Tuesday, November 29, 2011
ဖြည်းဖြည်းမုန်း
မေးခွန်းပေါင်းများစွာ
အတွေးပေါင်းများစွာ
အိပ်မရပေါင်းများစွာနဲ့ 
ကိုယ့်အတွေးထဲကမင်းလေး.................။
ငါ့ဘဝထဲကမင်း လမသာချင်နေပါ
ကြယ်လေးတစ်ပွင်စာလောက်တော့ လမ်းပြပေးပါ
ရှေ့ ဆက်မရတဲ့ င့ါအနာဂတ်အတွက်
နောင်လာမယ့်နေ့ ရက်တွေမှာ
မင်းငါ့အနား ရှိမနေရင်တောင်
မင်းအသံလေးတော့ ကြားနေချင်သေးတယ်....................။
တခါတည်းအပြီးမမုန်းလိုက်ပါနဲ့ 
ချစ်သေးတယ်ဆိုတဲ့ စကားမပြောနိုင်တော့ရင်လည်း
ခင်တယ်ဆိုတဲ့ စကားလေးနဲ့  နှစ်သိမ့်ပေးပါ
လမ်းခွဲမယ့်စကားမပြောခင် သံယောဇဉ်ရှိတယ်ဆိုတဲ့ 
စကားလေးနဲ့  လိမ်ပေးပါ ပြီးတော့မှဖြည်းဖြည်းမုန်းပါ
ခံနိုင်ရည်မရှိငါနှလုံးအတွက် ဖြည်းဖြည်းခြင်းအသဲကွဲချင်လို့ ပါ..................။
ဖိုးခွားလေး (ကော့မူးမြို့ )
Labels:
စွယ်စုံကဗျာ
Monday, November 28, 2011
ငါ................?
ငယ်ဘဝ
မြေကြီးပေါ်မှာလမ်းစလျှောက်ရင်း
ခဏခဏ လဲကျခြင်းတွေ ရှိတယ်........။
ဘယ်သူကမှ ပေးမထူ
ကိုယ်တိုင်ထမှ လူဖြစ်ဖို့အရး
နာကျဉ်ခြင်းတွေကိုတော့ စတေးရတယ်..........။
ခု.......
ငါလျှောက်နေတဲ့ မြေကြီးပေါ်
ဖြူစင်မှု တွေနဲ့ ကြိုးစားရပ်တည်ရင်း
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့
အမှားမြင်လို့ အမှန်ပြင်ဖို့ အရေး
ဝင်ရောက်လို့ ဆွေးနွေးပေးခဲ့တာ
ငါ.... မနာလိုခဲ့တာ မဟုတ်ပါဘူး..............။
နောင်........
ငါ လျှောက်နေတဲ့ မြေကြီးအောက်
မလွှဲသာလို့ ငါ ရောက်သွားခဲ့ရင်
ငါနေခဲ့ရတဲ့ ပတ်ဝန်းကျင်တွေရဲ့ကြား
ငါရေးထိုးခဲ့တဲ့ သမိုင်း
ခပ်ရိုင်းရိုင်း မဖြစ်ဖို့ အရေး
သူငယ်ချင်းတွေရဲ့ အမုန်းလေးနဲ့
ငါ့ဘဝကို ဆက်ပြီး စတေးနေရဦးမယ်.........။
(လူတိုင်းမှားတတ်ကြတာပဲ........ မှားတတ်ကြလို့လည်း ခဲတံလေးတွေမှာ
ခဲဖျက်ကလေးတွေဆောင်ထားကြတာပေါ့....... ဒါပေမယ့် တစ်ချို့ အမှား
တွေက ခဲဖျက်နဲ့ ဖျက်လို့ မရဘူးနော်........ ဆရာအောင်သင်း)......။ညီညီ(မြန်အောင်)
Labels:
စွယ်စုံကဗျာ,
ညီညီ(မြန်အောင်)၏ကဗျာများ
ညီမလေး(2)
ကျောက်ဆူးမနုတ်
ကြိုးမဖြုတ်ရသေး တဲ့လှေကလေးလို
သစ္စာတရားတွေကခို င်မြဲ
တပ်မက်မှုဟာဇင်ေ ယ်ာလေးပမာ
ထမီရင်လျားလေးတွေပေါ်ကဖြတ်ဖြတ်ပျံတယ်
ငါ့နှလုံးသားကဘယ်သန်ပါညီမလေး။
ရုပ်ဆိုးလေးလည်း ချစ်မှာပဲ
ဒါ..
ငါခဏခဏချရေးမိတတ်တဲ့စာကြောင်း
မင်းရဲ့
ပါးဖောင်းဖောင်း လေးဘက်ကိုအမြဲစောင်းတယ်
ညည်းကလေးရဲ့မေတ္တာတရားနဲ့
ငါ့ဘ၀ကိုစိမ်းလန်းခွင့်ပြုပါညီမ လေး။ ။
အောင်မှူးဝေ
ကြိုးမဖြုတ်ရသေး
သစ္စာတရားတွေကခို
တပ်မက်မှုဟာဇင်ေ
ထမီရင်လျားလေးတေ
ငါ့နှလုံးသားကဘယ
ရုပ်ဆိုးလေးလည်း
ဒါ..
ငါခဏခဏချရေးမိတတ
မင်းရဲ့
ပါးဖောင်းဖောင်း
ညည်းကလေးရဲ့မေတ္တ
ငါ့ဘ၀ကိုစိမ်းလန
အောင်မှူးဝေ
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
ရုံးမှာလုပ်ရတဲ့သူတွေအတွက် Word နဲ့  Excel များကို သော့ခတ်ထားနည်း
ဒီနည်းလေးကတော့ ရုံးမှာလုပ်တဲ့ သူတွေအတွက် အဆင်ပြေသင့်သလောက်
ပြေကြမယ်ထင်ပါတယ် သိတဲ့သူတော့များတယ် အခြေခံသမားတွေအတွက်
ရည်ရွယ်ပြီး မျှဝေလိုက်တာပါ Excel တို့  Word တို့  နဲ့ စာတွေ ရိုက်ပြီးရင် သူ
များမမြင်အောင် Lock ချထားတာပါ Pass Word မသိရင် ဖွင့်လို့ မရတော့ပါ
သူများက ကိုယ့်ဖိုင်လာဖွင့်ရင် အလွယ်တကူဖွင့်မရတော့ဘူးပေါ့ အခြေခံပညာ
သေးသေးလေး ဖြစ်ပေမယ့် ကျနော့ အတွက်ကတော့ အတော်လေး အသုံးဝင်
လှပါတယ် ရုံးက ကွန်ပျုတာထဲမှာ အဲ့လိုနည်းနဲ့  သိမ်းထားတယ် သိပ်တော့ပူစ
ရာမရှိဘူး ဘယ်သူမှလည်း မြန်မာစာမဖတ်တတ်ဘူးလေ ရီစရာပြောပြရမယ်
ဆိုရင် စာရင်းတွေ ဇယားတွေဆွဲ ကြရင်းနဲ့  Ctrl Shift ကို နှိပ်မိသွားတာလေး
ထောင့်တုံးလေးတွေ ပေါ်လာတယ် ဘယ်လိုပြောင်းရမှန်း မသိကြဘူး စက်ကို
ပြန်ပိတ်ပြီး ပြန်ဖွင့်ကြရတယ် မြန်မာစာ အင်စတောထည့်ထားတာဆိုတော့ အဲ့
လိုဖြစ်သွားတာ မြန်မာတွေဆိုရင်တော့ တန်းသိမှာပါ သူတို့ လူမျိုးတွေဆိုတော့
မစဉ်းစားမကြဘူး ဘာဖြစ်လို့ လည်းဆိုတော့ မလေးဘာသာလည်း အေဘီစီ နဲ့ 
ပဲရိုက်တာ ကိုယ်ပိုင်အက္ခရာ မရှိပါဘူး...အဲ့လို ..အဲ့လို ဆုံရကြုံရ အလုပ်သမား
ဘ၀လေးပါ ကဲ..ကဲ..တိုက်ဆိုင်သူရှိရင် စမ်းပေတော့................................။
Sunday, November 27, 2011
ညီမလေး(၁)
ဝေလီဝေလင်းအတွေးတွေထဲ
နှင်းဆီရနံ့ပြင်းပြင်းများဝင်လာ
ငါနဲ့ငါ့ရင်ခုန်သံတချို့ကို
ဝင်ခွင့်ပြုပါ ညီမလေး...။
ဘ၀က ဘ၀လို
တခုတ်တရ အဖုအထစ်တွေ
ကြယ်စုံသစ်ပင်မပျိုးချင်တဲ့ကော င်းကင်တွေ
တမင်ရည်ရွယ်ပြီးပြုံးရတဲ့အပြုံး တွေ
အထူးစီမံဖော်စပ်ထားတဲ့ လူမှုဆက်ဆံရေးတွေရှိလိမ့်မယ်
ငါနဲ့ငါ့ဘ၀ကိုလက်ခံပါညီမလေး။
တစ်ခါတစ်လေတော့
ဒိုင်ယာရီအဟောင်းထဲက
ပျော်စရာတွေကိုဆွဲထုတ်မိတာပေါ့
တွန့်ကြေနေတဲ့အနမ်းမှာ
ညည်းစာမျက်နှာလေး
ငါနဲ့ငါ့လက်ရေးကို
လွတ်လပ်စွာခေါက်ထားခွင့်ပေးပါ
ညီမလေး ....။ ။
အောင်မှူးဝေ
နှင်းဆီရနံ့ပြင်းပြင်းများဝင်လာ
ငါနဲ့ငါ့ရင်ခုန်သံတချို့ကို
ဝင်ခွင့်ပြုပါ ညီမလေး...။
ဘ၀က ဘ၀လို
တခုတ်တရ အဖုအထစ်တွေ
ကြယ်စုံသစ်ပင်မပျိုးချင်တဲ့ကော
တမင်ရည်ရွယ်ပြီးပြုံးရတဲ့အပြုံး
အထူးစီမံဖော်စပ်ထားတဲ့ လူမှုဆက်ဆံရေးတွေရှိလိမ့်မယ်
ငါနဲ့ငါ့ဘ၀ကိုလက်ခံပါညီမလေး။
တစ်ခါတစ်လေတော့
ဒိုင်ယာရီအဟောင်းထဲက
ပျော်စရာတွေကိုဆွဲထုတ်မိတာပေါ့
တွန့်ကြေနေတဲ့အနမ်းမှာ
ညည်းစာမျက်နှာလေး
ငါနဲ့ငါ့လက်ရေးကို
လွတ်လပ်စွာခေါက်ထားခွင့်ပေးပါ
ညီမလေး ....။ ။
အောင်မှူးဝေ
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
Tuesday, November 22, 2011
နှင်းကြည်လွင်(သို့မဟုတ်)ရထားမ၀င်တဲ့ဘူတာပျက်ကလေး
ပေါ့ပေါ့ပါးပါး ရယ်မောလှုပ်ရှား စားသောက်အသက်ရှင်ချင်
မီးခိုးငွေ့ တွေလိုနှင်းဆီပန်းတွေလိုခဏပွင့်သွားတဲ့
့အဆင်ပြေပြေမနက်ခင်းများမှာနှင်း ကြည်လွင်
ဘုရားမသွားပါ
နတ်ဆိုးတွေဝှက်ထားတဲ့ညအံဝှက်ထဲ
အမဲလိုက်ဖို့ချောင်းနေပါတယ်။
မြို့တော်ခန်းမရှေ့
ထိုးဆိုက်လာတဲ့အထူးကားပေါ်မှာနှ င်းကြည်လွင်မပါ
မြို့သစ်ကိုသန်းခေါင်ကျော်မှရောက်ပါမယ်။
မိသားစုပရိယေသနများသူ့ခေါင်းပေါ်
ခိုတွေလိုအသိုက်ဖွဲ့နေလို့ 
မီးခိုးငွေ့ တွေလိုနှင်းဆီပန်းတွေလိုခဏပွင့်သွားတဲ့
ဘုရားမသွားပါ
နတ်ဆိုးတွေဝှက်ထားတဲ့ညအံဝှက်ထဲ
အမဲလိုက်ဖို့ချောင်းနေပါတယ်။
မြို့တော်ခန်းမရှေ့
ထိုးဆိုက်လာတဲ့အထူးကားပေါ်မှာနှ
မြို့သစ်ကိုသန်းခေါင်ကျော်မှရောက်ပါမယ်။
မိသားစုပရိယေသနများသူ့ခေါင်းပေါ်
ခိုတွေလိုအသိုက်ဖွဲ့နေလို့ 
ဆူးလေလမ်းမပလက်ဖောင်းများမှာ
နှ င်းကြည်လွင်ခိုစာရောင်းပါတယ်။
မျက်လုံးပေါင်းများစွာကနေ
လျှံကျလာသောအထင်သေးမှုများ....
နှင်းကြည်လွင်ကိုမသတ်ဖြတ်နိုင် ပါ။
မျက်လုံးပေါင်းများစွာကနေ
လျှံကျလာသောအထင်သေးမှုများ....
နှင်းကြည်လွင်ကိုမသတ်ဖြတ်နိုင်
အောင်မှူးဝေ
ကျွန်တော်ဆက်လက်မရေးရက်တော့တဲ့ ကဗျာတစ်ပုဒ်ပါနှင်းကြည်လွင်။
မိဘလုပ်အားနဲ့အသက်ရှင်နေတဲ့သမီး များရဲ့ပျော်ရွှင်မှုတချို့တ၀က်ေ လာက်
ကျွန်တော်ဆက်လက်မရေးရက်တော့တဲ့
မိဘလုပ်အားနဲ့အသက်ရှင်နေတဲ့သမီး
နှင်းကြည်လွင်ကိုမျှဝေပေြး ကဖို့တောင်းဆိုချင်ပါတယ်။လူသား ချင်းစာနာ
ထောက်ထားသဖြင့်ပေါ့ဗျာ ။
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
ဒီအိမ်ကလေးမှာ...(၂)
ကော်ဖီမစ်အိတ်ခွံလေးပစ်ထားခဲ့ပုံမျိုး
ရင်ထဲမှာဘာအရသာမှမကျန်ရစ်ဘူး
ကျောသားရင်သားမခွဲခြားတဲ့ဒဏ်ရာေ တွနဲ့ထားခဲ့...။
ထားခဲ့တော့အာရုံရှိသလိုပဲ
မီးချောင်းအကျွမ်းလေးမြောင်းထဲ လွှင့်ပစ်လိုက်ပုံမျိုး
ရင်ထဲမှာဘာအလင်းဓာတ်မှမကျန်ရစ် ဘူး
အစိတ်အကွဲဘ၀နဲ့
ရေထဲဆင်းတဲ့ခြေထောက်မှန်သမျှစူး အောင်ထားခဲ့..။
အနာဂတ်မှာလည်း..
အမုန်းတွေရွက်နုသစ်သလောက်
အထီးကျန်တောအုပ်ကစိမ်းနေဦးမှာ ပဲ
အဝေးပြေးလမ်းမပေါ်လွင့်ကျသွားတဲ့
ရေသန့်ဘူးခွံလေးလိုထားခဲ့
ဒါမှမဟုတ်..
