Sunday, November 6, 2011

မုန်းလို့ ရပီ

အနေဝေးတော့
ကလေးအမေတွေတောင်သွေးအေးကြသတဲ့ 
နင်သွေးအေးသွားတာလည်း မထူးဆန်းတော့ပါဘူး
ယုံလို့ မရတဲ့ သူတွေထဲ နင်ကအရှေ့ ဆုံးကဆိုတာငါအစကမသိခဲ့ ဘူး
ငါကလည်းတကယ်ကိုအကန်းကောင် နင်ပြောတာအကုန်ယုံခဲ့ တယ်.........။

ချစ်တယ်ဆိုတဲ့  ရထဲကမပါတဲ့ 
စကားလုံးတွေနဲ့ နင်နုတ်ဖျားကအကြိမ်၁၀၀ မကပြောခဲ့ တယ်
ငါနင့်ကို ချစ်တယ်လို့ တခွန်းပဲပြောခဲ့ ဖူးတယ်
တသက်လုံးအတွက် အဲဒီတခွန်းတည်းနဲ ပဲနင့်ကိုငါချစ်ပြခဲ့ တယ်...............။

လွမ်းလို့ မျက်ရည်ကျတာတောင်
ယောင်္ကျားမပီဘူး ပြောချင်ပြောလေ
နင်အသည်းမာပေမယ့် ငါ့အသည်းမမာနိုင်ဘူး
အသုံးမကျတဲ့ ငါ့နှလုံးသားက
နင်တယောက်တည်းကိုမှချစ်မိတယ်
နှလုံးသားမလှတဲ့  နင့်ကို ငါအရှုံးပေးပြီးချစ်ခဲ့ တယ်
နင်ငါ့လိုမခံစားရပါစေနဲ့   နေမြင့်လေအရူးရင်လေ လည်း မဖြစ်ပါစေနဲ့ 
ဒီကဗျာကို နင်ဖတ်ပြီးရင်တော့ ငါ့ကိုမုန်းလို့ ရပြီ.................။
 
                                                                              ဖိုးခွားလေ(ကော့မှုး)




0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here