Sunday, November 27, 2011

ညီမလေး(၁)

  ဝေလီဝေလင်းအတွေးတွေထဲ

နှင်းဆီရနံ့ပြင်းပြင်းများဝင်လာ

ငါနဲ့ငါ့ရင်ခုန်သံတချို့ကို

ဝင်ခွင့်ပြုပါ ညီမလေး...။
ဘ၀က ဘ၀လို

တခုတ်တရ အဖုအထစ်တွေ

ကြယ်စုံသစ်ပင်မပျိုးချင်တဲ့ကောင်းကင်တွေ

တမင်ရည်ရွယ်ပြီးပြုံးရတဲ့အပြုံးတွေ

အထူးစီမံဖော်စပ်ထားတဲ့
 လူမှုဆက်ဆံရေးတွေရှိလိမ့်မယ်

ငါနဲ့ငါ့ဘ၀ကိုလက်ခံပါညီမလေး။

တစ်ခါတစ်လေတော့

ဒိုင်ယာရီအဟောင်းထဲက

ပျော်စရာတွေကိုဆွဲထုတ်မိတာပေါ့

တွန့်ကြေနေတဲ့အနမ်းမှာ

ညည်းစာမျက်နှာလေး

ငါနဲ့ငါ့လက်ရေးကို

လွတ်လပ်စွာခေါက်ထားခွင့်ပေးပါ

ညီမလေး ....။ ။



အောင်မှူးဝေ


4 မှတ်ချက်:

Thameesan said...

ညီမလေးရယ်..စိုးရိမ်မိတယ်း)))
ဖြောင်း..ဖြောင်း...ဖြောင်း...
အားပေးသွားပါတယ်.ကိုအောင်မှူးဝေရေ
ချမ်းမြေ့ပါစေ
လေးစားလျှက်

လွင်ပြင်လှိုင်းငယ် said...

ညီမလေးရေ သိလိုက်တော့နော်
ကဗျာကောင်းလေးပါပဲ

စံပယ်ချို said...

အောင်မှုးဝေရေ
ကဗျာလေးဖတ်ခဲ့ပါတယ်

မေဝင်း789 said...

ကဗျားလေးက ကောင်းပါတယ်
နောက်လဲ များများရေးပါနော်
နော်တို့က မရေးတတ်ဘူး
ဖတ်ပဲဖတ်တတ်တယ်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here