နင့်နှုတ်ခမ်းနီတွေမညှာမတာခြေေ တ်ာတင်သွားတဲ့
တစ်ရှူးနုနုလေးလိုငါ့ကိုထားရစ် ခဲ့။
ထားခဲ့
အသည်းနှလုံးလား
သဖန်းတောမှာပစ်ထားခဲ့တယ်ဆိုသလို မျိုး
မိုးခေါင်ခေါင်လူ့သဖန်းတောမှာငါ့ ကိုထားခဲ့..။
မှော်ဝင်အသက်ရှင်မှုတွေနဲ့
ဟောဒီကမနက်ဖြန်အိမ်ကလေးမှာ...။
အောင်မှူးဝေ
၂၉.၆.၂၀၁၀
အခြေနေအရချစ်သူနဲ့လမ်းခွဲလိုက် ရသောသူငယ်ချင်းသို့ရည်ညွှန်း ပါသည်။
ကျောသားရင်သားမခွဲခြားတဲ့ဒဏ်ရာေ
ထားခဲ့တော့အာရုံရှိသလိုပဲ
မီးချောင်းအကျွမ်းလေးမြောင်းထဲ
ရင်ထဲမှာဘာအလင်းဓာတ်မှမကျန်ရစ်
အစိတ်အကွဲဘ၀နဲ့
ရေထဲဆင်းတဲ့ခြေထောက်မှန်သမျှစူး
အနာဂတ်မှာလည်း..
အမုန်းတွေရွက်နုသစ်သလောက်
အထီးကျန်တောအုပ်ကစိမ်းနေဦးမှာ
အဝေးပြေးလမ်းမပေါ်လွင့်ကျသွားတဲ့
ရေသန့်ဘူးခွံလေးလိုထားခဲ့
ဒါမှမဟုတ်..
နင့်နှုတ်ခမ်းနီတွေမညှာမတာခြေေ
တစ်ရှူးနုနုလေးလိုငါ့ကိုထားရစ်
ထားခဲ့
အသည်းနှလုံးလား
သဖန်းတောမှာပစ်ထားခဲ့တယ်ဆိုသလို
မိုးခေါင်ခေါင်လူ့သဖန်းတောမှာငါ
မှော်ဝင်အသက်ရှင်မှုတွေနဲ့
ဟောဒီကမနက်ဖြန်အိမ်ကလေးမှာ...။
အောင်မှူးဝေ
၂၉.၆.၂၀၁၀
အခြေနေအရချစ်သူနဲ့လမ်းခွဲလိုက်
Labels:
စွယ်စုံကဗျာ
Monday, November 21, 2011
Chatting ထိုင်သော သူများသတိထားရန်အတွက် .......
ရေးလိုက်တဲ့ခေါင်းစဉ်ကအကြီးကြီး ပြောချင်တာက ဟာသလေးပါ ဒီနေ့ မှဖတ်
ရတဲ့ ရှိတ်ဂျာနယ်က ကူးယူဖော်ပြလိုက်တာပါ ရွေလမ်းငွေလမ်း ဦးဝင်းကြည်က
ငါ့တူမောင်ရေ.ခုပို့ လိုက်တဲ့.ရှိတ်ဂျာနယ်ကို www.shadejournal.com မှာတင်
ပေးပါအုံးတဲ့ မတင်ခင်ကိုယ်အရင်ဖတ်ကြည့်တော့ ကောင်းတာလေးတွေ့ လို့ 
ပွဲဦးထွက် အရင်မျှလိုက်တယ် ထိတဲ့ ကာတွန်းလေးပါ ကာတွန်းဆရာဇေယျတု
ဆွဲထားတာ..ပုံမှာပါတဲ့ စာ မရှင်းမှာစိုလို့  ရေးပြမယ်နော်........................။
ရတဲ့ ရှိတ်ဂျာနယ်က ကူးယူဖော်ပြလိုက်တာပါ ရွေလမ်းငွေလမ်း ဦးဝင်းကြည်က
ငါ့တူမောင်ရေ.ခုပို့ လိုက်တဲ့.ရှိတ်ဂျာနယ်ကို www.shadejournal.com မှာတင်
ပေးပါအုံးတဲ့ မတင်ခင်ကိုယ်အရင်ဖတ်ကြည့်တော့ ကောင်းတာလေးတွေ့ လို့ 
ပွဲဦးထွက် အရင်မျှလိုက်တယ် ထိတဲ့ ကာတွန်းလေးပါ ကာတွန်းဆရာဇေယျတု
ဆွဲထားတာ..ပုံမှာပါတဲ့ စာ မရှင်းမှာစိုလို့  ရေးပြမယ်နော်........................။
ကံကောင်းချင်တော့......
ချက်တင်(chatting ) မှာထိုင်ကြူရင်း
ကောင်မလေးတစ်ယောက်နဲ့ တွေ့ ....................
နောက်နေ့ ရောက်တော့ ချိန်းတွေ့ တာ
ကံဆိုးချင်တော့...............
ကံဆိုးချင်တော့...............
ငါ့မိန်းမဖြစ်နေတယ်......................။
Labels:
စွယ်စုံဟာသ
ခဏလေးပါ
နင်နဲ့ ငါကြား
စကားလုံးတွေဆင့်ပွား မှားခဲ့ရတဲ့အတွက်
တစ်ကြိမ်တစ်ခါ မက အကြိမ်ကြိမ်အခါခါ
ငါတောင်းပန်ချင်တယ် .......
နင်မချစ်တဲ့ ငါ
နင့်ကိုမှအချစ်ဆုံး ငါ
နင့်ရဲ့ ...
ဥပက္ခာဆိုတဲ့ အမုန်းကြားမှာ
ငါလေ ခံနိုင်ရည်တွေ မရှိလို့ ပါ .....
ပြန်လာခဲ့ပါနော်
နင်နဲ့ ငါ
အရင်လိုစကားလေးတွေကြား
ငါလေမမှားရအောင် ပြင်ပါ့မယ် ......
နင်ရှိမှနေပျော်တဲ့ ငါ့ဘဝ
အရင်လို မခင်ချင်တော့ရင်တောင်
ဧည့်သည်အဖြစ်နဲ့ 
နင်ခဏလေးဖြစ်ဖြစ်
ပြန်လာခဲ့ပေးပါလား
နင် ငါ့ကို ကျောမခိုင်းလိုက်ပါနဲ့ နော်.....
လေလွင့်လူ(ကမာမြေ)
စကားလုံးတွေဆင့်ပွား မှားခဲ့ရတဲ့အတွက်
တစ်ကြိမ်တစ်ခါ မက အကြိမ်ကြိမ်အခါခါ
ငါတောင်းပန်ချင်တယ် .......
နင်မချစ်တဲ့ ငါ
နင့်ကိုမှအချစ်ဆုံး ငါ
နင့်ရဲ့ ...
ဥပက္ခာဆိုတဲ့ အမုန်းကြားမှာ
ငါလေ ခံနိုင်ရည်တွေ မရှိလို့ ပါ .....
ပြန်လာခဲ့ပါနော်
နင်နဲ့ ငါ
အရင်လိုစကားလေးတွေကြား
ငါလေမမှားရအောင် ပြင်ပါ့မယ် ......
နင်ရှိမှနေပျော်တဲ့ ငါ့ဘဝ
အရင်လို မခင်ချင်တော့ရင်တောင်
ဧည့်သည်အဖြစ်နဲ့ 
နင်ခဏလေးဖြစ်ဖြစ်
ပြန်လာခဲ့ပေးပါလား
နင် ငါ့ကို ကျောမခိုင်းလိုက်ပါနဲ့ နော်.....
လေလွင့်လူ(ကမာမြေ)
Labels:
စွယ်စုံကဗျာ,
လေလွင့်လူ၏ ကဗျာများ
တမ်းခြင်းထက်ကအလွမ်း
ရင်ခွင်လွှာ ရှောင်ခွာပြေးသူရယ်....
လွမ်းသူ့ အိပ်မက်အလင်္ကာကို ညကမ္ဘာအမှောင်ယံက
ထီးကျန်သူအိပ်မက်တွေကြား
ကြယ်တစ်မှုန့် တောင်မရှိနေခဲ့ ပါလား.......။
ထီးမိုးချင်တာ ကြီးစိုးပါတယ်ဆိုတဲ့  စွဲချက်
ကွဲအပ်သွားတဲ့  ရင်ခွင်လွှာ
တမင်တကာမဟုတ်မှန်းတော့ သိပါတယ်
အကြည့်မမှန်လို့  ထိမှန်ကြေးဆိုရင်
ယူယမှုတွေကိုတော့ မစတေးလိုက်ချင်ဘူး...........။
မလိုချင် နဂိုအရင်ကတည်းက ပစ်လိုက်ပါတော့လား
ခံစားချက်မကုန်ခမ်း ပုံအမ်းကာထားပြီးမှ
အတားဆီးများ ခါးသည်းတာ
အစကတည်းကလို့  ထပ်မဆင့်ချင်တော့ဘူး
အကြိမ်ကြိမ်ထိန်းပါလျက် တိမ်းပါးခဲ့ရ အချစ်တစ်ခုအတွက်
ငဲ့ ကွက်မှုတွေဆိုရင် ချန်မထားနဲ့  ယူသွားလိုက်ပါ.........။
ပြုစားလိုက် ကုစားလိုက်
အရောင်ဖျော့ဖျော့ အနမ်းတွေက
တုန်ခါနေတဲ့ ရင်တစ်ခုလုံး ရပ်တန့် စေခဲ့ တာလား.........။
တကယ်တော့.....
အပျင်းပြေ စီးဆင်းခြင်း သံယောဇဉ်တွေကို
တားဆီးတတ်အောင် ရင်ဘတ် မဲ့နေမှုကြောင့်
သတိရတိုင်း ပြုံးမိရင် ခံစားချက်ရဲ့ နာကျင်ခြင်းပဲ
အကြိမ်ကြိမ် တိုက်စားခံခဲ့ ရတယ်............။
ဒါပေမဲ့ .....
အရာအားလုံးကို ငါ မတွေး ဖြစ်ပါဘူး
မင်း ကိုချစ်မိခဲ့တဲ့ ရလဒ်ဆိုတာ ဆုပ်ကိုင်ရင်း
ချိုမြိန်ဆဲ အလွမ်းကဗျာတွေ
ရင်တွင်း ဆက်ပျံ့ လွင့်နေမှာတော့
အသေချာပါပဲလေ.........။ ။
လေလွင့်လူ(ကမာမြေ)
Labels:
စွယ်စုံကဗျာ,
လေလွင့်လူ၏ ကဗျာများ
Sunday, November 20, 2011
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
ကဲ ...
အခုတော့ ဘာဖြစ်ချင်သေးလဲ
မင်းရဲ့ ချစ်ခြင်းမေတ္တာတွေ ....
မာန အတ္တတွေ ....
ပိုင်ဆိုင်လိုစိတ်နဲ့  အတွေးတွေ ....
ကျရှုံးခန်းတွေမှာ အလံထူဖို့  မစဉ်းစားနဲ့ တော့
အေးဆေးလေးလှည့်ပြန်လိုက်စမ်းပါ ....
နောက်တစ်ကြိမ်မှတ်ထားပေါ့
အလကားယူသုံးလို့ ရတဲ့ စိတ်ကူးတွေကို
လွယ်လွယ်ယူပြီး အချစ်ဆိုတာကို
ပေါ့ပေါ့လေး မတည်ဆောက်ဖို့ ဆိုတာတွေလေ ....
အပူတွေနဲ့ ကမူးရှုးတိုးလျှောက်အော်နေမယ့်အတူ
အမှားဆိုတာ ရှာလိုက်ပေါ့....
အသည်းကွဲတယ်လို့ ခေါင်းစဉ်ထက်
အလဲအကွဲ လုပ်ရပ်တွေမှာ
အရှုပ်ဇာတ်တွေ အရင်ရှင်းလိုက်ဦး .....
ကြယ်စင်ထက်လင်းတဲ့ လမင်းအောက်
မင်းရောက်တာ ဂုဏ်ယူလိုက်ပါ ....
ဒီထက်မကနေမင်းဆိုရင် မင်းပြာကျသွားမှာပေါ့...
နောင်တဆိုတာထက် မင်းခြေလှမ်းကို
နောက်မှမချတတ်ဖို့ ပဲ လိုတာပါ ....
အသေချာဆုံးက ....
အမှားလုပ်တတ်ရင်
နောက်ဆက်တွဲက ဝန်ခံတတ်ဖို့ ပဲ မဟုတ်လား.....။
လေလွင့်လူ(ကမာမြေ)
Labels:
စွယ်စုံကဗျာ
ဈေး
ဒီလိုပဲ မိုးနှောင်းအော်ပရာနံနက်ခင်း
မောင်စိမ်းနီရဲ့ကဗျာတွေနှင်းမကွဲသေးမီ
သစ္စာနီရဲ့ကဗျာကြိုးဝိုင်းထဲဟန်ေ ရးပြပြီးဝင်လာ
ချွေးတစိမ့်စိမ့်နဲ့
အောင်ချိမ့်ရဲ့ဂန္ထ၀င်မမလည်း ဈေးကိုသွားပြီ။
ကျွန်တော်လည်းဈေးထဲမှာ
မနေ့ကကျွန်တော်ကိုပြန်ဝယ်လို့ မရတော့ပုံနဲ့
မနက်ဖြန်မှဈေးကွက်ထဲရောက်လာမယ့် 
ကျွန်တော့်ကိုရှာလို့
သလုံးသားဖြူဖြူလေးများတွေ့တဲ့ အခါ
ဒါဘယ်လောက်လဲကောက်ကောက်မေးလို့
သင်္ခါရလမ်းမြှောင်ထဲက
ဈေးလေဈေးလွင့်လေ
ခံတွင်းမတွေ့တဲ့စကားလုံးများနဲ့
အသက်ငင်ရိုးသားခြင်းတွေကို
ရောင်းဝယ်ဖောက်ကားကြရပြီ။ ။
အောင်မှူးဝေ
20.11.2011
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
စီ........။ ။
ခေါင်းလောင်းသံအ က်အက်နဲ့
သက္ကရာဇ် အသားမာတက်နေတဲ့
ရင်ခတ်ကုန်း လွမ်းစေတီ
သွားလမ်းမသာ လာလမ်းလည်းမဖြော င့်တော့ပြီ။
ကော်ဖီဆိုင်တွေေ ပ်ါမှာသာနေတဲ့လမင်းကို
ရင်ခတ်ကုန်းကလည်းလှမ်းကြည့်နိုင်တယ်မောင်လို့
အိပ်မက်ယောင်ရင်းတောင်
တဖွဖွပြောတတ်တဲ့ ကောင်မလေး
ရင်ခတ်ဝါ၀ါလေးတွေရဲ့အဝေးတစ်ဖက်ကိုရောက်သွားပြီ
အသည်းရောင် အသားဝါ
စီ........။ ။
အောင်မှူးဝေ
သက္ကရာဇ် အသားမာတက်နေတဲ့
ရင်ခတ်ကုန်း လွမ်းစေတီ
သွားလမ်းမသာ လာလမ်းလည်းမဖြော
ကော်ဖီဆိုင်တွေေ
ရင်ခတ်ကုန်းကလည်
အိပ်မက်ယောင်ရင်
တဖွဖွပြောတတ်တဲ့
ရင်ခတ်ဝါ၀ါလေးတေ
အသည်းရောင် အသားဝါ
စီ........။ ။
အောင်မှူးဝေ
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
Saturday, November 19, 2011
သစ်ပင်တွေကြားရင်အားနာစရာ
နေ့ စဉ်လှုပ်ရှားမှုများစွာမှာ
သံကြိုးမြည်သံတွေညံလို့
သံကြိုးမြည်သံတွေညံလို့
လူ့ဘ၀ကဗျာဆိုတာလည်း
ကိုယ့်အသားကိုယ်စကားလုံးတွေနဲ့ ခုတ်ခွာနေရသလိုမျိုး
၃၈လမ်းလည်း၃၈လမ်းအလျောက်
ဖြောင့်ဖြူးခဲ့တာပဲ
ကဗျာဆရာတွေသစ်ပင်စိုက်ကြသတဲ့
ကိုယ့်ဘ၀ကိုယ်ဖြောင့်အောင်မစို က်နိုင်သူတွေတော့
ရှိကောင်းရှိနိုင်ပါတယ်
သူတို့ ကတော့
ကျောက်ခေတ်မီးလုပွဲတွေဆီ
အမဲလုပွဲတွေဆီပြန်ရောက်သွားကြေ ပါ့။
လူတွေစိမ်းလန်းဖို့အရေးကြီးတယ်
သစ်ပင်စိုက်တာလူတွေစိမ်းလန်းဖို့ တဲ့လား
တိုးတိုးပြော
သစ်ပင်တွေကြားရင်အားနာဖို့ ကောင်းတယ်။ ။
အောင်မှူးဝေ
ကဗျာဆရာတို့၏သစ်ပင်စိုက်ပွဲတော် နေ့သို့အမှတ်တရ....
