မေးခွန်းပေါင်းများစွာ
အတွေးပေါင်းများစွာ
အိပ်မရပေါင်းများစွာနဲ့ 
ကိုယ့်အတွေးထဲကမင်းလေး.................။
ငါ့ဘဝထဲကမင်း လမသာချင်နေပါ
ကြယ်လေးတစ်ပွင်စာလောက်တော့ လမ်းပြပေးပါ
ရှေ့ ဆက်မရတဲ့ င့ါအနာဂတ်အတွက်
နောင်လာမယ့်နေ့ ရက်တွေမှာ
မင်းငါ့အနား ရှိမနေရင်တောင်
မင်းအသံလေးတော့ ကြားနေချင်သေးတယ်....................။
တခါတည်းအပြီးမမုန်းလိုက်ပါနဲ့ 
ချစ်သေးတယ်ဆိုတဲ့ စကားမပြောနိုင်တော့ရင်လည်း
ခင်တယ်ဆိုတဲ့ စကားလေးနဲ့  နှစ်သိမ့်ပေးပါ
လမ်းခွဲမယ့်စကားမပြောခင် သံယောဇဉ်ရှိတယ်ဆိုတဲ့ 
စကားလေးနဲ့  လိမ်ပေးပါ ပြီးတော့မှဖြည်းဖြည်းမုန်းပါ
ခံနိုင်ရည်မရှိငါနှလုံးအတွက် ဖြည်းဖြည်းခြင်းအသဲကွဲချင်လို့ ပါ..................။
ဖိုးခွားလေး (ကော့မူးမြို့ )
1 မှတ်ချက်:
တို့  ဖိုးခွားလေးက လူလုံး (အဲ) သူ့ ပုံကိုပြနေပြီ ;;;p;;;p;;;p
ခံစားချက်အပြည့်နဲ့ ရေးထားတာမို့ ကဗျာကအမြဲ လန်းနေပါလား
အဲ.... မေ့လို့ လူပါ .......လန်းတယ်ဗျာ....
အားပေးသွားပါတယ် ဖိုးခွားလေးရေ.......
Post a Comment