ငါ့ဘဝကိုလမ်းအဖြစ်နဲ့ 
ဒီအတွက် နောင်တဆိုတာကို
ဘယ်တော့မှမတွေးဘူး.......
ကမ်းလင့်စဉ်ပုတ်ချခံခဲ့လိုက်ရတဲ့
မျှော်လင့်ခြင်းလက်တစ်စုံအတွက်
ကြေကွဲခြင်းတွေပဲ့တင်ထပ်နေတယ်
ဟောဒီ ရင်ဘတ်ကြီးထဲကနူးညံ့သိမ်းမွေ့ တဲ့
ချစ်ခြင်းတွေမခံနိုင်မှာပဲစိုး
ဒဏ်ရာတွေတိုက်စားခဲ့ ငါ့ ညတိုင်းကို
သတိရစိတ်ကြောင့် မြင်ယောင်မိတဲ့ မင်းပုံရိပ်တွေ
အသဲကွဲခြင်းတောင် လစ်လျုရှု့ ခဲ့ရတယ်..........
ကျန်ရှိတဲ့ အငွေ့ အသက်နဲ့ 
နောက်တစ်ကြိမ်ထပ်ပြောမယ့်
မင်းနှုတ်ခမ်းကစကားလုံးတွေအတွက်ခံနိုင်ရည်ရှိပါ့မလား ဆိုတာကိုပဲ
ငါတွေးနေတာပါ......။ ။
လေလွင့်လူ(ကမာမြေ)
1 မှတ်ချက်:
လေလွင့်သူရေ
ကဗျာလေးခံစားဖတ်ခဲ့ပါတယ်နော်
ခင်မင်တဲ့ jasmine
Post a Comment