Tuesday, November 22, 2011

ဒီအိမ်ကလေးမှာ...(၂)



ထားခဲ့တော့စိတ်ကျေနပ်သလိုပဲ
ကော်ဖီမစ်အိတ်ခွံလေးပစ်ထားခဲ့ပုံမျိုး
ရင်ထဲမှာဘာအရသာမှမကျန်ရစ်ဘူး
ကျောသားရင်သားမခွဲခြားတဲ့ဒဏ်ရာတွေနဲ့ထားခဲ့...။
ထားခဲ့တော့အာရုံရှိသလိုပဲ
မီးချောင်းအကျွမ်းလေးမြောင်းထဲလွှင့်ပစ်လိုက်ပုံမျိုး
ရင်ထဲမှာဘာအလင်းဓာတ်မှမကျန်ရစ်ဘူး
အစိတ်အကွဲဘ၀နဲ့
ရေထဲဆင်းတဲ့ခြေထောက်မှန်သမျှစူးအောင်ထားခဲ့..။
အနာဂတ်မှာလည်း..
အမုန်းတွေရွက်နုသစ်သလောက်
အထီးကျန်တောအုပ်ကစိမ်းနေဦးမှာပဲ
အဝေးပြေးလမ်းမပေါ်လွင့်ကျသွားတဲ့
ရေသန့်ဘူးခွံလေးလိုထားခဲ့
ဒါမှမဟုတ်..
နင့်နှုတ်ခမ်းနီတွေမညှာမတာခြေတော်တင်သွားတဲ့
တစ်ရှူးနုနုလေးလိုငါ့ကိုထားရစ်ခဲ့။
ထားခဲ့
အသည်းနှလုံးလား
သဖန်းတောမှာပစ်ထားခဲ့တယ်ဆိုသလိုမျိုး
မိုးခေါင်ခေါင်လူ့သဖန်းတောမှာငါ့ကိုထားခဲ့..။
မှော်ဝင်အသက်ရှင်မှုတွေနဲ့
ဟောဒီကမနက်ဖြန်အိမ်ကလေးမှာ...။

အောင်မှူးဝေ
၂၉.၆.၂၀၁၀
အခြေနေအရချစ်သူနဲ့လမ်းခွဲလိုက်ရသောသူငယ်ချင်းသို့ရည်ညွှန်းပါသည်။


1 မှတ်ချက်:

blackroze said...

ချစ်သူတွေကွဲတယ်ဆိုတာ
မကြားချင်ပါဘူးကွယ်..
ပြန်လည်ပေါင်းဆုံခြင်း
အခြေအနေကိုရရှိနိုင်ပါစေနော်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here