Sunday, November 20, 2011

စီ........။ ။

ခေါင်းလောင်းသံအက်အက်နဲ့

သက္ကရာဇ် အသားမာတက်နေတဲ့

ရင်ခတ်ကုန်း လွမ်းစေတီ

သွားလမ်းမသာ လာလမ်းလည်းမဖြောင့်တော့ပြီ။

ကော်ဖီဆိုင်တွေပေါ်မှာသာနေတဲ့လမင်းကို

ရင်ခတ်ကုန်းကလည်းလှမ်းကြည့်နိုင်တယ်မောင်လို့

အိပ်မက်ယောင်ရင်းတောင်

တဖွဖွပြောတတ်တဲ့ကောင်မလေး

ရင်ခတ်ဝါ၀ါလေးတွေရဲ့အဝေးတစ်ဖက်ကိုရောက်သွားပြီ

အသည်းရောင် အသားဝါ

စီ........။      ။



အောင်မှူးဝေ


2 မှတ်ချက်:

Yin Sue said...

ဒီကဗျာလေး ကြိုက်တယ်ဗျာ.......လေးစားပါတယ် ......ကို အောင်မှူးဝေ

Anonymous said...

(အောင်မှူးဝေ)
ကျေးဇူးတင်ပါတယ်။
လူကြီးမင်းခင်ဗျာ။

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here