ကိုယ့်အသားကိုယ်စကားလုံးတွေနဲ့ ခုတ်ခွာနေရသလိုမျိုး
၃၈လမ်းလည်း၃၈လမ်းအလျောက်
ဖြောင့်ဖြူးခဲ့တာပဲ
ကဗျာဆရာတွေသစ်ပင်စိုက်ကြသတဲ့
ကိုယ့်ဘ၀ကိုယ်ဖြောင့်အောင်မစို
ရှိကောင်းရှိနိုင်ပါတယ်
သူတို့ ကတော့
ကျောက်ခေတ်မီးလုပွဲတွေဆီ
အမဲလုပွဲတွေဆီပြန်ရောက်သွားကြေ
လူတွေစိမ်းလန်းဖို့အရေးကြီးတယ်
သစ်ပင်စိုက်တာလူတွေစိမ်းလန်းဖို
တိုးတိုးပြော
သစ်ပင်တွေကြားရင်အားနာဖို့ ကောင်
အောင်မှူးဝေ
ကဗျာဆရာတို့၏သစ်ပင်စိုက်ပွဲတော်
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
ချင်းတောင်တန်းပေါ်ကရွာချလိုက်တဲ့အလွမ်းတွေ
ပျော်စရာတွေကိုပလိုင်းထဲထည့်သယ် လာမယ့်ညီမလေးကတောင်ယာမှာ
ပေါင်းနှုတ်နေတုန်းပဲဆိုပါတော့
ဆန်ကြမ်းနဲ့ရောစားရတဲ့အိပ်မက်ေ တွဟာမချိုဘူး
ရိုးရာမပျက်စနစ်တကျအလိုမပြည့်မှုတွေနဲ့
တစ်ဖက်ခြေတံရှည်အိမ်ကလေးမှာမီး ခိုးနံ့သင်းနေခဲ့။
အဖေလည်းအဝေးကြီးမှာ
တောင်ယာတွေကိုသတိရနေမလား
တစ်ခုခုလိုနေတဲ့ညနေစာထမင်းဝိုင်းလေး
စားပွဲအိုပေါ်မှာအကျဉ်းစံ..။
နှင်းငွေ့တို့ပွဲသိမ်းအကွက်နင်း ချိန်တော့
ကျွန်တော့်ဆီကထွက်ခွာသွားသူတွေ
ကျွန်တော့်ထံပြန်လာကောင်းပါရဲ့
လမ်းတွေကအကွေ့ကွေ့အ၀ိုက်ဝိုက်
အကျပ်အတည်းဆီကိုဦးတည်သွား
ဘယ်ရနံ့ကများချောင်လည်လို့လဲ။
သမိုင်းဦးကနေ.....ဒီနေ့ အထိ
အကြောင်းရာစုံပေါ်
အလွမ်းမိုးမွဲတွေရွာချနေရတယ်.... ....။...............။
အောင်မှူးဝေ
၁၈.၆.၂၀၁၀
ပေါင်းနှုတ်နေတုန်းပဲဆိုပါတော့
ဆန်ကြမ်းနဲ့ရောစားရတဲ့အိပ်မက်ေ
ရိုးရာမပျက်စနစ်တကျအလိုမပြည့်မှ
တစ်ဖက်ခြေတံရှည်အိမ်ကလေးမှာမီး
အဖေလည်းအဝေးကြီးမှာ
တောင်ယာတွေကိုသတိရနေမလား
တစ်ခုခုလိုနေတဲ့ညနေစာထမင်းဝိုင်
စားပွဲအိုပေါ်မှာအကျဉ်းစံ..။
နှင်းငွေ့တို့ပွဲသိမ်းအကွက်နင်း
ကျွန်တော့်ဆီကထွက်ခွာသွားသူတွေ
ကျွန်တော့်ထံပြန်လာကောင်းပါရဲ့
လမ်းတွေကအကွေ့ကွေ့အ၀ိုက်ဝိုက်
အကျပ်အတည်းဆီကိုဦးတည်သွား
ဘယ်ရနံ့ကများချောင်လည်လို့လဲ။
သမိုင်းဦးကနေ.....ဒီနေ့ အထိ
အကြောင်းရာစုံပေါ်
အလွမ်းမိုးမွဲတွေရွာချနေရတယ်....
အောင်မှူးဝေ
၁၈.၆.၂၀၁၀
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
ငှက်
အတောင်စုံလှ
အားအင်ပြည့်မှ
အသိုက်ထဲက
ထွက်ခဲ့ကြသည်
ပျံသန်းအုံးမည် ကောင်းကင်ဆီ...........။
မုန်တိုင်းကြမ်းကြမ်း
ငါ ဖြတ်သန်းမည်.....
မုဆိုးတွေ့ငြား
ငါ ရှောင်ရှားမည်.......
ပျော်ပါးချင်သည်
စုံနံ့သာ၏ ရင်ခွင်ဆီ..............။
Labels:
စွယ်စုံကဗျာ,
ညီညီ(မြန်အောင်)၏ကဗျာများ
Friday, November 18, 2011
ငါ့အကြောင်းသူလိုငါလိုရေးထားတယ်
ညည်းယဉ်ကျေးမှုတွေခေါက်သိမ်းထားတဲ့အတိတ်က
သော့ဖျက်ပြီးသားသေတ္တာတစ်လုံးလိုပဲလားနှင်းကေသရီ
ကားစင်တင်ထားတဲ့အတွေးမှာသမိုင်းသစ်ရဲ့သွေးနံ့မွှေးနေပြီ
လမ်းဖောက်သူတွေကတော့ကိုယ့်စကားလုံးနဲ့ကိုယ်
အနာဂတ်ကိုလှမ်းပြီးအဆုံးစီရင်လို့လေ။
တစ်လောကလုံးကရှိတယ်ပြောလည်း
သူလိုငါလိုတွေက မရှိဘူးဆိုမှတော့
ငါလည်းမရှိဘူးပေါ့။
ငါဟာစိတ်နဲ့မျှော်ကြည့်ရတဲ့ရှုမျှော်ခင်း
အလင်းတစ်ဝက်တိတိအိပ်မက်ထဲမှာရှိနေတုန်း
ဇာတိမြို့ကလေးဆီ ငါ့အပြုံးတွေမရောက်နိုင်တော့ဘူး။
ငါဟာ အကြမ်းချရေးလို့တောင်မရတဲ့အဖြစ်အပျက်တစ်ခု
ဇာတိမြို့ကလေးဆီ ငါ့အဖွဲ့အနွဲ့တွေမရောက်နိုင်တော့ဘူး။
ငါဟာအစမ်းတောက်လောင်နေတဲ့မီးတောက်တစ်ခု
ဇာတိမြို့ကလေးဆီငါ့အပူဓာတ်တွေမဟပ်စေတော့ဘူး။
သော့ဖျက်ပြီးသားသေတ္တာတစ်လုံးလိုပဲလားနှင်းကေသရီ
ကားစင်တင်ထားတဲ့အတွေးမှာသမိုင်းသစ်ရဲ့သွေးနံ့မွှေးနေပြီ
လမ်းဖောက်သူတွေကတော့ကိုယ့်စကားလုံးနဲ့ကိုယ်
အနာဂတ်ကိုလှမ်းပြီးအဆုံးစီရင်လို့လေ။
တစ်လောကလုံးကရှိတယ်ပြောလည်း
သူလိုငါလိုတွေက မရှိဘူးဆိုမှတော့
ငါလည်းမရှိဘူးပေါ့။
ငါဟာစိတ်နဲ့မျှော်ကြည့်ရတဲ့ရှုမျှော်ခင်း
အလင်းတစ်ဝက်တိတိအိပ်မက်ထဲမှာရှိနေတုန်း
ဇာတိမြို့ကလေးဆီ ငါ့အပြုံးတွေမရောက်နိုင်တော့ဘူး။
ငါဟာ အကြမ်းချရေးလို့တောင်မရတဲ့အဖြစ်အပျက်တစ်ခု
ဇာတိမြို့ကလေးဆီ ငါ့အဖွဲ့အနွဲ့တွေမရောက်နိုင်တော့ဘူး။
ငါဟာအစမ်းတောက်လောင်နေတဲ့မီးတောက်တစ်ခု
ဇာတိမြို့ကလေးဆီငါ့အပူဓာတ်တွေမဟပ်စေတော့ဘူး။
ငါက
လွတ်လပ်တဲ့လောကဓံနဲ့ငါ။
ဒီကဗျာထဲမှာငါ့အကြောင်း..
သူလိုငါလိုပဲငါရေးလိုက်ပါတယ်..။ ။
အောင်မှူးဝေ
လွတ်လပ်တဲ့လောကဓံနဲ့ငါ။
ဒီကဗျာထဲမှာငါ့အကြောင်း..
သူလိုငါလိုပဲငါရေးလိုက်ပါတယ်..။ ။
အောင်မှူးဝေ
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
Tuesday, November 15, 2011
ရင်ခုန်သံ
နင်ပြန်မလာတော့တဲ့ 
ငါ့ရင်ခွင်ဟောင်းတနေရာမှာ
ဘယ်သူ့ ကိုမှ အစားထိုးလို့ မရခဲ့ ပါဘူး
ငါ့နှလုံးသားတခါးကို သော့ပိတ်
တိတ်တိတ်လေး အိပ်နေခဲ့ တယ်...........။
ငါ့ရင်ခုန်သံက တစ်နှစ်ကိုတခါခုန်တယ်
တခါခုန်တိုင်း ခက်ထားတဲ့ သော့ချက်တွေပျက်စီးကုန်တယ်
နင်အဖြေပေးခဲ့ တဲ့  နေ့လေးရောက်တိုင်း
နှစ်တိုင်းတစ်နှစ်တခါခုန်ခဲ့ တယ်
တချို့ နှစ်တွေဆို ငါ့ရင်ခုန်သံက
ငါ့အသက်ကို တောင်ရန်ရှာစေခဲ့ တယ်
အဓိကသော့ချက် က နင့်ကိုအပိုင်းပေးထားတော့
နင့်ကလွှဲပြီး ဘယ်သူမှ ငါ့နှ လုံးသားတခါးကို ဖွင်မရခဲ့ ဘူး..............။
နင့်ကို ဘယ်လောက်ထိချစ်မှာလဲလို့  ပြောမပြချင်ဘူး
ဘယ်လောက်ထိမြတ်နိုးလဲဆိုရင်တော့
နင်ပါလို့ ပြောပြီးငါ့ရင်ဘက်ထဲက နင့်ကို ပြလိုက်မယ်
ဘယ်လောက်အထိတန်ဖိုးထားလဲမေးခဲ့ တော့
တန်းဖိုးဖြတ်လို့ မရအောင်ကို တန်ဖိုးထားပါတယ်
ဘယ်လောက်အထိပေးဆပ်မလဲမေးရင်တော့
နင်လိုချင်သမျှ ပေးဖို့ အဆင့်သင့်ပါ
ဘယ်အချိန်ထိချစ်နေမှာလဲလို့ မေးဦးမလို့ လား
ငါ့ခန္ဒ္ဒာ မြေကျတဲ့ အထိချစ်နေမှာပါချစ်သူရယ်...... ........................။
ဘယ်လောက်အထိတန်ဖိုးထားလဲမေးခဲ့ တော့
တန်းဖိုးဖြတ်လို့ မရအောင်ကို တန်ဖိုးထားပါတယ်
ဘယ်လောက်အထိပေးဆပ်မလဲမေးရင်တော့
နင်လိုချင်သမျှ ပေးဖို့ အဆင့်သင့်ပါ
ဘယ်အချိန်ထိချစ်နေမှာလဲလို့ မေးဦးမလို့ လား
ငါ့ခန္ဒ္ဒာ မြေကျတဲ့ အထိချစ်နေမှာပါချစ်သူရယ်......
ဖိုးခွားလေး (ကော့မူးမြို့ )
Labels:
စွယ်စုံကဗျာ
Sunday, November 13, 2011
ရန်ကုန်တွင်နေထိုင်သူများနဲ့  ရန်ကုန်သူရန်ကုန်သားများအတွက်
![]() |
ရန်ကုန်-၁-၂-၃
စိတ်ပါလက်ပါလုပ်နေရတဲ့အလုပ်တွေထဲ
အချစ်ဆိုတာပုဂ္ဂလိက ကပ်ရောဂါ
အဆင့်မြင့်ထုတ်လုပ်ထားတဲ့ အနမ်းတွေ
ကို့စ်ပြည့်အောင်သောက်တာတောင် မပျောက်ဘူး
ကမ္ဘာဦးကနေဒီနေ့အထိ..။
အသုံးတည့်တာမှန်သမျှ
သွေးကြောထဲကနေသွင်းခဲ့တယ်
အသုံးတည့်တာမှန်သမျှ
ဒွါရအားလုံးကနေသွင်းကြတယ်
ငါးအကြီးကြီးတွေကို
ငါးသေးသေးလေးတွေနဲ့မျှားသလိုမျိ
လူအကြီးကြီးတွေကိုလည်း
လူသေးသေးလေးတွေနဲ့မျှားကြတယ်။
ဂုံးတံတားအဆင်းမှာ
ကြော်ငြာကမ်းတဲ့အလုပ်ထက်
ရင်နာရသက်သာတဲ့အလုပ်များ မရှိဘူးလား
ဆေးနဲ့ယဉ်ပါးလာတဲ့ရောဂါပိုးတွေ
လူတွေကကြော်ငြာနဲ့ ယဉ်ပါးလို့
ရန်ကုန်ဟာ
ကမောက်ကမတွေနဲ့ဖောက်ပြားတယ်
ရန်ကုန်ဟာ
ချောက်ကမ်းထိပ်မှာငြိမ်နေတဲ့ဘော
ရန်ကုန်.................
