Monday, November 7, 2011

ကျွန်ုပ်တို့ များပါနေရောလား.........


ကျွန်ုပ်ဒို့ တတွေ......

ကိုးကွယ်ကြတာက ဗုဒ္မွဘာသာ.....

တွေ့ ကြုံနေရတာက ဒုက္ခတွေပါ...

အဆုံးမတွေက ၅ပါး မှသည် ၁၀ ပါး

ဗီဇတွေက အရက်သမားနဲ့  သားမယားပြစ်မှား

ဘုရား....... ဘုရား ဒီထဲ.............

ကျွန်ုပ်တို့ များပါနေရောလား........................................။

ဒီလူမျိုးဆင်းရဲတာ ဘာဆန်းလဲ.....

ဒီတွင်းထဲကလွတ်မှ မလွတ်နိုင်ပဲကိုး..

ဥပုသ် ရက်ကိုရှုပ် တယ် အမှတ်နဲ့  ခေါင်းထဲကထုတ်

လူမျိုးတွေလဲ ယုတ်လာလေပြီ.......

ဘု၇ား ဘု၇ား ဒီထဲ.......

ကျွန်ုပ်တို့ များပါနေရောလား.........................................။


သူတပါးရှာဖွေထား ဥစ္စာ စီးပွား

လိမ်လို့ ညာစား ထိုလူများက.....

တန်ရာတန်ကြေး ယူလို့ ဝမ်းရေးလုပ်တဲ့

ပြည့်တန်ဆာမ အယုတ်ထက် အဆင့်နုတ် တဲ့ 

လူလိမ်ညာ စာရင်းမှာ....

ကျွန်ုပ်တို့ များပါနေရောလား........................................။

`“ မိဘကျေးဇူးဆပ်ဖူး ချင်တယ်`“ တဲ့ ...

သီချင်းလေးတော့ ဆိုလို့ ကောင်း..

ညိုမောင်းတဲ့ ၀ိုင် အရက်လောက်မှ တန်ဖိုးထားကြသေးရဲ့လား

ကျေးဇူးကို သီချင်းနဲ့ ဆပ်.....

မိခင်နိုးဖိုးပြတ်မှ

အမျိုးမြတ်လို့  ထင်နေကြတာ ဗမာ(မြန်မာ) လူမျိုးတဲ့

ဘုရား..ဘုရား...ဒီထဲ.......ကျွန်ုပ်တို့ များပါနေရောလား...............။.

သီလစောင့်တာ ဗုဒ္မွဘာသာ.....

မိဘကျေးဇူးဆပ်တာ သာ/သ္မီး ရတနာပါ......

ကျွန်ုပ်တို့  ဒီလိုဖြစ်ဖို့ ကြိုးစားကြစို့ လား....

ဒီတိုင်ကြိုးစားသွား......

နတ်၊ သိကြားတွေက ဦးခိုက်ရမဲ့ စာရင်းမှာ

ကျွန်ုပ်တို့  မပါဘူးလို့  ပြောနိုင်မလား....

ဒီလို ဖြစ်ဖို့ ကြိုးစားကြစို့ လား....(မသေခင်) .................................။ 

                           
                                                           သိုက်ကြီး (ကျောက်ပန်းတောင်း)


4 မှတ်ချက်:

Anonymous said...

သိုက်ကြီးရဲ့ ရိုက်ချက်ကတော့ ပြင်းတယ်ဟေ့ ကြိုက်တယ်ကွာ မင်းပြောသလို ငါများပါနေရော့လား..သေချာလုပ်အုံးမှ အားပေးတယ်ကွာ မှန်နေလို့ ဘာပြောရမှန်းတောင်မသိ...

naylinnhtun said...

လက်ညိုးငေါက်ငေါက် ထိုးပြီး ရှေ့ လာပြောနေသလား မှတ်ရတယ်
ဝန်ခံသွားပါတယ်၊ကြိုးစားပြုပြင်ပါဦးမယ်
ကျေးဇူး ကိုမောင် နဲ့ ကိုသိုက်
လှိုင်ဘွား(သီချင်းအိမ်)

Unknown said...

သိုက်ကြီး တဲ့လား..
သိုက်ကြီးရဲ့ ရိုက်ချက် ကတော့ မိုက်တီးထက်တောင်
ပြင်းနေပါ့လား..ဘုရား ဘု၇ား.ဘုရား..
ကျွန်ုပ်များ ပါသွားလေးရောသလား ဗျာ..

Unknown said...

ကိုသိုက်ကြီးရဲ့ comment ထဲမှာ ပါသွားခဲ့ပါပြီ...မထိန်းနိုင်တော့လို့....

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here