Sunday, November 20, 2011

ဈေး

ဒီလိုပဲ မိုးနှောင်းအော်ပရာနံနက်ခင်း

မောင်စိမ်းနီရဲ့ကဗျာတွေနှင်းမကွဲသေးမီ

သစ္စာနီရဲ့ကဗျာကြိုးဝိုင်းထဲဟန်ရေးပြပြီးဝင်လာ

ချွေးတစိမ့်စိမ့်နဲ့

အောင်ချိမ့်ရဲ့ဂန္ထ၀င်မမလည်း ဈေးကိုသွားပြီ။

ကျွန်တော်လည်းဈေးထဲမှာ

မနေ့ကကျွန်တော်ကိုပြန်ဝယ်လို့မရတော့ပုံနဲ့

မနက်ဖြန်မှဈေးကွက်ထဲရောက်လာမယ်

ကျွန်တော့်ကိုရှာလို့

သလုံးသားဖြူဖြူလေးများတွေ့တဲ့အခါ

ဒါဘယ်လောက်လဲကောက်ကောက်မေးလို့

သင်္ခါရလမ်းမြှောင်ထဲက

ဈေးလေဈေးလွင့်လေ

ခံတွင်းမတွေ့တဲ့စကားလုံးများနဲ့

အသက်ငင်ရိုးသားခြင်းတွေကို

ရောင်းဝယ်ဖောက်ကားကြရပြီ။    ။


အောင်မှူးဝေ

20.11.2011


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here