Sunday, December 4, 2011

လရိပ်ရဲ့ ညအိပ်တေး


ဖျောက်ဆိတ်ကြယ်တသင်းနဲ့ 
ချစ်ခြင်းတွေခင်းခဲ့စဉ်က
မရင်နှီးတဲ့ ဒဏ္ဍာရီတွေ ဖတ်ခဲ့ဖူးတယ်
ခေတ်အကြောင်းကောင်းကောင်းမသိတော့
ပိုးကတီပါနှင့်ရွှေထီးပဲဆောင်းရတော့မလိုလို
စုန်ဆန်ပျော်မြူး စမ်းကူးငါးအသွင်
ဘယ်နေရာအမှားတွေဆိုတာကိုမမြင်.....။

အိပ်မက်တွေချစားသွားတော့မှ
ပျားရည်ဆမ်း နှုတ်ခမ်းတစ်စုံ
အထိတ်တလန့် တွေ့ လိုက်ရတယ်
ရင်လွဲအချစ်တို့ ရဲ့ နင်းဖြတ်ခြင်းခေါင်းစဉ်အောက်က
နိမ့်မြင့်လွဲတံတားတစ်စင်းရဲ့ 
ငိုကြွေးခြင်းအက်ကွဲကြောင်းရာဇာဝင်တွေရှိတယ်
အပျံသင်ဌက်တစ်ကောင်ရဲ့ 
ခရီးသွားမှတ်တမ်းတွေရှိတယ်
ဒီ့ထက်ပိုပြီး
ရင်ခွင်မှာဗလာပဲရှိတယ်....။

တုမရဆုံးက ယုယအပြုံးတွေနဲ့ 
အသက်ရှုသံတွေဘက်တုပြန်ဖို့ ထပ်တူမချန်ပေးခဲ့ ဘူး
ကြုံကြိုက်သေးတော့လည်း ဆုံလိုက်သေးတာပေါ့
အခုတော့...
သန်းခေါင်းထက်တော့ညဥ့်နက်နေပါလား
အိပ်စက်ခြင်းတွေအပိုင်သိမ်း
မယိုင်သေးတဲ့ ဒီစိတ်
ရစ်မူးနေလိုက်တာ
ကဗျာပေါ်လာနားတဲ့ လရိပ်တောင်
တရေးအိပ်ရောပေါ့.......
                                     လေလွင့်လူ(ကမာမြေ)

8 မှတ်ချက်:

စံပယ်ချို said...

ကဗျာပေါ်လာနားတဲ့ လရိပ်တောင်
တရေးအိပ်ရောပေါ့.တဲ့ စာသားလေးတွေအရမ်းကိုလန်းတယ်
ကြိုက်တယ်လေလွင့်သူရေ
မမ jasmine

Anonymous said...

ခေတ်အကြောင်းကောင်းကောင်းမသိတော့
ပိုးကတီပါနှင့်ရွှေထီးပဲဆောင်းရတော့မလိုလို
စုန်ဆန်ပျော်မြူး စမ်းကူးငါးအသွင်
ဘယ်နေရာအမှားတွေဆိုတာကိုမမြင်.....။


ဟုတ်တယ်ဗျာ လေလွင်လူ ရဲ့ ရိုက်ချက်က မိတယ်ဗျို့ ..

laylwintlu said...

ဟုတ်ကဲ့မမJasmine ဂရုစိုက်ဖတ်ပေးတာကျေးဇူးတင်ပါတယ်
ဆရာမောင် ခံစားချက်တော့ထိသွားပီထင်တယ် ဆော်တီး..ဟီဟီP!

Anonymous said...

အားပေးတွားပါကြောင်း... :)

သီရိ said...

လာဖတ်သွားပါတယ်...:)

မဒမ်ကိုး said...

တို့ကတော့အိပ်လိုက်တာ ၂ ရေးရတယ်း)

လွင်ပြင်လှိုင်းငယ် said...

စာသားတွေအရမ်းလန်းတယ်

blackroze said...

လရောင်အောက်မှာ
ချစ်သူသီချင်းသံလေးနဲ့အိပ်ချင်တာ..

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here