ဘာတံဆိပ်ကပ်ကပ် အလွမ်းကတော့အသစ်ပဲ
လူတွေဆိုတာ
သားဖွားခန်းက၀င်လာပြီး
မီးခိုးခေါင်းတိုင်ကနေပြန်ထွက်
လောကကြီးနဲ့ဆက်ဆံရေးကအဲသလို။
ရုပ်ရှင်ရုံတွေအရှေ့မှာ
မှောင်ခိုလက်မှတ်ဝယ်ပြီးမှ
စွန့်စွန့်စားစားချစ်ရာရောက်တဲ့
ကောင်မလေးတွေလည်း
အပေါ်နှုတ်ခမ်းချိုပြီး
အောက်နှုတ်ခမ်းခါးတယ်။
ဒီမြို့မှာ
ချွေးထုတ်ခန်းတွေမလိုဘူး
အိမ်လခအကြောင်းလက်တို့ပြောကြရုံ
ချွေးပြန်တယ်
လမ်းဘေးဈေးသည်တွေရဲ့နာရီမေးသံ
တစ်နေ့စာဝမ်းရေးဟာ
ကားနံပတ်လိုအသေရေးပြီးသား။
ဘယ်လိုယဉ်ကျေးမှုနဲ့ဖြစ်ဖြစ်
ငါ့ကိုပြန်ချစ်ပါလင်းလင်းရယ်
ဒီမြို့မှာလိုနေတဲ့
ဆောင်းရာသီနဲ့ညည်းကိုတင်တောင်း
နာဇီအကျဉ်းစခန်းထဲက
ဂျစ်ပစီမလေးတွေ
ဗီတာမင်(စီ)လိုအပ်သလို
ညည်းလည်းငါ့ကိုလိုအပ်တယ်
ကမ္ဘာကြီးထဲမှာငါ့အတွက်
ရသင့်တဲ့အောက်စီဂျင်ဝေစုလို
ငါကလည်းညည်းကိုလိုအပ်တယ်
ဒီမြို့မှာ....။
ကြပ်တည်းမှုတွေကလည်း မကြပ်တည်းတော့သလိုမျိုးနဲ့
ခေတ်ကိုဖြည်ချရတာမောတယ် ပြုံးလိုက်မဲ့လိုက်
ကားတွေကိုဆီဖြည့်သလို လူတွေထဲစိတ်တွေထပ်ဖြည့်ရ
စားလိုစိတ် သွားလိုစိတ် ၀ါးလိုစိတ် ရေးသားလိုစိတ်...စသဖြင့်တွေ..။
လမ်းပေါ်တက်လိုက်တာနဲ့အပူထုပ်ကဖု
နွေနေပူမှာဖြတ်ကျော်လာဖူးမှ...
မနက်တိုင်းကြက်သားသည်နဲ့နေ့စွဲ
ဆောင်းခါကြီးခွပူနေတာတော့လွန်လွ
အပြစ်တွေအမှိုက်ပုံသလိုပုံချဖို
ဈေးကောက်နဲ့စိတ်ကောက်ပြီး အရောင်းအ၀ယ်ဖြောင့်ဖို့
အခင်းအကျင်းကအစပူပူလောင်လောင်
ငါ့ဝယ်လိုအားကိုပစ်ထည့်လိုက်ရတာ
နင်ပဲငဆရစ်သမ်နဲ့စပယ်ယာတွေပါး
ငါ့ဘ၀ကိုထိုးအပ်လိုက်ရတာ
တစ်နေ့မိနစ်ကိုးဆယ်ပုံမှန်
(နေရာတကာ)
ခုန်ပျံနေပါလား..ရန်ကုန်မြိြု့
စုန်ဆန်စရာမြစ်တစ်စင်းလည်းကောခဲ
သစ်တောတွေက
အခုမှမူကြိုမှာ........။ ။
အောင်မှူးဝေ
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
ချစ်ခဲ့ဖူးသည်...သို့သော်
ချစ်သူ ရဲ့
အပြုံးတစ်ချက်ကို မြင်ရဖို့အရေး
ငါ..တိတ်တိတ်လေး ထိုင်ငေးခဲ့ဘူးတယ်.......။
ချစ်သူ
ပြုံးလိုက်တိုင်း
ပန်းကလေးတွေ ငိုသွားသလို
ငါ့ ရင်ထဲ မြတ်နိုးခြင်းတွေက
ပြိုကြတော့မယ့် မိုးတိမ်စိုင်တွေလိုပေါ့.......။
ဖြူစင်ကျော့ရှင်းတဲ့
ချစ်သူရဲ့ လှပခြင်းတွေကို
ကဗျာမှာ ရေးဖွဲရင်း
ငါ... တိတ်တိတ်လေး ချစ်ခဲ့ခြင်းတွေနဲ့............ .။
ချစ်သူရဲ့ လှပခြင်းတွေကို
ကဗျာမှာ ရေးဖွဲရင်း
ငါ... တိတ်တိတ်လေး ချစ်ခဲ့ခြင်းတွေနဲ့............
နှလုံးသားရဲ့ နှိုးစက်က
ငါ့....ညတွေကို အိပ်ပျက်စေခဲ့ပြီ......
ချစ်သူလာမယ့် လမ်းမှာ စောင့်မျှော်ရင်း
ငါ့........ရင်ထဲမှာ
တိတ်တဆိတ် ရူးသွပ်နေခြင်းတွေ...........။
ငါ့....ညတွေကို အိပ်ပျက်စေခဲ့ပြီ......
ချစ်သူလာမယ့် လမ်းမှာ စောင့်မျှော်ရင်း
ငါ့........ရင်ထဲမှာ
တိတ်တဆိတ် ရူးသွပ်နေခြင်းတွေ...........။
မမြင်ရတဲ့ တစ်နေ့တာမှာ
တစ်သက်တာအတွက် စိတ်အစဉ်
ကြည်လင်မှု မရှိပဲ
တမ်းတမှု နေ့စွဲတွေကို အဖြေရှာရင်း
ငါ.... တိတ်တိတ်ကလေး လွမ်းတတ်ခဲ့ ခြင်းတွေနဲ့............။
တစ်သက်တာအတွက် စိတ်အစဉ်
ကြည်လင်မှု မရှိပဲ
တမ်းတမှု နေ့စွဲတွေကို အဖြေရှာရင်း
ငါ.... တိတ်တိတ်ကလေး လွမ်းတတ်ခဲ့ ခြင်းတွေနဲ့............။
ငါ....
မထင်မိခဲ့ပါဘူး
ဖြူစင်လွန်းတဲ့ မျက်ဝန်းက
မာယာတွေနဲ့ အရောင်စွန်းထင်းနေမှန်းကို..... ......။
မထင်မိခဲ့ပါဘူး
ဖြူစင်လွန်းတဲ့ မျက်ဝန်းက
မာယာတွေနဲ့ အရောင်စွန်းထင်းနေမှန်းကို.....
နင့် သတင်းတွေ ကြားချိန်တိုင်း
ငါ့ နားတွေ ထိုင်းသွားချင်တယ်.........
နင့် အကြောင်းကို တွေးမိရင်
ဘာမှမသိအောင် ရူးသွားချင်တယ်......
ငါ့ရဲ့ မျက်ဝန်းမှာ
မျှော်လင့်ချက်အလင်း ရောင်တွေအစား
မျက်ရည်များ အစားထိုးလာရင်
ထာဝရ အတွက် ကန်းသွားချင်တယ်...........။
ငါ့ နားတွေ ထိုင်းသွားချင်တယ်.........
နင့် အကြောင်းကို တွေးမိရင်
ဘာမှမသိအောင် ရူးသွားချင်တယ်......
ငါ့ရဲ့ မျက်ဝန်းမှာ
မျှော်လင့်ချက်အလင်း ရောင်တွေအစား
မျက်ရည်များ အစားထိုးလာရင်
ထာဝရ အတွက် ကန်းသွားချင်တယ်...........။
ကောင်မလေးရေ.......
တိတ်တိတ်ကလေး ချစ်ခဲ့တယ်....
တိတ်တိတ်ကလေးပဲ လွမ်းခဲ့တယ်......
နောက်ဆုံး....
တိတ်တိတ်ကလေးပဲ နင့်ကိုမုန်းလိုက်တယ်.......... ။
တိတ်တိတ်ကလေး ချစ်ခဲ့တယ်....
တိတ်တိတ်ကလေးပဲ လွမ်းခဲ့တယ်......
နောက်ဆုံး....
တိတ်တိတ်ကလေးပဲ နင့်ကိုမုန်းလိုက်တယ်..........
ညီညီ(မြန်အောင်)
Labels:
စွယ်စုံကဗျာ,
ညီညီ(မြန်အောင်)၏ကဗျာများ
Saturday, November 12, 2011
ဂျစ်ပစီရေမွှေးနံ့နဲ့ကဗျာ
ဒီညတော့...
ငါတို့ရဲ့မိုးမချုပ်နိုင်သေးတဲ့ ဒုက္ခတွေကို
မေ့ထားလိုက်ရအော င်
ခရေနံ့မွှေးမွှေး
ကြည်နူးမှုတံခါး လေးကိုမပိတ်လိုက်ပါနဲ့။
နေ့စဉ်နဲ့အမျှ
လူကြီးလူကောင်းဝ တ်စုံမှာ
ဂျစ်ပစီရေမွှေးနံ့ နဲ့
ရိုးသားခြင်းနှု တ်ခမ်းဖူးဖူးလေး မှာ
ကောက်ကျစ်တဲ့နှု တ်ခမ်းဆိုးဆေးတွေနဲ့
လက်သည်းခြေသည်းေ တွပေါ်မှာ
မာယာပန်းတွေလည်း ရောင်စုံပွင့်နေ ရဲ့
မြို့ပြအခင်းအကျ င်းမှာ
ကျင်လည်စွာပေါက် ရောက်ရှင်သန်ကြရ ပုံ။
ရွက်ကျပင်တွေလို
မြေမရွေးတဲ့နေထိုင်မှုမျိုး
ငါးတွေလို
မိုးထဲရေထဲအသက်ရှူနိုင်စွမ်း
ကျားတွေလို
သားကောင်မရွေးဖမ်းယူစားသောက်ခွင့်
ဒီညခင်းရဲ့အဖွင့် စာမျက်နှာပေါ်မှာ မရှိစေရပါ။
ဆူးလေလမ်းတလျောက်
သားပျောက်ရှာသလို
အရေးတကြီးဘီအမ်ဘ တ်(စ်)ကားတွေပေါ်
ငါတို့အိမ်ပြန်ချိန်တွေကိုပစ်တင်လိုက်
တချို့လည်း
ဆယ့်ငါးကျပ်တန်ရ ထားလက်မှတ်လေးထဲ
အိမ်ပြန်ချိန်ကိုချွေချွေတာတာခေါက်ထည့်လို့
တွဲထောင့်မှာကွမ်းတံတွေးကွက်တွေ ဆေးလိပ်တိုတွေနဲ့ အတူတူ
ကောင်လေးက
ခပ်၀၀ကောင်မလေးကို
မနိုင်ဝန်ထမ်းသလိုပွေ့ဖက်လို့
မြင်ကွင်းချိုချိုတွေတရိပ်ရိပ်ခုတ်မောင်းလာ
နာကျင်မှုလတ်လတ် ဆတ်ဆတ်တွေလည်း
သော့ခတ်သိမ်းဆည်းလာ
ဝင်္ကပါလမ်းဟာ
မီးတွေစတင်လင်းလ က်ပြီ။
ဒီညတော့
ငါတို့ရဲ့မိုးမချုပ်သေးတဲ့ဒုက္ခေ တွကို
ခဏမေ့ထားလိုက်ရေ အာင်။ ။
အောင်မှူးဝေ
ငါတို့ရဲ့မိုးမခ
မေ့ထားလိုက်ရအော
ခရေနံ့မွှေးမွှေး
ကြည်နူးမှုတံခါး
နေ့စဉ်နဲ့အမျှ
လူကြီးလူကောင်းဝ
ဂျစ်ပစီရေမွှေးနံ
ရိုးသားခြင်းနှု
ကောက်ကျစ်တဲ့နှု
လက်သည်းခြေသည်းေ
မာယာပန်းတွေလည်း
မြို့ပြအခင်းအကျ
ကျင်လည်စွာပေါက်
ရွက်ကျပင်တွေလို
မြေမရွေးတဲ့နေထိ
ငါးတွေလို
မိုးထဲရေထဲအသက်ရ
ကျားတွေလို
သားကောင်မရွေးဖမ
ဒီညခင်းရဲ့အဖွင်
ဆူးလေလမ်းတလျောက်
သားပျောက်ရှာသလို
အေရးတၾကီးဘီအမ္ဘ
ငါတို့အိမ်ပြန်ခ
တချို့လည်း
ဆယ့်ငါးကျပ်တန်ရ
အိမ်ပြန်ချိန်ကိ
တွဲထောင့်မှာကွမ
ကောင်လေးက
ခပ်၀၀ကောင်မလေးက
မနိုင်ဝန်ထမ်းသလ
မြင်ကွင်းချိုချ
နာကျင်မှုလတ်လတ်
သော့ခတ်သိမ်းဆည်
ဝင်္ကပါလမ်းဟာ
မီးတွေစတင်လင်းလ
ဒီညတော့
ငါတို့ရဲ့မိုးမခ
ခဏေမ့ထားလိုက္ရေ
အောင်မှူးဝေ
3.11.2011
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
Friday, November 11, 2011
မကွေးဗိုင်းရပ် မထိဖူးသေးသူများအတွက် မကွေး Virus Cleaner
ဟိုးတလောက မကွေးဗိုင်းရပ် အကိုက်ခံလိုက်ရတဲ့သူတွေကတော့ ဖိုးခွားလေး
နဲ့ ညီညီတို့ ဖြစ်ပါတယ်..သူတို့ ဖုန်းဆက်တော့ ပြောတဲ့လက္ခဏာတွေက မကွေး
ဗိုင်းရပ်နဲ့ ဆင်နေတယ် .START MENU မှာ Mgaway Fc လိုပေါ်နေလားမေး
တော့ အေးတဲ့....သေပီဆရာပေါ့..သူတို့ ကတော့ ၀င်းဒိုးပြန်တင်လိုက်တာပါပဲ
Data တွေ အရေးမကြီးဘူးဆိုရင် Partation အားလုံဖြက်ပီး အကုန်ဖော့မက်
ချမှသာ စိတ်ချရမှာပါ..နောက်ထွက်တဲ့ မကွေးက အရင်ထက်အဆင့်မြင့်လာလို့ 
အတော်ပြဿနာ၇ှာပါတယ်တဲ့..လုပ်နည်းအသေးစိတ်ကို ဒီနေရာမှာ သွားဖတ်
လိုက် .ဆော့ဝဲနဲ့  ရှင်းရင်လည်းမြန်ပါတယ် ပိတ်ထားတဲ့ Option တွေအတွက်
လည်း Enable ပေးလို့ ရတဲ့ ဆော့ဝဲတွေလည်းပေါ်နေပီဆိုတော့ .အေးဆေး
ကလေးမွေးလို့ ရပါပီ....ကဲ ဆောင်ထားချင်ဆွဲ.......။
ဒီလင့်မှာ Download ယူပါ Mgway Virus Cleaner
နဲ့ ညီညီတို့ ဖြစ်ပါတယ်..သူတို့ ဖုန်းဆက်တော့ ပြောတဲ့လက္ခဏာတွေက မကွေး
ဗိုင်းရပ်နဲ့ ဆင်နေတယ် .START MENU မှာ Mgaway Fc လိုပေါ်နေလားမေး
တော့ အေးတဲ့....သေပီဆရာပေါ့..သူတို့ ကတော့ ၀င်းဒိုးပြန်တင်လိုက်တာပါပဲ
Data တွေ အရေးမကြီးဘူးဆိုရင် Partation အားလုံဖြက်ပီး အကုန်ဖော့မက်
ချမှသာ စိတ်ချရမှာပါ..နောက်ထွက်တဲ့ မကွေးက အရင်ထက်အဆင့်မြင့်လာလို့ 
အတော်ပြဿနာ၇ှာပါတယ်တဲ့..လုပ်နည်းအသေးစိတ်ကို ဒီနေရာမှာ သွားဖတ်
လိုက် .ဆော့ဝဲနဲ့  ရှင်းရင်လည်းမြန်ပါတယ် ပိတ်ထားတဲ့ Option တွေအတွက်
လည်း Enable ပေးလို့ ရတဲ့ ဆော့ဝဲတွေလည်းပေါ်နေပီဆိုတော့ .အေးဆေး
ကလေးမွေးလို့ ရပါပီ....ကဲ ဆောင်ထားချင်ဆွဲ.......။
ဒီလင့်မှာ Download ယူပါ Mgway Virus Cleaner
Thursday, November 10, 2011
ငါ့ဘ၀နဲ့ သူငယ်ချင်း
အလွမ်းသီချင်းတွေနဲ့  လမ်းဘေးထိုင်ပီး သီချင်းဆိုဖို့ လဲမရှိတော့ဘူး
ငါဟာ အရွယ်ရောက်လာပီ........
