Monday, November 28, 2011

ညီမလေး(2)


ကျောက်ဆူးမနုတ်

ကြိုးမဖြုတ်ရသေးတဲ့လှေကလေးလို

သစ္စာတရားတွေကခိုင်မြဲ

တပ်မက်မှုဟာဇင်ယော်လေးပမာ

ထမီရင်လျားလေးတွေပေါ်ကဖြတ်ဖြတ်ပျံတယ်

ငါ့နှလုံးသားကဘယ်သန်ပါညီမလေး။

ရုပ်ဆိုးလေးလည်းချစ်မှာပဲ

ဒါ..

ငါခဏခဏချရေးမိတတ်တဲ့စာကြောင်း

မင်းရဲ့

ပါးဖောင်းဖောင်းလေးဘက်ကိုအမြဲစောင်းတယ်

ညည်းကလေးရဲ့မေတ္တာတရားနဲ့

ငါ့ဘ၀ကိုစိမ်းလန်းခွင့်ပြုပါညီမလေး။    ။



အောင်မှူးဝေ


3 မှတ်ချက်:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားပေးတယ်ဗျာ မကျေနပ်ရင်လေသာဖြတ်တော့ ဟီးးး

Anonymous said...

Great one! i love this poem!

အောင်မှူးဝေကဗျာများ said...

အောင်မှူးဝေကကျေးဇူးတင်ပါတယ်။ကိုယ့်ဘလော့ဂ်ထဲလည်းလာခဲ့ကြပါဦး။

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here