Tuesday, November 22, 2011

နှင်းကြည်လွင်(သို့မဟုတ်)ရထားမ၀င်တဲ့ဘူတာပျက်ကလေး

ပေါ့ပေါ့ပါးပါး ရယ်မောလှုပ်ရှား စားသောက်အသက်ရှင်ချင်
မီးခိုးငွေ့ တွေလိုနှင်းဆီပန်းတွေလိုခဏပွင့်သွားတဲ့
့အဆင်ပြေပြေမနက်ခင်းများမှာနှင်းကြည်လွင်
ဘုရားမသွားပါ
နတ်ဆိုးတွေဝှက်ထားတဲ့ညအံဝှက်ထဲ
အမဲလိုက်ဖို့ချောင်းနေပါတယ်။
မြို့တော်ခန်းမရှေ့
ထိုးဆိုက်လာတဲ့အထူးကားပေါ်မှာနှင်းကြည်လွင်မပါ
မြို့သစ်ကိုသန်းခေါင်ကျော်မှရောက်ပါမယ်။
မိသားစုပရိယေသနများသူ့ခေါင်းပေါ်
ခိုတွေလိုအသိုက်ဖွဲ့နေလို့ 
ဆူးလေလမ်းမပလက်ဖောင်းများမှာ
နှင်းကြည်လွင်ခိုစာရောင်းပါတယ်။
မျက်လုံးပေါင်းများစွာကနေ
လျှံကျလာသောအထင်သေးမှုများ....
နှင်းကြည်လွင်ကိုမသတ်ဖြတ်နိုင်ပါ။
 
အောင်မှူးဝေ

ကျွန်တော်ဆက်လက်မရေးရက်တော့တဲ့ကဗျာတစ်ပုဒ်ပါနှင်းကြည်လွင်။
မိဘလုပ်အားနဲ့အသက်ရှင်နေတဲ့သမီးများရဲ့ပျော်ရွှင်မှုတချို့တ၀က်လောက်
နှင်းကြည်လွင်ကိုမျှဝေပေးကြဖို့တောင်းဆိုချင်ပါတယ်။လူသားချင်းစာနာ
ထောက်ထားသဖြင့်ပေါ့ဗျာ


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here