အာဒံနဲ့ ဧဝတော့မဟုတ်ဘူး.......
ဒါပေမယ့်.............
ပန်းသီးလေးတွေ အတူတူစားရင်း
အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးကို
ငါတို့ အတူ ထိုင်ငေးကြည့်ခဲ့ ဘူးတယ်.............။
ငါ....မှတ်မိနေသေးရဲ့.......
ထီးကလေး တစ်ချောင်းအောက်
နှစ်ယောက်တွဲ လမ်းလျှောက်တဲ့ အချိန်
ဒီကမ္ဘာပေါ်မှာ နှစ်ယောက်ထဲ
ပတ်ဝန်းကျင်ဆိုတာ မြူတစ်မှုံစာပဲ မြင်ခဲ့တယ်...............။
နှစ်ယောက်အတူ လက်တွဲလို့
လူ့ လောကထဲ ရင်ဆိုင်ရဲလားလို့ မေးလိုက်တိုင်း
နင်ကစပြီး ဆုပ်ကိုင်ခဲ့တဲ့ ငါ့လက်တစ်စုံ
ပြီးတော့.........
“မ“ ကို မယုံဘူးလားလို့ သူမေးခဲ့သေးတယ်..............။
2009 ထဲကနေ့တစ်နေ့
ငါ.....
ခုထိမမေ့ သေးပါဘူး ချစ်သူ.............။
တပါးသူရဲ့ ရင်ခွင်
ခိုဝင်ကာ နင်မှေးစက်
ငါ့ မျှော်လင့်ချက်တွေကို ဖျက်ခဲ့တယ်...............။
ရင်ထဲမှာလေ......
အကျည်းတန် သတိရမှု တစ်ချို့ကို
သက္ကရာဇ်တွေက မေ့ပျောက်အောင်
ဝါးမြို မစားသောက် နိုင်ခဲ့ဘူး.....................။
အထီးကျန်သူအတွက်
အဖိုးတန်တဲ့ ဆုတစ်ခုကို တောင်းပါဆိုရင်
သူစိမ်း ပြင်ပြင် ဆက်ဆံရေးနဲ့
ငါတို့..............
ဘယ်တော့မှ ပြန်မဆုံကြေးပေါ့ ချစ်သူရယ်...................။
ညီညီ (မြန်အောင်)
4 မှတ်ချက်:
ဒီကဗျာလေးရဲ့ ဇာတ်ကြောင်းကတော့ သိတယ်နော် ခံစားရတယ်ဗျာ အကြောင်းသိတွေဆိုတော့ ပိုခံစားရတယ်
ဒီကဗျာလေးရဲ့ ဇာတ်ကြောင်းကတော့ မသိပါဘူး
ဒါပေမဲ့ကဗျာကတော့ရည်လည်လန်းတယ်
ကိုယ့်ကိုများ ရွဲ့ပြီး စပ်ထားလေသလား အောက်မေ့ရတယ်။ တော်သေးတာပေါ့၊ မြန်အောင်ဆိုလို့။ :P
ဟုတ်ဖတ်သွားပါတယ် ကိုညီညီမြန်အောင်
နည်းနည်းလောက် ရက်စက်သလို့ပဲနော်
အားပေးတယ်နော်
Post a Comment