ငါ့သူငယ်ချင်းတစ်ယောက် မတောက်တခေါက်နဲ့ 
၁၈ နှစ်လောက်မှာ အိမ်ထောင်ကျသွား
သူအရမ်းပျော်နေမိလေသလား....
အိမ်ထောင်သက် ၆နှစ်ထက်ကျော်
အမျှော်အမြင်မရှိ သူယူမိလေပြီတဲ့ ....(နောင်တစကား).
why???? လို့ မေးတော့............
မရိုင်းမယဉ် နှိုင်းယှဉ်ဖြေလိုက်တာက
ရင်သေွးရလို့  အဖေဖြစ်
အခြေမနှစ်မရှိတော့မျက်နှာငယ်
ရှက်စရာလူ့ အလယ်မှာ သူသားကိုကျောင်းထား
ခေါင်းစားရပါလားတဲ့ .......
ကျန်းမာရေးက မကောင်း
ဘယ်သူဆီမှလက်ဖြန့် တောင်းလို့ မရဘူးတဲ့.............
သားအတွက် ခဲတံနဲ့ စာအုပ် အလုပ်လုပ်လို့ သူဝယ်
သူတကယ်(သူငယ်ချင်း)မလွယ်ဘူးတဲ့။
ကြိုးစားလို့ လှုပ်ရှား တစ်နေ့ လုပ်မှတစ်နေ့ စား
သူ့ မယားကညိုငြင် သူ့ ရင်ခွင်ဟာလောင်ကျွမ်းခဲ့ ပြီ။
ရှေ့ ရေးကိုမျှော်မတွေး ခဏလေးအတွက်သာယာ
ဘာဆိုဘာမှ အစီအစဉ်ချမထား သူ့ သားအတွက်ဘယ်ရင်အေးရမလဲ......
မပြည့်စုံပဲနဲ့ မိန်းမယူ ငါ့သူငယ်ချင်းနည်းတူ
မင်းတို့ မဖြစ်ဖို့  ကြိုးစားလို့ အားထုတ်
ငွေသိန်းရာထုပ်ကို မိဘတစ်ဝက် ကိုယ်တစ်ဝက်နဲ့ 
ရှာဖွေကြိုးစား စီးပွားရမှ မင်းနဲ့ ငါ လက်ထပ်မယ်ချစ်သူ။
ငါ့သူငယ်ချင်းလို အချစ်ကိုရှေ့ တန်းတင်
အများအမြင်မှာတော့ အချစ်သူရဲကောင်း
စာဗူးတောင်းငှက်လောက်မှ တင့်တယ်အောင် အိမ်မဆောက်နိုင်ရင်
မင်းလဲ ငါ့ရင်ခွင်ထဲ ခိုဝင်ဖို့  ခွင့်မပြုနိုင်သေးဘူးချစ်သူ....
မိဘကိုဦးထိပ်မှာထား ချစ်သူကိုနှလုံးသားမှာထား
အလုပ်များစွာနဲ့  ကိုယ့်ဘ၀ကို ၂နှစ်လောက်တော့သည်းခံ ပီးစောင့်ပေးဦးနော်
ကြိုးစားလိုက်ဦးမယ်......................................။
Labels:
စွယ်စုံကဗျာ,
သိုက်ကြီး( က.ပ.တ )၏ကဗျာများ
Tuesday, November 8, 2011
အောင်မှူးဝေ( ၂ )
အမေ့ရဲ့မေတ္တာတရားတစ်ခုပဲ
လိပ်စာအပြည့်အစုံနဲ့ရောက်ရှိလာ
အမေ့လောက်ဘယ်သူမှ
ကျွန်တော့်ကိုနားမလည်ပါဘူးအမေ
ကျွန်တော့်ကိုယ်ကျွန်တော်လည်းနားမလည်ဘူး။
ကျွန်တော့်လမ်းမှာယမ်းငွေ့တွေကဝေနေတုန်းအမေ
နှလုံးသားထဲမှာအပြုံးအိမ်လေးတွေဆောက်နေတုန်း
ကျွန်တော်ကမိုးရေစက်တွေလို
ကောင်းကင်ပေါ်ကပြေးဆင်းခဲ့
တစ်မနက်ခင်းစာ
မွှေးပျံ့လန်းဆန်းမှုတွေနဲ့
တစ်စုံတစ်ယောက်ဆီမှာ
မရနိုင်တာတွေကိုတောင်းယူခဲ့
အမေ့တစ်သက်နာကျင်စရာစာမျက်နှာပေါ်က
ပြာပုံတိုးတိုးနေတဲ့အက္ခရာဟာကျွန်တော်ပေါ့
မြို့ကလေးရဲ့အုပ်စုထဲကအစောဆုံးခွဲထွက်ခဲ့တဲ့
ဒဏ်ရာရသင်းကွဲ
လရောင်ငတ်နေတဲ့ည
ရေမဲ့စမ်းချောင်းအကောလေး
တောရေးတောင်ရေးကဗျာဆရာ
ရည်းစားခြောက်ယောက်နဲ့ကွဲပြီးနောက်
နှလုံးအားတိုးဆေးတွေနဲ့လက်ထပ်ထားတဲ့ကောင်
နှလုံးသားရေးရာက
ပွဲမပြီးမီးမသေပါပဲအမေ။ ။
အောင်မှူးဝေ
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
မကြည့် ဖြစ်ဘူးသေးရင်တော့ ကြည့်ဖြစ်အောင် ကြည့်စေချင်တယ်နော်
ဒီကားလေးက ဟာသရောပညာပေးရော ရသမြောက်လွန်းလို့  အတော်လေး
သဘောကျတယ်ဗျာ မကြည့်ရသေးသူရှိပါက ကြည့်လို့ ရအောင် တင်ပေးတာ
အွန်လိုင်းမှာ ကြည့်ဖို့ ကတော့ လင့်တွေ ရှာတင်ပေးလိုက်ပါတယ်နော ဇာတ်
လမ်းက အတော်လေးရီ ရပီး ယောက်ျားတွေရဲ့ အကယ်ဒမီရှော့ အပြောအဆို
ဟန်ချက်လေးတွေ နဲ့  အလွန်ရသမြောက်တဲ့ အလန်းဇယား ဇာတ်ကားလေး
တစ်ခုဖြစ်ဖန်တီးထားပီး ဟာသရသ အလွန်မြောက်ပါကြောင်း.....................။
ဇာတ်လမ်းအကျဉ်းချုပ်လေးဖတ်ရန်... http://www.myanmartraining.com/
ဇာတ်ကားကြည့်ရန်လင့်များ .............................................
http://www.freemyanmarvcd.org/PlayMovie/11894/1/d
http://www.apytzmedia.com/movie-main/card/89-.html
http://www.minthamee.com/?itemnumber=DVD6900-01
Labels:
စွယ်စုံဟာသ
Monday, November 7, 2011
ကျွန်ုပ်တို့ များပါနေရောလား.........
ကျွန်ုပ်ဒို့ တတွေ......
ကိုးကွယ်ကြတာက ဗုဒ္မွဘာသာ.....
တွေ့ ကြုံနေရတာက ဒုက္ခတွေပါ...
အဆုံးမတွေက ၅ပါး မှသည် ၁၀ ပါး
ဗီဇတွေက အရက်သမားနဲ့  သားမယားပြစ်မှား
ဘုရား....... ဘုရား ဒီထဲ.............
ကျွန်ုပ်တို့ များပါနေရောလား........................................။
ဒီလူမျိုးဆင်းရဲတာ ဘာဆန်းလဲ.....
ဒီတွင်းထဲကလွတ်မှ မလွတ်နိုင်ပဲကိုး..
ဥပုသ် ရက်ကိုရှုပ် တယ် အမှတ်နဲ့  ခေါင်းထဲကထုတ်
လူမျိုးတွေလဲ ယုတ်လာလေပြီ.......
ဘု၇ား ဘု၇ား ဒီထဲ.......
ကျွန်ုပ်တို့ များပါနေရောလား.........................................။
သူတပါးရှာဖွေထား ဥစ္စာ စီးပွား
လိမ်လို့ ညာစား ထိုလူများက.....
တန်ရာတန်ကြေး ယူလို့ ဝမ်းရေးလုပ်တဲ့
ပြည့်တန်ဆာမ အယုတ်ထက် အဆင့်နုတ် တဲ့ 
လူလိမ်ညာ စာရင်းမှာ....
ကျွန်ုပ်တို့ များပါနေရောလား........................................။
`“ မိဘကျေးဇူးဆပ်ဖူး ချင်တယ်`“ တဲ့ ...
သီချင်းလေးတော့ ဆိုလို့ ကောင်း..
ညိုမောင်းတဲ့ ၀ိုင် အရက်လောက်မှ တန်ဖိုးထားကြသေးရဲ့လား
ကျေးဇူးကို သီချင်းနဲ့ ဆပ်.....
မိခင်နိုးဖိုးပြတ်မှ
အမျိုးမြတ်လို့  ထင်နေကြတာ ဗမာ(မြန်မာ) လူမျိုးတဲ့
ဘုရား..ဘုရား...ဒီထဲ.......ကျွန်ုပ်တို့ များပါနေရောလား...............။.
သီလစောင့်တာ ဗုဒ္မွဘာသာ.....
မိဘကျေးဇူးဆပ်တာ သာ/သ္မီး ရတနာပါ......
ကျွန်ုပ်တို့  ဒီလိုဖြစ်ဖို့ ကြိုးစားကြစို့ လား....
ဒီတိုင်ကြိုးစားသွား......
နတ်၊ သိကြားတွေက ဦးခိုက်ရမဲ့ စာရင်းမှာ
ကျွန်ုပ်တို့  မပါဘူးလို့  ပြောနိုင်မလား....
ဒီလို ဖြစ်ဖို့ ကြိုးစားကြစို့ လား....(မသေခင်) .................................။
Labels:
စွယ်စုံကဗျာ,
သိုက်ကြီး( က.ပ.တ )၏ကဗျာများ
ရန်ကုန် ၂
ကြပ်တည်းမှုတွေကလည်း မကြပ်တည်းတော့သလိုမျိုးနဲ့
ခေတ်ကိုဖြည်ချရတာမောတယ် ပြုံးလိုက်မဲ့လိုက်
ကားတွေကိုဆီဖြည့်သလို လူတွေထဲစိတ်တွေထပ်ဖြည့်ရ
စားလိုစိတ် သွားလိုစိတ် ၀ါးလိုစိတ် ရေးသားလိုစိတ်...စသဖြင့်တွေ..။
လမ်းပေါ်တက်လိုက်တာနဲ့အပူထုပ်ကဖုတ်ခနဲပြုတ်ကျလာ
ခေတ်ကိုဖြည်ချရတာမောတယ် ပြုံးလိုက်မဲ့လိုက်
ကားတွေကိုဆီဖြည့်သလို လူတွေထဲစိတ်တွေထပ်ဖြည့်ရ
စားလိုစိတ် သွားလိုစိတ် ၀ါးလိုစိတ် ရေးသားလိုစိတ်...စသဖြင့်တွေ..။
လမ်းပေါ်တက်လိုက်တာနဲ့အပူထုပ်ကဖုတ်ခနဲပြုတ်ကျလာ
နွေနေပူမှာဖြတ်ကျော်လာဖူးမှ... ခပ်တည်တည်ညည်းဆိုလိုက်
မနက်တိုင်းကြက်သားသည်နဲ့နေ့စွဲချင်းမီးကူး လိုက်ဖို့
ဆောင်းခါကြီးခွပူနေတာတော့လွန်လွ န်းတယ်
အပြစ်တွေအမှိုက်ပုံသလိုပုံချဖို့ 
ဈေးကောက်နဲ့စိတ်ကောက်ပြီး အရောင်းအ၀ယ်ဖြောင့်ဖို့
အခင်းအကျင်းကအစပူပူလောင်လောင်ရပ်ကွက်ဈေးလေးထဲ
ငါ့ဝယ်လိုအားကိုပစ်ထည့်လိုက်ရတာ
နင်ပဲငဆရစ်သမ်နဲ့စပယ်ယာတွေပါး စပ်ထဲ
ငါ့ဘ၀ကိုထိုးအပ်လိုက်ရတာ
တစ်နေ့မိနစ်ကိုးဆယ်ပုံမှန်
(နေရာတကာ)
ခုန်ပျံနေပါလား..ရန်ကုန်မြိြု့ ကီးမင်းခင်ဗျာ
စုန်ဆန်စရာမြစ်တစ်စင်းလည်းကောခဲ့ ပြီ
သစ်တောတွေက
အခုမှမူကြိုမှာ........။ ။
အောင်မှူးဝေ
Labels:
စွယ်စုံကဗျာ
Sunday, November 6, 2011
ကမ်းလင့်ခြင်းရဲ့ နောက်ဆုံးနေ့ စွဲ
ရင်ဘတ်ထဲဖိတ်ကျခဲ့တဲ့ စကားလုံးတစ်ချို့ ကြောင့်
ခံစားချက်မြစ်ပြင်တွေမှာ ဒေါင်လိုက်ကူးနေခဲ့ရတယ်
မျှော်လင့်ချက်ဆိုတာ အသံကြားရာငေးကြည့်ရတဲ့
အခန်းငယ်တစ်ခုဖြစ်နေခဲ့တယ်.......
အရောင်တောက်ဖို့ ထက်
အရောင်မပျောက်ဖို့ လိုအပ်နေတဲ့ခံစားချက်တွေ
အစိမ်းရောင်နေ့ စွဲတချို့  ခြစားနေမှာပဲကြောက်တာ.....
မညီမျှခြင်းတွေစစ်ထိုးတိုင်းမှာ ကျကွဲသွားတဲ့
ရင်ခုန်သံအသံလှိုင်းတွေကြောင့် ခမ်းခြောက်အငွေ့ ပျံမယ့်
မြတ်နိုးခြင်းတွေကို အမိရဆုတ်ကိုင်နေရတယ်......
ခံစားမှုကိုစွဲလမ်းခြင်းစေမဲ့ မမျှော်လင့်ခြင်းတွေ
သုံးစွဲတတ်လာအောင် မလုပ်ခဲ့ဘူး
အစအဆုံးမှနှစ်လုံးတည်းရပ်တည်နေတဲ့
“အချစ်”ဆိုတဲ့အရာအပေါ်ကိုတော့
ရင်ထဲကအဓိကရုဏ်းကို မရှိသုံးမထိန်းချုပ်လိုက်ပါနဲ့ .....
