Wednesday, December 7, 2011

မှန်ပေါ်ထင်ချင်တဲ့အရိပ်



အမှောင်နယ် အရောင်ခြယ်လည်း
အရောင်ပြယ်ရုံထက် ဘာပိုလာမှာလဲ
သီအိုရီမှားပုစ္ဆာတွေအတွက် ထပ်တူကြဖို့ ဆိုတာ
ဘောင်ကျော်တဲ့စိတ်ကူးတွေပါ

ပန်းပျိုးလက် ပန်းမခူးရအဆိုတိုင်းထားရင်
အလှနဲ့ ပန်းနွမ်းရုံရှိမှာပေါ့
ပန်ဆင်သူအလှအတွက် ခံစားချက်မထည့်တွက်
ငဲ့ကွက်မှုမရှိဘူး အပြစ်သဘောဆိုချင်လည်းဆိုလိုက်ပါတော့

နဂိုအရင် လိုချင်လျက်
ဆန္ဒတစ်စုံအနားကပ်သိမ်းထားခဲ့တာပါ
စိမ်းကားခြင်း အခါခါ အရာရာတိမ်းပါးမှုအောက်
ကျရှုံးခန်းတွေ အသက်မသွင်းချင်တော့ဘူး

ခပ်ပြင်းပြင်းသာ ရိုက်ခတ်သွားပါ
ပြတ်တောက်မှုရာဇဝင်အတွက်
တင်းခံပေးမထားရင်
ဂီတာတစ်လက်ရဲ့ သံစဉ်တွေ
ရှိလာနိုင်စရာအကြောင်းမရှိဘူး

ရိုက်သွင်းလိုက် ပြန်နုတ်လိုက်
တူတစ်ချောင်းလို စိတ်ကြိုက်သာလုပ်ပါ
ခံနိုင်ရည်ဆိုတာတွေနဲ့  တောင့်ခံပေးထားပါမယ်

အဖြည့်ခံတဲ့လား...
အရာရာ အမှားလို့ မမြင်ပေးခဲ့တာ
အထင်သေးတဲ့အကြည့်အောက်
ထိရောက်မှုအခါခါလာလည်း
နာကျင်ခြင်းတွေ မေ့ဖျောက်ထားတာပါ

သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုတွေရှိနေမယ်ဆိုရင်
တစ်ခုပဲလိုချင်ပါတယ်
မင်းဆီကအချစ်ဆိုတာတုန့် ပြန်လာနိုင်မယ့်
တစ်နေ့ ကိုပေါ့......။     ။

                                                             လေလွင့်လူ(ကမာမြေ)


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here