Saturday, November 5, 2011

ကျွန်တော်ချစ်သော မေမေသို့......


ဖြူစင်တဲ့ နှလုံးသားက
       ကြင်နာမှု အပြုံးများကို ပေးတယ်.........။
မိသားစု ကောင်းစားဘို့ အရေး
        သူ့ဘဝကို စတေးရင်း
                 မြင့်မြတ်တဲ့ ချစ်ခြင်းတွေကို ပေးတယ်............။
လောကဒဏ် မုန်တိုင်းတွေ ကြား
       လဲကျ မသွားတဲ့ စိတ်ထားနဲ့
                ပစ်တိုင်းထောင် လူသားဟာ မေမေ.............။
ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းတွေကြား
       ဂရုဏာ တရားကို ရှေ့မှာထားရင်း
             မေမေဟာ လမ်းပြအလင်းတွေကို ပေးတယ်............။
ဆုတောင်းမိပါတယ် မေမေ....
      မေမေ ရှိနေစဉ် ကာလအတွင်း
             မေမေ ပေးချင်တဲ့ အလင်းနဲ့
                   ကျွန်တော်တို့ အတူ အသက်ရှင် ခြင်းတွေ ရချင်တယ်......။

                                                                       ညီညီ(မြန်အောင်)

2 မှတ်ချက်:

ညီညီ said...

ဆုတောင်းမိပါတယ် မေမေ....
မေမေ ရှိနေစဉ် ကာလအတွင်း
မေမေ ပေးချင်တဲ့ အလင်းနဲ့
ကျွန်တော်တို့ အတူ အသက်ရှင် ခြင်းတွေ ရချင်တယ်......။
အမေစုရေ....
ကျွန်တော်ဆုတောင်းထားတာလေး ပြည့်တော့မယ်...။
ပျော်လိုက်တာဗျာ....။

ရစ် said...

ကဗျာဖတ်ပြီး ရင်ထဲမှာ ဘယ်လိုဖြစ်သွားမှန်းတောင်မသိတော့ပါဘူး
ညီလေး လက်ရာ အစွမ်းထက်လို့
အမေစု ဂုဏ်ပိုဝင့်ကြွားစေပါတယ်
အားလုံးနဲ့ထပ်တူထပ်မျှပါ......
ပုခတ်လွှဲတဲ့ အမေ့လက် နဲ့ တိုင်းပြည်ရဲ့ဂုဏ်
ဝင့်ကြွားနိုင်ပါစေ........

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here