ပန်းတစ်ပွင့်ကြောင့် တစ်ပင်လုံးရင်နှီးပေးရမယ်ဆိုလည်း
မငြင်းဆန်ပဲတင်းခံပေးနိုင်တယ်
ခံစားချက်နဲ့ ဘဝတစ်လုံးကိုလိမ်းခြယ်ခြင်းဆိုတာ
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်နေခဲ့တော့
ဆုံမှတ်ကြောင့် ဂုဏ်ဒြပ်တွေတွေကိုစွန့် လွှတ်နိုင်ဖို့ 
မလွဲမသေခေါင်းစဉ်တစ်ခု
မင်းအတွက်တော့အကြီးမားဆုံးလိုအပ်လာခဲ့ရင်တော့…..
ငါ့ကိုသာကျောခိုင်းလိုက်ပါ။ ။
လေလွင့်လူ(ကမာမြေ)
Labels:
စွယ်စုံကဗျာ,
လေလွင့်လူ၏ ကဗျာများ
မုန်းလို့ ရပီ
အနေဝေးတော့
ကလေးအမေတွေတောင်သွေးအေးကြသတဲ့ 
နင်သွေးအေးသွားတာလည်း မထူးဆန်းတော့ပါဘူး
ယုံလို့ မရတဲ့ သူတွေထဲ နင်ကအရှေ့ ဆုံးကဆိုတာငါအစကမသိခဲ့ ဘူး
ငါကလည်းတကယ်ကိုအကန်းကောင် နင်ပြောတာအကုန်ယုံခဲ့ တယ်.........။
ချစ်တယ်ဆိုတဲ့  ရထဲကမပါတဲ့ 
စကားလုံးတွေနဲ့ နင်နုတ်ဖျားကအကြိမ်၁၀၀ မကပြောခဲ့ တယ်
ငါနင့်ကို ချစ်တယ်လို့ တခွန်းပဲပြောခဲ့ ဖူးတယ်
တသက်လုံးအတွက် အဲဒီတခွန်းတည်းနဲ ပဲနင့်ကိုငါချစ်ပြခဲ့ တယ်...............။
လွမ်းလို့ မျက်ရည်ကျတာတောင်
ယောင်္ကျားမပီဘူး ပြောချင်ပြောလေ
နင်အသည်းမာပေမယ့် ငါ့အသည်းမမာနိုင်ဘူး
အသုံးမကျတဲ့ ငါ့နှလုံးသားက
နင်တယောက်တည်းကိုမှချစ်မိတယ်
ကလေးအမေတွေတောင်သွေးအေးကြသတဲ့ 
နင်သွေးအေးသွားတာလည်း မထူးဆန်းတော့ပါဘူး
ယုံလို့ မရတဲ့ သူတွေထဲ နင်ကအရှေ့ ဆုံးကဆိုတာငါအစကမသိခဲ့ ဘူး
ငါကလည်းတကယ်ကိုအကန်းကောင် နင်ပြောတာအကုန်ယုံခဲ့ တယ်.........။
ချစ်တယ်ဆိုတဲ့  ရထဲကမပါတဲ့ 
စကားလုံးတွေနဲ့ နင်နုတ်ဖျားကအကြိမ်၁၀၀ မကပြောခဲ့ တယ်
ငါနင့်ကို ချစ်တယ်လို့ တခွန်းပဲပြောခဲ့ ဖူးတယ်
တသက်လုံးအတွက် အဲဒီတခွန်းတည်းနဲ ပဲနင့်ကိုငါချစ်ပြခဲ့ တယ်...............။
လွမ်းလို့ မျက်ရည်ကျတာတောင်
ယောင်္ကျားမပီဘူး ပြောချင်ပြောလေ
နင်အသည်းမာပေမယ့် ငါ့အသည်းမမာနိုင်ဘူး
အသုံးမကျတဲ့ ငါ့နှလုံးသားက
နင်တယောက်တည်းကိုမှချစ်မိတယ်
နှလုံးသားမလှတဲ့  နင့်ကို ငါအရှုံးပေးပြီးချစ်ခဲ့ တယ်
နင်ငါ့လိုမခံစားရပါစေနဲ့  နေမြင့်လေအရူးရင်လေ လည်း မဖြစ်ပါစေနဲ့ 
ဒီကဗျာကို နင်ဖတ်ပြီးရင်တော့ ငါ့ကိုမုန်းလို့ ရပြီ.................။
နင်ငါ့လိုမခံစားရပါစေနဲ့  နေမြင့်လေအရူးရင်လေ လည်း မဖြစ်ပါစေနဲ့ 
ဒီကဗျာကို နင်ဖတ်ပြီးရင်တော့ ငါ့ကိုမုန်းလို့ ရပြီ.................။
ဖိုးခွားလေ(ကော့မှုး)
Labels:
စွယ်စုံကဗျာ
Saturday, November 5, 2011
ကျွန်တော်ချစ်သော မေမေသို့......
ဖြူစင်တဲ့ နှလုံးသားက
ကြင်နာမှု အပြုံးများကို ပေးတယ်.........။
မိသားစု ကောင်းစားဘို့ အရေး
သူ့ဘဝကို စတေးရင်း
မြင့်မြတ်တဲ့ ချစ်ခြင်းတွေကို ပေးတယ်............။
လောကဒဏ် မုန်တိုင်းတွေ ကြား
လဲကျ မသွားတဲ့ စိတ်ထားနဲ့
ပစ်တိုင်းထောင် လူသားဟာ မေမေ.............။
ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းတွေကြား
ဂရုဏာ တရားကို ရှေ့မှာထားရင်း
မေမေဟာ လမ်းပြအလင်းတွေကို ပေးတယ်............။
ဆုတောင်းမိပါတယ် မေမေ....
မေမေ ရှိနေစဉ် ကာလအတွင်း
မေမေ ပေးချင်တဲ့ အလင်းနဲ့
ကျွန်တော်တို့ အတူ အသက်ရှင် ခြင်းတွေ ရချင်တယ်......။
ညီညီ(မြန်အောင်)
Labels:
စွယ်စုံကဗျာ,
ညီညီ(မြန်အောင်)၏ကဗျာများ
ရန်ကုန်
ရန်ကုန်.................
ဘာတံဆိပ်ကပ်ကပ် အလွမ်းကတော့အသစ်ပဲ
လူတွေဆိုတာ
သားဖွားခန်းက၀င်လာပြီး
မီးခိုးခေါင်းတိုင်ကနေပြန်ထွက်သွားကြတယ်
လောကကြီးနဲ့ဆက်ဆံရေးကအဲသလို။
ရုပ်ရှင်ရုံတွေအရှေ့မှာ
မှောင်ခိုလက်မှတ်ဝယ်ပြီးမှ
စွန့်စွန့်စားစားချစ်ရာရောက်တဲ့ မြို့
ကောင်မလေးတွေလည်း
အပေါ်နှုတ်ခမ်းချိုပြီး
အောက်နှုတ်ခမ်းခါးတယ်။
ဒီမြို့မှာ
ချွေးထုတ်ခန်းတွေမလိုဘူး
အိမ်လခအကြောင်းလက်တို့ပြောကြရုံ နဲ့
ချွေးပြန်တယ်
လမ်းဘေးဈေးသည်တွေရဲ့နာရီမေးသံ မှာ
တစ်နေ့စာဝမ်းရေးဟာ
ကားနံပတ်လိုအသေရေးပြီးသား။
ဘယ်လိုယဉ်ကျေးမှုနဲ့ဖြစ်ဖြစ်
ငါ့ကိုပြန်ချစ်ပါလင်းလင်းရယ်
ဒီမြို့မှာလိုနေတဲ့
ဆောင်းရာသီနဲ့ညည်းကိုတင်တောင်း မယ်။
နာဇီအကျဉ်းစခန်းထဲက
ဂျစ်ပစီမလေးတွေ
ဗီတာမင်(စီ)လိုအပ်သလို
ညည်းလည်းငါ့ကိုလိုအပ်တယ်
ကမ္ဘာကြီးထဲမှာငါ့အတွက်
ရသင့်တဲ့အောက်စီဂျင်ဝေစုလို
ငါကလည်းညည်းကိုလိုအပ်တယ်
ဒီမြို့မှာ....။ ။
3.11.2011
ဘာတံဆိပ်ကပ်ကပ် အလွမ်းကတော့အသစ်ပဲ
လူတွေဆိုတာ
သားဖွားခန်းက၀င်လာပြီး
မီးခိုးခေါင်းတိုင်ကနေပြန်ထွက်သွားကြတယ်
လောကကြီးနဲ့ဆက်ဆံရေးကအဲသလို။
ရုပ်ရှင်ရုံတွေအရှေ့မှာ
မှောင်ခိုလက်မှတ်ဝယ်ပြီးမှ
စွန့်စွန့်စားစားချစ်ရာရောက်တဲ့
ကောင်မလေးတွေလည်း
အပေါ်နှုတ်ခမ်းချိုပြီး
အောက်နှုတ်ခမ်းခါးတယ်။
ဒီမြို့မှာ
ချွေးထုတ်ခန်းတွေမလိုဘူး
အိမ်လခအကြောင်းလက်တို့ပြောကြရုံ
ချွေးပြန်တယ်
လမ်းဘေးဈေးသည်တွေရဲ့နာရီမေးသံ
တစ်နေ့စာဝမ်းရေးဟာ
ကားနံပတ်လိုအသေရေးပြီးသား။
ဘယ်လိုယဉ်ကျေးမှုနဲ့ဖြစ်ဖြစ်
ငါ့ကိုပြန်ချစ်ပါလင်းလင်းရယ်
ဒီမြို့မှာလိုနေတဲ့
ဆောင်းရာသီနဲ့ညည်းကိုတင်တောင်း
နာဇီအကျဉ်းစခန်းထဲက
ဂျစ်ပစီမလေးတွေ
ဗီတာမင်(စီ)လိုအပ်သလို
ညည်းလည်းငါ့ကိုလိုအပ်တယ်
ကမ္ဘာကြီးထဲမှာငါ့အတွက်
ရသင့်တဲ့အောက်စီဂျင်ဝေစုလို
ငါကလည်းညည်းကိုလိုအပ်တယ်
ဒီမြို့မှာ....။ ။
အောင်မှူးဝေ
3.11.2011
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
လက်သီးဆုပ်ထားတဲ့ ကဗျာ
နှင်းကေသရီ..
ငါတို့က ငါတို့ကိုယ်တိုင်မြစ်တစ်စင်းဖြစ်လို့
ငါတို့ဘ၀ကမ်းပါးတွေကိုတိုက်စားပစ်နေသလား
ငါတို့က ငါတို့ကိုယ်တိုင်မြစ်တစ်စင်းဖြစ်လို့
ငါတို့ဘ၀ကမ်းပါးတွေကိုတိုက်စားပစ်နေသလား
ငါတို့ကံကောင်းခြင်းလေးတွေ
မြစ်ကျိုးအင်းလိုတိမ်ကောသွားခဲ့ ရ၊
နှင်းဆီတွေ နှင်းဆီနဲ့မတူတော့တဲ့ခေတ်ထဲ
စံပါယ်တွေလည်း စံပါယ်လိုမဖြူတော့ဘူးပေါ့။
မြစ်ကျိုးအင်းလိုတိမ်ကောသွားခဲ့
နှင်းဆီတွေ နှင်းဆီနဲ့မတူတော့တဲ့ခေတ်ထဲ
စံပါယ်တွေလည်း စံပါယ်လိုမဖြူတော့ဘူးပေါ့။
နှင်းကေသရီ...
ငါတို့တွေကဖြောင့်မတ်ပြီး
လမ်းတွေကပဲကွေ့ကောက်နေတာလား
လမ်းလေးတွေကဖြောင့်တန်းပြီး
ငါတို့ကပဲကောက်ကွေ့နေတာလား
ငါးမျှားချိတ်လိုဝါကျတွေ
မနက်ခင်းကိုဖောက်ဆွဲလို့
ငါတို့စကားလုံးတိုင်း ဒဏ်ရာတွေအပြည့်။
ငါတို့တွေကဖြောင့်မတ်ပြီး
လမ်းတွေကပဲကွေ့ကောက်နေတာလား
လမ်းလေးတွေကဖြောင့်တန်းပြီး
ငါတို့ကပဲကောက်ကွေ့နေတာလား
ငါးမျှားချိတ်လိုဝါကျတွေ
မနက်ခင်းကိုဖောက်ဆွဲလို့
ငါတို့စကားလုံးတိုင်း ဒဏ်ရာတွေအပြည့်။
နှင်းကေသရီ....
ငါတို့အိမ်ရှေ့မှာလမ်းကလေး
လမ်းကလေးရှေ့မှာ
မီးခိုးတိတ်အနာဂတ်နဲ့
အရောင်ငတ်နေတဲ့ ပန်းချီကားတစ်ချပ်
အဲဒီအိမ်ကလင်မယားထထသတ်တာ
ရပ်ကွက်လေးရဲ့
တစ်ပုဒ်တည်းသော သီချင်း
မင်းလည်းကြားနေရတာပဲ
ငါတို့ ဘာမှမတတ်နိုင်ဘူး။
ငါတို့အိမ်ရှေ့မှာလမ်းကလေး
လမ်းကလေးရှေ့မှာ
မီးခိုးတိတ်အနာဂတ်နဲ့
အရောင်ငတ်နေတဲ့ ပန်းချီကားတစ်ချပ်
အဲဒီအိမ်ကလင်မယားထထသတ်တာ
ရပ်ကွက်လေးရဲ့
တစ်ပုဒ်တည်းသော သီချင်း
မင်းလည်းကြားနေရတာပဲ
ငါတို့ ဘာမှမတတ်နိုင်ဘူး။
နှင်းကေသရီ..
နားလည်ရခက်တဲ့ လူတွေကြားထဲ
နားလည်လွန်းအားကြီးနေမိတာကပဲ
ငါတို့မှားခဲ့ကြတာလား
နားလည်ခြင်းကိုတောင်မှ
နားမလည်မိတဲ့အဖြစ်
အပြုံးတွေအောက်မှာ
မြွေဟောက်တွေကခုန်နေတာ
မင်းမသိသလို
ငါလည်းမသိခဲ့..။
ငါတို့ကြည့်ခဲ့သမျှမှန်တွေထဲ
ငါတို့ အတ္တဟာ ချောမောစွာ
ငါတို့မာနလည်းတောက်ပစွာ
ငါတို့သည်းခံခြင်းကတော့
ခုထိသနပ်ခါးလိမ်းလို့မပြီးသေး
ငါတို့ရုပ်ဓာတ်ထဲကအနုပညာမှာ
ဆူးသားတွေချွန်မြလို့..။
နားလည်ရခက်တဲ့ လူတွေကြားထဲ
နားလည်လွန်းအားကြီးနေမိတာကပဲ
ငါတို့မှားခဲ့ကြတာလား
နားလည်ခြင်းကိုတောင်မှ
နားမလည်မိတဲ့အဖြစ်
အပြုံးတွေအောက်မှာ
မြွေဟောက်တွေကခုန်နေတာ
မင်းမသိသလို
ငါလည်းမသိခဲ့..။
ငါတို့ကြည့်ခဲ့သမျှမှန်တွေထဲ
ငါတို့ အတ္တဟာ ချောမောစွာ
ငါတို့မာနလည်းတောက်ပစွာ
ငါတို့သည်းခံခြင်းကတော့
ခုထိသနပ်ခါးလိမ်းလို့မပြီးသေး
ငါတို့ရုပ်ဓာတ်ထဲကအနုပညာမှာ
ဆူးသားတွေချွန်မြလို့..။
နှင်းကေသရီ.....
