လမင်းလည်းလက်နက်ချလိုက်ရတာပေါ့
ကြယ်ပြာလေးရေ.....
ကလေးမြို့သူ
ခင်စန်းမူကိုပြောပေးပါ
ခပ်ဝေးဝေးညအသင်္ချေမှာ
တစ်ဘ၀စာအလွမ်းပြေ
သီဆိုရတဲ့သီချင်းကိုပဲ
ကဗျာဆရာဆိုတဲ့ကောင်
လှမ်းဆွတ်တမ်းတနေတဲ့အကြောင်း...
သနပ်ခါးပန်းလေးလိုလားဆိုတော့
ဟုတ်တယ်သနပ်ခါးပန်လေးလိုပဲ
ခင်စန်းမူရဲ့နေ့စွဲလေးတွေမွှေးလိ
ု့
အမြတ်တနိုး သတ်ကွင်းထဲ
ဖော်ရွေတတ်တဲ့အပြုံးကျည်ဆံတွေတ ရစပ်
ငါ့ရင်ခုန်ခြင်းခံတပ်ကို
သမင်မျက်ဝန်းလေးဆီအပ်လိုက်ရ
သူ............
လက်တွဲဖော်မရှာတော့ဘူးလားဆိုတော့ 
ဟုတ်တယ်မရှာတော့ဘူး
လက်တွဲဖော်ဆိုတာ
အပျင်းပြေသီဆိုတဲ့သီချင်းပဲ
နေစောင်းတိုင်းအလန့်တကြားထထပွင့် တဲ့
အလေ့ကျလေလွင့်စံပါယ်လို
ဒါမှမဟုတ်
ဈေးကြီးပေးရတဲ့နှင်းဆီနက်နှင်း ဆီပြာတွေလို
သက်ဆိုင်လာလိုက် ကွာရှင်းပြတ်စဲသွားလိုက်
ငါတို့ဘ၀နဲ့ဆက်စပ်တွဲချိတ်ကြည့် လို့မရဘူး။
ခင်စန်းမူ....
ငါ့ဆုတောင်းရဲ့နာမည်ဝှက်ကနင်ပဲ
ဘ၀အဆက်ဆက်အားလုံးအပေါ်
ရိုးရိုးသားသားမြတ်နိုးတတ်သူသာ
ငါဖြစ်ပါရစေ
ချင်းတောင်ထိပ်မှာ
ကော်ဖီရောင်တိမ်မြင်းပျံတွေ
ဒုန်းစိုင်းကြတဲ့အခါ
ခင်စန်းမူရေ..
ငါတို့ငယ်ဘ၀ဟာအလွမ်းပြေ
သီဆိုရတဲ့သီချင်း
ဒီသီချင်းကလည်း
အရောင်တွေရွက်နုသစ်
အကိုင်းအခက်...အခွံအခေါက်တွေမာလို့
ဘယ်နှခါခူးခူး
အညွန့်တလူလူ
သနပ်ခါးပန်းလေးလိုလားဆိုတော့
ဟုတ်တယ် သနပ်ခါးပန်းလေးလိုပဲ။ ။
အောင်မှုးဝေ
beautymax magazine 8^2010
အမြတ်တနိုး သတ်ကွင်းထဲ
ဖော်ရွေတတ်တဲ့အပြုံးကျည်ဆံတွေတ
ငါ့ရင်ခုန်ခြင်းခံတပ်ကို
သမင်မျက်ဝန်းလေးဆီအပ်လိုက်ရ
သူ............
လက်တွဲဖော်မရှာတော့ဘူးလားဆိုတော
ဟုတ်တယ်မရှာတော့ဘူး
လက်တွဲဖော်ဆိုတာ
အပျင်းပြေသီဆိုတဲ့သီချင်းပဲ
နေစောင်းတိုင်းအလန့်တကြားထထပွင်
အလေ့ကျလေလွင့်စံပါယ်လို
ဒါမှမဟုတ်
ဈေးကြီးပေးရတဲ့နှင်းဆီနက်နှင်း
သက်ဆိုင်လာလိုက် ကွာရှင်းပြတ်စဲသွားလိုက်
ငါတို့ဘ၀နဲ့ဆက်စပ်တွဲချိတ်ကြည့်
ခင်စန်းမူ....
ငါ့ဆုတောင်းရဲ့နာမည်ဝှက်ကနင်ပဲ
ဘ၀အဆက်ဆက်အားလုံးအပေါ်
ရိုးရိုးသားသားမြတ်နိုးတတ်သူသာ
ငါဖြစ်ပါရစေ
ချင်းတောင်ထိပ်မှာ
ကော်ဖီရောင်တိမ်မြင်းပျံတွေ
ဒုန်းစိုင်းကြတဲ့အခါ
ခင်စန်းမူရေ..
ငါတို့ငယ်ဘ၀ဟာအလွမ်းပြေ
သီဆိုရတဲ့သီချင်း
ဒီသီချင်းကလည်း
အရောင်တွေရွက်နုသစ်
အကိုင်းအခက်...အခွံအခေါက်တွေမာလ
ဘယ်နှခါခူးခူး
အညွန့်တလူလူ
သနပ်ခါးပန်းလေးလိုလားဆိုတော့
ဟုတ်တယ် သနပ်ခါးပန်းလေးလိုပဲ။ ။
အောင်မှုးဝေ
beautymax magazine 8^2010
5 မှတ်ချက်:
မွှေးတောကမွှေးပါရဲ့ ခနလေးနဲ့ကြွေတယ် အဲဒိပန်းကး)
ခံစားသွားပါတယ်..မောင်စွယ်စုံ
သနပ်ခါးပန်းလေးလိုပဲတဲ့.................
လာရောက်ဖတ်သွားပါတယ်
အားပေးသွားပါတယ်
Post a Comment