Friday, October 28, 2011

သိတယ်

မျက်ရည်ဆိုတဲ့ လက်နက်နဲ့
    ငါ့ကို ဘဝပျက်စေချင် ခဲ့တာလား..............။
ဒါမှမဟုတ်....
  သဲကိုး ဖျာကိုသုံး
       ငါ့ကို မရုန်း နိုင်အောင် ချည်ထားချင်တာလား............။
ရိုးလွန်းပါတယ် ကောင်မလေးရယ်......
   တကယ်တမ်းတော့
         အချစ်ဆိုတာ အသစ်မမြင်ခင်
             ရူးသွပ်ချင်ကြတဲ့ စိတ္တဇ အစွဲမျှသာပါ........။
နောင် အသစ်မြင်တော့လည်း
       ငါ့..ရဲ့ရင်ခွင်ဟောင်း
           နင် တစေ့တစောင်းတောင်
               လှည့်ကြည့် ဖြစ်ဦးမှာလား...........။
ငါ..မရှိတော့တဲ့ နင့်အနားက
     ဒီဇာတ်လမ်းကို ပိတ်ကားချလိုက်တယ်
         နင်ခံစားချက် ခဏမျှသာကွယ်..........။
နောက် အသစ်လူအနား
     နင် ခိုဝင်ကာ နားမိရင်
           ချစ်ခဲ့ ဘူးတဲ့ငါ့ရင်ခွင်
                  နင် ခပ်ဝါးဝါးပဲ မြင်လိမ့်မယ်............။

                                                       ညီညီ(မြန်အောင်)

7 မှတ်ချက်:

Anonymous said...

ကဗျာက အရမ်းလန်းတယ်ကွာ

ဇင်လင်း said...

ငါမရှိတော့တဲ့ နင့်အနားကဒီဇတ်လမ်းကို ပိတ်ကားချလိုက်တယ်
ချပ်။


နင်လဲမေ့နေလောက်ပြီပေါ့ ငါလဲမေ့နိုင်အောင်ကြိုးစားနေပါတယ်....
ကဗျာလေးဖတ်ပြီးအရင်ရည်းစားကိုသတိရမိတယ်
အဲဒါဆြာညီလုပ်လို့.....
အနော်ကမေ့တေ့တေ့ဖြစ်နေပြီ...ဟီးးးးးးးးး

စံပယ်ချို said...
This comment has been removed by the author.
စံပယ်ချို said...

ဘလော့ပိုင်ရှင်လိုပဲနော်ကဗျာကလဲ
ဖလန်းဖလန်းကိုထနေတာပဲ
မှားပြီးရေးလို့ပြန်ရေးပေးထားတာပါ။

Spring said...

မိန်းကလေးတွေကိုပဲပြောနေတာ သူတို့ ကတော့ဘယ်လောက် မှန်တာကျနေတာပဲ စိတ်တော့မဆိုးနဲ့ အမှန်ပြောမိလို့ မှာသွားရင်လဲတောင်းပန်တယ်နော်

မောင်သီဟ said...

နောင် အသစ်မြင်တော့လည်း
ငါ့..ရဲ့ရင်ခွင်ဟောင်း
နင် တစေ့တစောင်းတောင်
လှည့်ကြည့် ဖြစ်ဦးမှာလား...........။


ဒါခင်ဗျားဘက်ကခံစားချက်ပေါ့း) ကိုယ်ချင်းစာပါတယ်

း)
မောင်ဘကြိုင်

ညီညီ said...

သဘာဝကိုရေးထားတာပါဗျာ....
လူတိုင်းရဲ့သဘာဝတွေပါ.... ကောင်လေးတစ်ယောက်ကရေးတဲ့
ကဗျာဆိုတော့ ကောင်မလေးလို့ပဲ ထည့်လို့ရတယ်လေ...
မိန်းကလေးတွေဖတ်မိရင် ကောင်မလေးရေဆိုတဲ့နေရာမှာ ကောင်လေးရေလို့ အစားထိုးကြည့်ပါ.... သဘာဝအတိုင်းပါဗျာ.....
ကျွန်တော်ရေးထားတာလည်း စိတ်ကူးယဉ်သက်သက်ပါ... ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး... သိတယ်မို့လား..ကဗျာရေးတဲ့ သူတွေက နည်းနည်းတော့ ဂေါက်နေတာပါပဲ....လူတိုင်းလည်းပြောပါတယ်.....ဟာ...ဟ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here