မင်းအသက်ရှူသံတွေက
ပန်းချီကားထဲမှာ
ငါ့အသက်ရှူသံက
အက္ခရာတွေထဲမှာ
မင်းစကားပြောတဲ့အခါ
အရောင်များများမသုံးမိစေနဲ့
ငါစကားပြောတဲ့အခါလည်း
အက္ခရာများများမသုံးဘူး
ငါတို့ လက်တွဲရှင်သန်ဖို့
ချွေတာရေးကာလဟာရှည်လျားလွန်း။
တစ်လောကလုံးချမ်းသာနေချိန်
ငါတို့ချည်းပဲဆင်းရဲနေရတာလည်း
ဆင်းရဲမှုတစ်မျိုးပဲ။
ပိုက်ဆံတစ်ခုတည်းချမ်းသာရတော့ လည်း
ပျင်းစရာကောင်းတယ်။
မင်းအသက်ရှူသံတွေက
ပန်းချီကားထဲမှာ
ငါ့အသက်ရှူသံက
အက္ခရာတွေထဲမှာ
မင်းစကားပြောတဲ့အခါ
အရောင်များများမသုံးမိစေနဲ့
ငါစကားပြောတဲ့အခါလည်း
အက္ခရာများများမသုံးဘူး
ငါတို့ လက်တွဲရှင်သန်ဖို့
ချွေတာရေးကာလဟာရှည်လျားလွန်း။
တစ်လောကလုံးချမ်းသာနေချိန်
ငါတို့ချည်းပဲဆင်းရဲနေရတာလည်း
ဆင်းရဲမှုတစ်မျိုးပဲ။
ပိုက်ဆံတစ်ခုတည်းချမ်းသာရတော့
ပျင်းစရာကောင်းတယ်။
နှင်းကေသရီ....
မင်းအလွမ်းဟာအရေခွံလဲသင့်ပြီ
မင်းချစ်သူလည်းငါ့ချစ်သူလို
သစ္စာမဲ့တေးသွားနဲ့ပွင့်တဲ့ပန်း ကိုမှပန်ချင်တယ်
နှလုံးသားထဲကအမုန်းလွင့်လွင့်ေ ဆာင်းရာသီမှာနှင်းဟာ
ခါးသက်သက်ကြွေဆင်းအေးမြ
ငါတို့အတွက်ဘာမှအသုံးမကျတော့ဘူး။
အသွေးအသား
ဈေးကစားလိုတဲ့မိန်းမအဖြစ်
မင်းသမိုင်းဟာခရေလိုကြွေကျခဲ့
ငါလည်းဓားသွားရင်ခွင်ပေါ်မှောက်လျက်လဲ ခဲ့တာပါပဲ
ရင်ကွဲရနံ့ကညမွှေးပန်းလိုသင်းတယ် ။
မင်းအလွမ်းဟာအရေခွံလဲသင့်ပြီ
မင်းချစ်သူလည်းငါ့ချစ်သူလို
သစ္စာမဲ့တေးသွားနဲ့ပွင့်တဲ့ပန်း
နှလုံးသားထဲကအမုန်းလွင့်လွင့်ေ
ခါးသက်သက်ကြွေဆင်းအေးမြ
ငါတို့အတွက်ဘာမှအသုံးမကျတော့ဘူး။
အသွေးအသား
ဈေးကစားလိုတဲ့မိန်းမအဖြစ်
မင်းသမိုင်းဟာခရေလိုကြွေကျခဲ့
ငါလည်းဓားသွားရင်ခွင်ပေါ်မှောက်လျက်လဲ
ရင်ကွဲရနံ့ကညမွှေးပန်းလိုသင်းတယ်
နှင်းကေသရီ.
ငါတို့နေထွက်ချိန်တွေဟာ
နေ၀င်ချိန်ထက်ပိုမိုချိုမြဖို့
ငါတို့မွေးဖွားခဲ့ကြတယ်။
ငါတို့မှာ..
ပွဲပြီးပေမယ့်မီးမသေနိုင်တဲ့
ခံစားချက်တွေရှိတယ်။
လက်ဆပြင်းရင်ပြင်းသလောက်
အညိုအမည်းတွေဗွက်ပေါက်သွားနိုင် တဲ့
တစ်ခါသုံးလောကဓံတရားတွေရှိတယ်။
ဓားအိမ်ထဲဓားတစ်ချောင်းဝင်သွား သလို
ငါတို့အိမ်ပြန်ချိန်တွေရှိသေး တယ်
ငါတို့နေထွက်ချိန်တွေဟာ
နေ၀င်ချိန်ထက်ပိုမိုချိုမြဖို့
ငါတို့မွေးဖွားခဲ့ကြတယ်။
ငါတို့မှာ..
ပွဲပြီးပေမယ့်မီးမသေနိုင်တဲ့
ခံစားချက်တွေရှိတယ်။
လက်ဆပြင်းရင်ပြင်းသလောက်
အညိုအမည်းတွေဗွက်ပေါက်သွားနိုင်
တစ်ခါသုံးလောကဓံတရားတွေရှိတယ်။
ဓားအိမ်ထဲဓားတစ်ချောင်းဝင်သွား
ငါတို့အိမ်ပြန်ချိန်တွေရှိသေး
နှင်းကေသရီ..
ငါတို့နဲ့မျက်နှာချင်းဆိုင်
ပွဲလမ်းသဘင်တွေရဲ့အဆုံးမှာ
ငိုသံ..........
ရယ်သံ...........
ဖိနပ်ပျောက်သံ...
တပ်ခေါက်သံတွေစိုလူး
မနက်ဖြန်ဆိုတာတောင်
အဖူးလေးစဖူးနေပြန်ပေါ့
တစ်ညလုံး
မင်းသမီးနှုတ်ဖျားတိုက်ပွဲကျသွားတဲ့သီချင်းလည်း
သူ့နိဒါန်းသူထမ်းပြန်သွားပြီ။
ညက
ရယ်ရတဲ့လူပြက်တွေလည်း
ငိုဆေးတစ်ဖုံသဖွယ်ညကြေးနဲ့
ရယ်လို့။
သူတို့ရဲ့အကောင်းစားပြက်လုံးတွေ ဟာ
ဒေသထွက်အရက်ပုလင်းထဲမှာ
မူးနေ။
နှင်းကေသရီ..
ငါတို့ရဲ့ဒုတိယတိမ်စဉ်တံတားအတွ က်
လက်သီးဆုပ်ထားသူငယ်ချင်း
အိပ်ဇိုးဒပ်ဝတ္ထုထဲက
ကစ်တီဖရီးမွန့်လို
ဂျော်ဒါးနားတို့လို
နေရောင်ခြည်အသစ်အသစ်တွေအတွက်
လက်သီးဆုပ်ထားသူငယ်ချင်း။
ငါတို့ဘ၀တွေက
မင်းသမီမအေဇာတ်ဆရာကိုရန်ထောင် သလို
၂၄နာရီ ပွဲသိမ်းဆိုတော့
ကိုယ့်အိပ်ရာကိုယ်ခေါက်
ကိုယ့်လိပ်ပြာကိုယ်ကြောက်နေရတယ် ။
ငါတို့နဲ့မျက်နှာချင်းဆိုင်
ပွဲလမ်းသဘင်တွေရဲ့အဆုံးမှာ
ငိုသံ..........
ရယ်သံ...........
ဖိနပ်ပျောက်သံ...
တပ်ခေါက်သံတွေစိုလူး
မနက်ဖြန်ဆိုတာတောင်
အဖူးလေးစဖူးနေပြန်ပေါ့
တစ်ညလုံး
မင်းသမီးနှုတ်ဖျားတိုက်ပွဲကျသွာ
သူ့နိဒါန်းသူထမ်းပြန်သွားပြီ။
ညက
ရယ်ရတဲ့လူပြက်တွေလည်း
ငိုဆေးတစ်ဖုံသဖွယ်ညကြေးနဲ့
ရယ်လို့။
သူတို့ရဲ့အကောင်းစားပြက်လုံးတွေ
ဒေသထွက်အရက်ပုလင်းထဲမှာ
မူးနေ။
နှင်းကေသရီ..
ငါတို့ရဲ့ဒုတိယတိမ်စဉ်တံတားအတွ
လက်သီးဆုပ်ထားသူငယ်ချင်း
အိပ်ဇိုးဒပ်ဝတ္ထုထဲက
ကစ်တီဖရီးမွန့်လို
ဂျော်ဒါးနားတို့လို
နေရောင်ခြည်အသစ်အသစ်တွေအတွက်
လက်သီးဆုပ်ထားသူငယ်ချင်း။
ငါတို့ဘ၀တွေက
မင်းသမီမအေဇာတ်ဆရာကိုရန်ထောင်
၂၄နာရီ ပွဲသိမ်းဆိုတော့
ကိုယ့်အိပ်ရာကိုယ်ခေါက်
ကိုယ့်လိပ်ပြာကိုယ်ကြောက်နေရတယ်
နှင်းကေသရီ..
ငါရောမင်းပါ
မြင်းမိုရ်ထက်ကလိမ့်ကျခဲ့တဲ့ကျောက်တုံးတွေ
ဆုံးရှုံးခြင်းကိုပါ
ဆုံးရှုံးသွားပြီးတဲ့နောက်ပိုင်း
နောက်ထပ်ဘာတွေဆုံးရှုံးရဦးမလဲ
လက်သီးဆုပ်ထားသူငယ်ချင်း။
ငါရောမင်းပါ
မြင်းမိုရ်ထက်ကလိမ့်ကျခဲ့တဲ့ကျေ
ဆုံးရှုံးခြင်းကိုပါ
ဆုံးရှုံးသွားပြီးတဲ့နောက်ပိုင်
နောက်ထပ်ဘာတွေဆုံးရှုံးရဦးမလဲ
လက်သီးဆုပ်ထားသူငယ်ချင်း။
နှင်းကေသရီ..
မင်းရောငါပါ
မြစ်ညာကိုဆန်မတက်ဖူးတဲ့ရေမြှုပ် တွေ
နာကျင်မှုကအစနာကျင်နေမှတော့
ဒီထက်နာကျင်စရာတွေမရှိနိုင်တော့ ဘူး
ပုံပျက်ပန်းပျက်ထိုးစိုက်လာတဲ့
အောင့်သက်သက်လူမှုရေးရာထဲ
တစ်ခါတစ်လေ..
လူတွေကစေတနာနဲ့မတန်ဘူး
တစ်ခါတစ်လေ..
စေတနာတွေကလူနဲ့မတန်ဘူး
စစ်တုရင်ကစားကွက်အသစ်တွေကပြော တယ်
စေတနာတွေရောလူတွေပါ
စေတနာနဲ့မတန်ဘူး။
မင်းရောငါပါ
မြစ်ညာကိုဆန်မတက်ဖူးတဲ့ရေမြှုပ်
နာကျင်မှုကအစနာကျင်နေမှတော့
ဒီထက်နာကျင်စရာတွေမရှိနိုင်တော့
ပုံပျက်ပန်းပျက်ထိုးစိုက်လာတဲ့
အောင့်သက်သက်လူမှုရေးရာထဲ
တစ်ခါတစ်လေ..
လူတွေကစေတနာနဲ့မတန်ဘူး
တစ်ခါတစ်လေ..
စေတနာတွေကလူနဲ့မတန်ဘူး
စစ်တုရင်ကစားကွက်အသစ်တွေကပြော
စေတနာတွေရောလူတွေပါ
စေတနာနဲ့မတန်ဘူး။
နှင်းကေသရီ...
ငါတို့ရဲ့မနက်ဖြန်ဟာ
အပေါစားကော်ဖီမှုန့်တွေလို
ရေ နွေးပူပူထဲခုန်ဆင်းဦးမှာလား
အလေအလွင့်အစိတ်အကွဲပီသစွာ
အဆင်မပြေမှုတွေပြန့်ကြဲပြီး
ဆင်းရဲခြင်းထဲပျော်ဝင်ဦးမှာလား
ဘ၀တစ်ခုစာလွဲမှားပြီးတဲ့နောက်
ဘ၀ဆယ်ခုစာ
အမှားနဲ့လွဲချင်တယ်။
ဘ၀တစ်ခုစာအစိမ်းကြွေပြီးတဲ့နော က်
ဘ၀ဆယ်ခုစာ
အကြွေတွေနဲ့စိမ်းချင်တယ်။
ငါတို့ရဲ့မနက်ဖြန်ဟာ
အပေါစားကော်ဖီမှုန့်တွေလို
ရေ နွေးပူပူထဲခုန်ဆင်းဦးမှာလား
အလေအလွင့်အစိတ်အကွဲပီသစွာ
အဆင်မပြေမှုတွေပြန့်ကြဲပြီး
ဆင်းရဲခြင်းထဲပျော်ဝင်ဦးမှာလား
ဘ၀တစ်ခုစာလွဲမှားပြီးတဲ့နောက်
ဘ၀ဆယ်ခုစာ
အမှားနဲ့လွဲချင်တယ်။
ဘ၀တစ်ခုစာအစိမ်းကြွေပြီးတဲ့နော
ဘ၀ဆယ်ခုစာ
အကြွေတွေနဲ့စိမ်းချင်တယ်။
နှင်းကေသရီ..
ငါတို့တွေက
ပိုက်ဆံမရှိရင် လမ်းပေါ်မထွက်ချင်ဘူး
မင်းတို့မိန်းမတွေကတော့
ပိုက်ဆံမရှိလေလမ်းပေါ်ထွက်ချင်လေ
နီယွန်မီးရောင်ကိုတောင်မှ
ပိုက်ဆံရရင်အင်္ကျီ်ချုပ်ဝတ်ကြမလားပဲ။
ခေတ်သမီးပျိုတွေရဲ့
အညှာလွယ်လွယ်စတေးမှုတွေကြား
လက်သီးဆုပ်ထားသူငယ်ချင်း။
ငါတို့တွေက
ပိုက်ဆံမရှိရင် လမ်းပေါ်မထွက်ချင်ဘူး
မင်းတို့မိန်းမတွေကတော့
ပိုက်ဆံမရှိလေလမ်းပေါ်ထွက်ချင်လေ
နီယွန်မီးရောင်ကိုတောင်မှ
ပိုက်ဆံရရင်အင်္ကျီ်ချုပ်ဝတ်ကြမလာ
ခေတ်သမီးပျိုတွေရဲ့
အညှာလွယ်လွယ်စတေးမှုတွေကြား
လက်သီးဆုပ်ထားသူငယ်ချင်း။
နှင်းကေသရီ...
ဒီဘ၀မှာ
မြစ်ကြီးတစ်စင်းဖြစ်ခွင့်မရရင် လည်း
ချောင်းကလေးပေါ့
အင်အားကြီးသူသာအမှန်တရား
အဲဒီစကားလုံးတွေ
မျောပါခွင့်မရှိတဲ့ချောင်းကလေး။
ငါတို့အမှန်တရားတွေ
ရေစီးရေလာကောင်းမွန်ဖို့
လက်သီးဆုပ်ထားသူငယ်ချင်း။ ။
အောင်မှူးဝေ
29.7.2011
ဒီဘ၀မှာ
မြစ်ကြီးတစ်စင်းဖြစ်ခွင့်မရရင်
ချောင်းကလေးပေါ့
အင်အားကြီးသူသာအမှန်တရား
အဲဒီစကားလုံးတွေ
မျောပါခွင့်မရှိတဲ့ချောင်းကလေး။
ငါတို့အမှန်တရားတွေ
ရေစီးရေလာကောင်းမွန်ဖို့
လက်သီးဆုပ်ထားသူငယ်ချင်း။
အောင်မှူးဝေ
29.7.2011
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
Thursday, November 3, 2011
မင်္ဂလာဦး
ဗုံးသံသေနတ်သံမကြားရပေမယ့်
စစ်တလင်းဖြစ်နေတဲ့ည
ငါတို့ခေါင်းပေါ်မှာ
အနမ်းကျည်ဆံတွေဖြတ်ပျံနေကြပေါ့
ညက...
