Saturday, November 19, 2011

သစ်ပင်တွေကြားရင်အားနာစရာ

နေ့ စဉ်လှုပ်ရှားမှုများစွာမှာ
သံကြိုးမြည်သံတွေညံလို့
လူ့ဘ၀ကဗျာဆိုတာလည်း
ကိုယ့်အသားကိုယ်စကားလုံးတွေနဲ့ ခုတ်ခွာနေရသလိုမျိုး
၃၈လမ်းလည်း၃၈လမ်းအလျောက်
ဖြောင့်ဖြူးခဲ့တာပဲ
ကဗျာဆရာတွေသစ်ပင်စိုက်ကြသတဲ့
ကိုယ့်ဘ၀ကိုယ်ဖြောင့်အောင်မစိုက်နိုင်သူတွေတော့
ရှိကောင်းရှိနိုင်ပါတယ်
သူတို့ ကတော့
ကျောက်ခေတ်မီးလုပွဲတွေဆီ
အမဲလုပွဲတွေဆီပြန်ရောက်သွားကြပေါ့။
လူတွေစိမ်းလန်းဖို့အရေးကြီးတယ်
သစ်ပင်စိုက်တာလူတွေစိမ်းလန်းဖို့ တဲ့လား
တိုးတိုးပြော
သစ်ပင်တွေကြားရင်အားနာဖို့ ကောင်းတယ်။ ။



အောင်မှူးဝေ

ကဗျာဆရာတို့၏သစ်ပင်စိုက်ပွဲတော်နေ့သို့အမှတ်တရ....


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here