Thursday, November 10, 2011

ငါ့ဘ၀နဲ့ သူငယ်ချင်း


အလွမ်းသီချင်းတွေနဲ့  လမ်းဘေးထိုင်ပီး သီချင်းဆိုဖို့ လဲမရှိတော့ဘူး

ငါဟာ အရွယ်ရောက်လာပီ........

ငါ့သူငယ်ချင်းတစ်ယောက် မတောက်တခေါက်နဲ့ 

၁၈ နှစ်လောက်မှာ အိမ်ထောင်ကျသွား

သူအရမ်းပျော်နေမိလေသလား....

အိမ်ထောင်သက် ၆နှစ်ထက်ကျော်

အမျှော်အမြင်မရှိ  သူယူမိလေပြီတဲ့ ....(နောင်တစကား).

why???? လို့ မေးတော့............

မရိုင်းမယဉ် နှိုင်းယှဉ်ဖြေလိုက်တာက

ရင်သေွးရလို့  အဖေဖြစ်

အခြေမနှစ်မရှိတော့မျက်နှာငယ်

ရှက်စရာလူ့ အလယ်မှာ သူသားကိုကျောင်းထား

ခေါင်းစားရပါလားတဲ့ .......

ကျန်းမာရေးက မကောင်း

ဘယ်သူဆီမှလက်ဖြန့် တောင်းလို့ မရဘူးတဲ့.............

သားအတွက် ခဲတံနဲ့ စာအုပ် အလုပ်လုပ်လို့ သူဝယ်

သူတကယ်(သူငယ်ချင်း)မလွယ်ဘူးတဲ့။

ကြိုးစားလို့ လှုပ်ရှား တစ်နေ့ လုပ်မှတစ်နေ့ စား

သူ့ မယားကညိုငြင် သူ့ ရင်ခွင်ဟာလောင်ကျွမ်းခဲ့ ပြီ။

ရှေ့ ရေးကိုမျှော်မတွေး ခဏလေးအတွက်သာယာ

ဘာဆိုဘာမှ အစီအစဉ်ချမထား သူ့ သားအတွက်ဘယ်ရင်အေးရမလဲ......

မပြည့်စုံပဲနဲ့ မိန်းမယူ ငါ့သူငယ်ချင်းနည်းတူ

မင်းတို့ မဖြစ်ဖို့  ကြိုးစားလို့ အားထုတ်

ငွေသိန်းရာထုပ်ကို  မိဘတစ်ဝက် ကိုယ်တစ်ဝက်နဲ့ 

 ရှာဖွေကြိုးစား စီးပွားရမှ မင်းနဲ့ ငါ လက်ထပ်မယ်ချစ်သူ။

 ငါ့သူငယ်ချင်းလို အချစ်ကိုရှေ့ တန်းတင်

အများအမြင်မှာတော့ အချစ်သူရဲကောင်း

စာဗူးတောင်းငှက်လောက်မှ တင့်တယ်အောင် အိမ်မဆောက်နိုင်ရင်

မင်းလဲ ငါ့ရင်ခွင်ထဲ ခိုဝင်ဖို့  ခွင့်မပြုနိုင်သေးဘူးချစ်သူ....

မိဘကိုဦးထိပ်မှာထား  ချစ်သူကိုနှလုံးသားမှာထား

အလုပ်များစွာနဲ့  ကိုယ့်ဘ၀ကို ၂နှစ်လောက်တော့သည်းခံ ပီးစောင့်ပေးဦးနော်

ကြိုးစားလိုက်ဦးမယ်......................................။


                                             သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com


1 မှတ်ချက်:

Anonymous said...

ဘသူစောင်.စောင်.မစောင်.စောင်.
အော်တန်စောင်.မယ်....ဟိဟိ
စတာ...
ဟုတ်တယ်လေ..ကိုယ်.ရင်သွေးလေးကို
လူ.လောကထဲခေါ်ပြီး..
မျက်နှာငယ်စေတလိုဖစ်မယ်..
ပိုစ်.လေးကောင်းပါသည်...
နာလဲဒါတွေလိုက်ဖတ်..စဉ်းစားပြီးး
ခုထိ ၈တူတောင်မရတော.၀ူး :(

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here