အိပ်ပစ်လိုက်ရမှာနှမြောစရာကောင်းတဲ့ညပဲ
စစ်တလင်းဖြစ်နေတဲ့ည
ငါတို့ခေါင်းပေါ်မှာ
အနမ်းကျည်ဆံတွေဖြတ်ပျံနေကြပေါ့
ညက...
အိပ်ပစ်လိုက်ရမှာနှမြောစရာကောင်းတဲ့ညပဲ
နှစ်ရှည်ရှည်လေ့ကျင့်ထားတဲ့
ရနံ့မွှေးမွှေးပန်းကလေးများ
ငါတို့နဲ့အတူတူပွင့်ကြတယ်
နာရီသံတွေချွေးတပြိုက်ပြိုက်... .။ ။
အောင်မှူးဝေ
ရနံ့မွှေးမွှေးပန်းကလေးများ
ငါတို့နဲ့အတူတူပွင့်ကြတယ်
နာရီသံတွေချွေးတပြိုက်ပြိုက်...
အောင်မှူးဝေ
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
Wednesday, November 2, 2011
ဇင်မီ (သို့မဟုတ်)ရတနာတို့ရဲ့မြစ်ဖျား
ညညဆို
ကြယ်ကလေးတွေနဲ့ အတူတူလမ်းပျောက်ရင်း
နေ့နေ့ဆို
ဆောင်းနှောင်းသဇင်လေးတွေနဲ့အတူ တူဖူးပွင့်ရင်း
ကလေးလေးတစ်ယောက်အရွယ်ရောက်ခဲ့ပြီဇင်မီ..။
ကြယ်ကလေးတွေနဲ့ အတူတူလမ်းပျောက်ရင်း
နေ့နေ့ဆို
ဆောင်းနှောင်းသဇင်လေးတွေနဲ့အတူ တူဖူးပွင့်ရင်း
ကလေးလေးတစ်ယောက်အရွယ်ရောက်ခဲ့ပြီဇင်မီ..။
အခုစွယ်တော်လေးတွေရဲ့အစိမ်းရောင်ြေ ခစစ်ပွဲရာသီ
မြို့ကလေးမှာပျော်ရဲ့လား
ငါ့သက်တန့်ချိုချိုလေးဟာ
နင်ပဲ ဇင်မီ..။
မြစ်သာရဲ့ရင်ခွင်မှာပျော်ရဲ့လား
ငါ့တစ်ဘ၀လုံးရဲ့ရေစီးသံဟာလည်း
နင်ပဲ....ဇင်မီ။
ကြယ်စင်တွေတိုက်ပွဲကျတဲ့ည
အလွမ်းမှောင်မှောင်ကငါ့ကိုလောင် မြိုက်တယ်
ဇင်မီ..။
ကောင်းကင်ပေါ်ကကောက်ရတဲ့ရွှေရုပ် ကလေးလို
ငါနင့်ကိုချစ်တယ်ဇင်မီ။
နင့်ပါးပေါ်ကတဖွားဖွားကြွေဆင်း
လင်းလင်းကလေးမွှေးနေတဲ့
သနပ်ခါးမှုန်လေးတွေကအစ
နင်နဲ့ပတ်သက်သမျှအားလုံး
ငါချစ်ရတယ် ဇင်မီ....။ ။
အောင်မှူးဝေ
မြို့ကလေးမှာပျော်ရဲ့လား
ငါ့သက်တန့်ချိုချိုလေးဟာ
နင်ပဲ ဇင်မီ..။
မြစ်သာရဲ့ရင်ခွင်မှာပျော်ရဲ့လား
ငါ့တစ်ဘ၀လုံးရဲ့ရေစီးသံဟာလည်း
နင်ပဲ....ဇင်မီ။
ကြယ်စင်တွေတိုက်ပွဲကျတဲ့ည
အလွမ်းမှောင်မှောင်ကငါ့ကိုလောင်
ဇင်မီ..။
ကောင်းကင်ပေါ်ကကောက်ရတဲ့ရွှေရုပ်
ငါနင့်ကိုချစ်တယ်ဇင်မီ။
နင့်ပါးပေါ်ကတဖွားဖွားကြွေဆင်း
လင်းလင်းကလေးမွှေးနေတဲ့
သနပ်ခါးမှုန်လေးတွေကအစ
နင်နဲ့ပတ်သက်သမျှအားလုံး
ငါချစ်ရတယ် ဇင်မီ....။ ။
အောင်မှူးဝေ
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
Tuesday, November 1, 2011
မခင်စန်းမူ(သို့မဟုတ်)အလွမ်းပြေသီဆိုရတဲ့သီချင်း
အလင်းတွေဒဏ်ရာရတဲ့ညမှာတော့
လမင်းလည်းလက်နက်ချလိုက်ရတာပေါို့
ကြယ်ပြာလေးရေ.....
ကလေးမြို့သူ
ခင်စန်းမူကိုပြောပေးပါ
ခပ်ဝေးဝေးညအသင်္ချေမှာ
တစ်ဘ၀စာအလွမ်းပြေ
သီဆိုရတဲ့သီချင်းကိုပဲ
ကဗျာဆရာဆိုတဲ့ကောင်
လှမ်းဆွတ်တမ်းတနေတဲ့အကြောင်း... ။
သနပ်ခါးပန်းလေးလိုလားဆိုတော့
ဟုတ်တယ်သနပ်ခါးပန်လေးလိုပဲ
ခင်စန်းမူရဲ့နေ့စွဲလေးတွေမွှေးလို
လမင်းလည်းလက်နက်ချလိုက်ရတာပေါ့
ကြယ်ပြာလေးရေ.....
ကလေးမြို့သူ
ခင်စန်းမူကိုပြောပေးပါ
ခပ်ဝေးဝေးညအသင်္ချေမှာ
တစ်ဘ၀စာအလွမ်းပြေ
သီဆိုရတဲ့သီချင်းကိုပဲ
ကဗျာဆရာဆိုတဲ့ကောင်
လှမ်းဆွတ်တမ်းတနေတဲ့အကြောင်း...
သနပ်ခါးပန်းလေးလိုလားဆိုတော့
ဟုတ်တယ်သနပ်ခါးပန်လေးလိုပဲ
ခင်စန်းမူရဲ့နေ့စွဲလေးတွေမွှေးလိ
ု့
အမြတ်တနိုး သတ်ကွင်းထဲ
ဖော်ရွေတတ်တဲ့အပြုံးကျည်ဆံတွေတ ရစပ်
ငါ့ရင်ခုန်ခြင်းခံတပ်ကို
သမင်မျက်ဝန်းလေးဆီအပ်လိုက်ရ
သူ............
လက်တွဲဖော်မရှာတော့ဘူးလားဆိုတော့ 
ဟုတ်တယ်မရှာတော့ဘူး
လက်တွဲဖော်ဆိုတာ
အပျင်းပြေသီဆိုတဲ့သီချင်းပဲ
နေစောင်းတိုင်းအလန့်တကြားထထပွင့် တဲ့
အလေ့ကျလေလွင့်စံပါယ်လို
ဒါမှမဟုတ်
ဈေးကြီးပေးရတဲ့နှင်းဆီနက်နှင်း ဆီပြာတွေလို
သက်ဆိုင်လာလိုက် ကွာရှင်းပြတ်စဲသွားလိုက်
ငါတို့ဘ၀နဲ့ဆက်စပ်တွဲချိတ်ကြည့် လို့မရဘူး။
ခင်စန်းမူ....
ငါ့ဆုတောင်းရဲ့နာမည်ဝှက်ကနင်ပဲ
ဘ၀အဆက်ဆက်အားလုံးအပေါ်
ရိုးရိုးသားသားမြတ်နိုးတတ်သူသာ
ငါဖြစ်ပါရစေ
ချင်းတောင်ထိပ်မှာ
ကော်ဖီရောင်တိမ်မြင်းပျံတွေ
ဒုန်းစိုင်းကြတဲ့အခါ
ခင်စန်းမူရေ..
ငါတို့ငယ်ဘ၀ဟာအလွမ်းပြေ
သီဆိုရတဲ့သီချင်း
ဒီသီချင်းကလည်း
အရောင်တွေရွက်နုသစ်
အကိုင်းအခက်...အခွံအခေါက်တွေမာလို့
ဘယ်နှခါခူးခူး
အညွန့်တလူလူ
သနပ်ခါးပန်းလေးလိုလားဆိုတော့
ဟုတ်တယ် သနပ်ခါးပန်းလေးလိုပဲ။ ။
အောင်မှုးဝေ
beautymax magazine 8^2010
အမြတ်တနိုး သတ်ကွင်းထဲ
ဖော်ရွေတတ်တဲ့အပြုံးကျည်ဆံတွေတ
ငါ့ရင်ခုန်ခြင်းခံတပ်ကို
သမင်မျက်ဝန်းလေးဆီအပ်လိုက်ရ
သူ............
လက်တွဲဖော်မရှာတော့ဘူးလားဆိုတော
ဟုတ်တယ်မရှာတော့ဘူး
လက်တွဲဖော်ဆိုတာ
အပျင်းပြေသီဆိုတဲ့သီချင်းပဲ
နေစောင်းတိုင်းအလန့်တကြားထထပွင်
အလေ့ကျလေလွင့်စံပါယ်လို
ဒါမှမဟုတ်
ဈေးကြီးပေးရတဲ့နှင်းဆီနက်နှင်း
သက်ဆိုင်လာလိုက် ကွာရှင်းပြတ်စဲသွားလိုက်
ငါတို့ဘ၀နဲ့ဆက်စပ်တွဲချိတ်ကြည့်
ခင်စန်းမူ....
ငါ့ဆုတောင်းရဲ့နာမည်ဝှက်ကနင်ပဲ
ဘ၀အဆက်ဆက်အားလုံးအပေါ်
ရိုးရိုးသားသားမြတ်နိုးတတ်သူသာ
ငါဖြစ်ပါရစေ
ချင်းတောင်ထိပ်မှာ
ကော်ဖီရောင်တိမ်မြင်းပျံတွေ
ဒုန်းစိုင်းကြတဲ့အခါ
ခင်စန်းမူရေ..
ငါတို့ငယ်ဘ၀ဟာအလွမ်းပြေ
သီဆိုရတဲ့သီချင်း
ဒီသီချင်းကလည်း
အရောင်တွေရွက်နုသစ်
အကိုင်းအခက်...အခွံအခေါက်တွေမာလ
ဘယ်နှခါခူးခူး
အညွန့်တလူလူ
သနပ်ခါးပန်းလေးလိုလားဆိုတော့
ဟုတ်တယ် သနပ်ခါးပန်းလေးလိုပဲ။ ။
အောင်မှုးဝေ
beautymax magazine 8^2010
Labels:
စွယ်စုံကဗျာ,
အောင်မှုးဝေ၏ကဗျာများ
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
-
▼
2011
(255)
- February (1)
- March (29)
- April (27)
- May (41)
- June (15)
- July (8)
- August (11)
- September (33)
- October (26)
- November (36)
- December (28)
-
►
2012
(234)
- January (26)
- February (35)
- March (27)
- April (16)
- May (22)
- June (15)
- July (1)
- September (27)
- October (19)
- November (18)
- December (28)
-
►
2013
(309)
- January (21)
- February (17)
- March (11)
- April (64)
- May (61)
- June (20)
- July (56)
- August (19)
- September (7)
- October (9)
- November (15)
- December (9)
-
►
2014
(239)
- January (14)
- February (2)
- March (14)
- April (35)
- May (70)
- June (59)
- July (28)
- August (5)
- September (7)
- December (5)
-
Download - All in one booster for Android
-
ဖုန်းမှာ ဘက်ထရီအကုန်မြန်နေသူများ ဒီဆော့ဝဲလေးကို ထည့်ထားလိုက်ပေတော့ လိုအပ်တာမှန်သမျှ ဒီဆော့ဝဲလေးက ချိန်ဆလုပ်ဆောင်သွားတာ အဆင်ပြေတယ် ...
-
လုပ်ပုံ လုပ်နည်းကတော့ ပုံတွေကြည့်လိုက် တစ်ဆင့်ချင်းလုပ်ကြည့်ပါ Lock ကျရင် ပြန်ယူနည်းက 3မျိုးလောက် ရှိတယ် တစ်နည်းမရတစ်ခုစီ စမ်းလုပ်မယ...
-
Best က န ပုံနော် မင်နဲ့ ငါနဲ့ နော် ။ငါနဲ့ မင်းနဲ့ နော်...ဟဲဟဲ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့ ဖြူစင်ခြင်းတွေပဲ ဖန်တီးမိသူပါ..........။ ...
-
ဒီဇာတ်ကားလေးက 1997 ခုနှစ်က ထွက်ရှိခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင်ကားကြီးပါ အော်စကာဆုပေါင်းများစွာရရှိပြီး နိုင်ငံတကာမှာ အောင်မြင်ခဲ့တဲ့ ...
-
ကျားဆော့တာကတော့ မြန်မာတွေ အတော်များများ ဆော့ဖူးမှာပါ ဒီဆော့ဝဲက ကျားထိုးတာဝါသနာပါသူတွေအတွက် အဆင်ပြေတယ် ခေါင်းစားရတယ်လေ စဉ်းစားပီမှ ...
-
ဒီကားကလည်း အောင်မြင်တဲ့ကားပါ မိုင်တိုင် 76 ဆိုတာ ဆင်ဆာထိလို့  ကားပေါ်မှာပါလာတယ်လို့  ပြောင်းလိုက်ရပေမယ့် လူတိုင်းဟာ ဒီကားကို မိုင်တိုင်7...
-
Download - https://itunes.apple.com/app/mmtipitaka1 Credit - http://www.apple4mm.com/mmtipitaka ပိဋကတ်သုံးပုံ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာ...
-
၁။ ခန္ဓာငါးပါးသူသတ်ယောကျာင်္း ၁၇-၉-၂၀၀၄ မိဂဒါဝုန် ၂။ အနုရာဓဥပမာပြ ဒိဌိဖြ...
-
Download - မွေးဇာတာနဲ့ နက္ခတ်ဂြိုလ်ခွင်များ .
-
အင်္ဂလိပ် စာလုံးပေါင်း ၃၇၀၀၀ (သုံးသောင်း ခုနှစ်ထောင်) ကျော်၏ အဓိပ္ပယ်များကို အလွယ်တကူ ရှာဖွေနိုင်ပါသည်။ You can easily search over 37000...
-
ဒီဟာလေးကတော့ မြန်မာဖောင့် ဒီဇိုင်းများစွာ တင်ထားတဲ့ ဆိုဒ်တစ်ခုပါ လိုအပ်ရင် သုံးဖို့  မျှဝေလိုက်ပါတယ် ဖောင့်တောင်းတဲ့သူများလည်း ဒ...