အမေ့ရဲ့မေတ္တာတရားတစ်ခုပဲ
လိပ်စာအပြည့်အစုံနဲ့ရောက်ရှိလာ
အမေ့လောက်ဘယ်သူမှ
ကျွန်တော့်ကိုနားမလည်ပါဘူးအမေ
ကျွန်တော့်ကိုယ်ကျွန်တော်လည်းနားမလည်ဘူး။
ကျွန်တော့်လမ်းမှာယမ်းငွေ့တွေကဝေနေတုန်းအမေ
နှလုံးသားထဲမှာအပြုံးအိမ်လေးတွေဆောက်နေတုန်း
ကျွန်တော်ကမိုးရေစက်တွေလို
ကောင်းကင်ပေါ်ကပြေးဆင်းခဲ့
တစ်မနက်ခင်းစာ
မွှေးပျံ့လန်းဆန်းမှုတွေနဲ့
တစ်စုံတစ်ယောက်ဆီမှာ
မရနိုင်တာတွေကိုတောင်းယူခဲ့
အမေ့တစ်သက်နာကျင်စရာစာမျက်နှာပေါ်က
ပြာပုံတိုးတိုးနေတဲ့အက္ခရာဟာကျွန်တော်ပေါ့
မြို့ကလေးရဲ့အုပ်စုထဲကအစောဆုံးခွဲထွက်ခဲ့တဲ့
ဒဏ်ရာရသင်းကွဲ
လရောင်ငတ်နေတဲ့ည
ရေမဲ့စမ်းချောင်းအကောလေး
တောရေးတောင်ရေးကဗျာဆရာ
ရည်းစားခြောက်ယောက်နဲ့ကွဲပြီးနောက်
နှလုံးအားတိုးဆေးတွေနဲ့လက်ထပ်ထားတဲ့ကောင်
နှလုံးသားရေးရာက
ပွဲမပြီးမီးမသေပါပဲအမေ။ ။
အောင်မှူးဝေ
3 မှတ်ချက်:
တကယ့် ကဗျာကောင်းလေးပါ
ရည်းစား ၆ ယောက်လား (နည်းသေးတယ် ဦးလေး )
လာခဲ့ မဒိုးမသိအောင်ပြောပြမယ်း)
ကိုရင်လက်တို့ပြောတာတွေ လိုက်ပြီးအတုမခိုးနဲ့နော်း)))
အိုမား တိုင်ပြောလိုက်မယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment