Monday, November 21, 2011

ခဏလေးပါ

နင်နဲ့ ငါကြား
စကားလုံးတွေဆင့်ပွား မှားခဲ့ရတဲ့အတွက်
တစ်ကြိမ်တစ်ခါ မက အကြိမ်ကြိမ်အခါခါ
ငါတောင်းပန်ချင်တယ် .......

နင်မချစ်တဲ့ ငါ
နင့်ကိုမှအချစ်ဆုံး ငါ
နင့်ရဲ့ ...
ဥပက္ခာဆိုတဲ့ အမုန်းကြားမှာ
ငါလေ ခံနိုင်ရည်တွေ မရှိလို့ ပါ .....

ပြန်လာခဲ့ပါနော်
နင်နဲ့ ငါ
အရင်လိုစကားလေးတွေကြား
ငါလေမမှားရအောင် ပြင်ပါ့မယ် ......

နင်ရှိမှနေပျော်တဲ့ ငါ့ဘဝ
အရင်လို မခင်ချင်တော့ရင်တောင်
ဧည့်သည်အဖြစ်နဲ့ 
နင်ခဏလေးဖြစ်ဖြစ်
ပြန်လာခဲ့ပေးပါလား
နင် ငါ့ကို ကျောမခိုင်းလိုက်ပါနဲ့ နော်.....

                            လေလွင့်လူ(ကမာမြေ)

4 မှတ်ချက်:

နွေဦး said...

ဟွန့် အပြစ်လုပ်တုန်းကလုပ်ပြီး ခုမှတောင်းပန်လို့ ရမလား ခွင့်လွတ်ဘူး

မဒမ်ကိုး said...

အဲ အပေါ်မှာ စိတ်ဆိုးကုန်ကြပြီး)
ထိုင်ခုံမရရင်တော့ ကျောခိုင်းထိုင်ရမှာပဲလေ .
ဘယ်ရမလဲး)

laylwintlu said...

အသည်းကွဲနေတာ မနောက်ပါနဲ့ဗျာ အိမ်ထောင်သည်တွေနဲ့  အပျိုကြီးတွေကတော့ ခံစားချက်တွေကိုဘယ်လိုသိမှာလဲလို့ 

Anonymous said...

လူပျိုကြီးတွေကတော့ သိတယ်ဆိုပါတော့ ဟီး

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here