ပေါင်းနှုတ်နေတုန်းပဲဆိုပါတော့
ဆန်ကြမ်းနဲ့ရောစားရတဲ့အိပ်မက်ေ
ရိုးရာမပျက်စနစ်တကျအလိုမပြည့်မှ
တစ်ဖက်ခြေတံရှည်အိမ်ကလေးမှာမီး
အဖေလည်းအဝေးကြီးမှာ
တောင်ယာတွေကိုသတိရနေမလား
တစ်ခုခုလိုနေတဲ့ညနေစာထမင်းဝိုင်
စားပွဲအိုပေါ်မှာအကျဉ်းစံ..။
နှင်းငွေ့တို့ပွဲသိမ်းအကွက်နင်း
ကျွန်တော့်ဆီကထွက်ခွာသွားသူတွေ
ကျွန်တော့်ထံပြန်လာကောင်းပါရဲ့
လမ်းတွေကအကွေ့ကွေ့အ၀ိုက်ဝိုက်
အကျပ်အတည်းဆီကိုဦးတည်သွား
ဘယ်ရနံ့ကများချောင်လည်လို့လဲ။
သမိုင်းဦးကနေ.....ဒီနေ့ အထိ
အကြောင်းရာစုံပေါ်
အလွမ်းမိုးမွဲတွေရွာချနေရတယ်....
အောင်မှူးဝေ
၁၈.၆.၂၀၁၀
0 မှတ်ချက်:
Post a Comment