခွဲပါဆိုခဲ့သူ
တဂိုးရဲ့မဟာလူသား
ဂန္ဒီ…..
ပြန်ပြီ…..။
ဂျိုးဇက်ဖင်းနဲ့မေရီတို့ကြား ဗျာများ
ဧကရာဇ်မဆန်စွာ ဘ၀တစ်ပါး
နပိုလီယံလည်းသွားခဲ့ပြီ..
သူတို့ဟာ..
လောကသစ်ကိုင်းဖျားကိုခါစေခဲ့
သမိုင်းမြစ်ကိုအချစ်မပါဘဲစီးစေခဲ့
တိမ်တွေထဲတိုးဝင်ပျောက်ကွယ်ငှက်များပဲ။
လှေနံနှစ်ဘက်နင်းတယ်ဆိုမှတော့
ခြေထောက်နှစ်ဘက်ရှိလို့သာပေါ့
နှလုံးသားကတော့တစ်ခုတည်း
အလွဲတွေချစ်ရင်း
အချစ်တွေနဲ့လွဲရတဲ့ ငယ်ဘ၀စွယ်တော်ရိပ်မှာ
ငါ့စစ်တလင်းဟာ
ရှုံးနေတဲ့နှင်းတွေအပြည့်…။ ။

အောင်မှူးဝေ


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here