ငါမြတ်နိုးတဲ့ မိန်းမတွေထဲ
ငါထိုးထည့်ခဲ့တဲ့ မေတ္တာတရား
နေရပ်လိပ်စာ အမြဲမှားခဲ့ ...။
ဝါဒလွန် သီချင်းတစ်ပုဒ်နဲ့
ရောပြီး ပေါက်ကွဲလိုက်တော့လည်း
အပိုင်းစ တစ်ခုအဖြစ်သာ အဖတ်တင်ခဲ့
လွမ်းတဲ့ အကြောင်းပြောဖို့
လျှာဖျားမှာတင် သေသေသွားတဲ့ စကားလုံးမှာ
ငါတွေဝေလို့ ကောင်းနေတုန်းပေါ့ကွာ။
ငါ့အယူဆဟာ ငါ့ရဲ့တောအုပ်
ငါ့အတွေးက ငါ့ရဲ့ လမ်း
နားထောင်လို့ကောင်းပြီး
မှတ်တမ်းတင်ဖို့မကောင်းတဲ့ဝါကျေ တွ
အသုံးမကျတဲ့သစ်ပင်တွေလိုပွားလာ
ဒါ လူ့လောကပဲဖွင့်ထားတဲ့တံခါးကနေ
အလိုက်သင့်ကလေးဝင်လာ။
လက်ဖက်ရည်တစ်ခွက်ရှိရင်သေပျော် သူနဲ့
ကွန်ပြူတာကိုင်ရရင်ရှင်ပျော်တဲ့ မိန်းမတစ်ယောက်
ပေါင်းလိုက်ရင်ဘာဖြစ်မလဲ
အခု သစ္စာဖောက်တွေရဲ့ကောင်းကင်မှာငါ ကဘာလဲ
သူရဲကောင်းတို့မြေပြင်မှာ
ဖိနပ်ကလေးတစ်ရံဖြစ်ချင်ခဲ့သူပါ
ငါဟာ ငါ့တောအုပ်ထဲမှာ
ငါ့လမ်းမပေါ်မှာ
ငါ့လှည့်ကွက်နဲ့ငါ
ငါ့မပြည့်စုံခြင်းနဲ့ငါ
ငါ့နှင်းဆိပ်သင့်အာရုံများနဲ့ငါ
ငါ့ဝင်္ကပါနဲ့ ငါ
ငါ မျက်စိလည်ခဲ့ပြီ။ ။
အောင်မှူးဝေ
1.12.2011
အောင်မှူးဝေ
1.12.2011
3 မှတ်ချက်:
အောင်မှုးဝေရေ
ငါလဲဖတ်ရင်နဲ့ မျက်စိလည်သွားတယ်
ကိုကဗျာဆရာရယ်
ကဗျားဖတ်သွားပါတယ်
ကိုအောင်မှုးဝေရေးမို့လိုလားမသိဘူး
ခေါင်းတောင်မူးတယ် သိလား
မူးမှာပေါ့နော် ပုံက ဇောက်ထိုးထည့်ထားတာကိုလို
စိတ်ဆိုးရဘူးနော်
ဟဲဟဲ
(မောင်လူလေးတပည့်)
မျက်စိလည်လို့တော်သေးတာပ။တခြားဟာလည်သွားရင်ပြဿနာပဲဂျက်ရေ။
Post a Comment