Wednesday, December 14, 2011

“အမေ”


အဖြူစင်ဆုံးသော
မေတ္တာတရားတွေနဲ့
အမေ့ရဲ့မွေးဖွားခြင်းကြောင့်
လောကကြီးမှာ
အသက်ရှင် ရင်ဆိုင်ခွင့်ရခဲ့တဲ့
ကျွန်မအတွက်
အမေဟာ
အတုမဲ့ပါ…အမေ။

ကျွန်မအသက်နှင့်
ထပ်တူ ထပ်မျှ ချစ်ရသော
အရင်းနှီးဆုံး
တီးတိုးတိုင်ပင်ဖော်
အရင်းနှီးဆုံး
ရင်ဖွင့်နားလည်ဖော်ဖြစ်တဲ့
အမေသာ
ကျွန်မအတွက်
လမ်းပြကြယ်ပါ…အမေ။

ဇွတ်တရွတ်နဲ့ ခေါင်းမာတတ်တဲ့
သမီးနှင့် အမေရဲ့
ခါးသီးခဲ့တဲ့
နေ့တချို့ကို ပြန်တွေး
အရာရာတိုင်းမှာ
တဖတ်သက် နားလည်မှုတွေ
ပေးနိုင်စွမ်းခဲ့တဲ့
အမေ့ရဲ့ မေတ္တာဟာ
ကျွန်မအတွက်
အဆုံးမဲ့ သမုဒ္ဒရာပါ…အမေ...။

မြတ်စွာဘုရားထံ ဆုတောင်း
အမေ့ရဲ့ ချစ်ခြင်းတွေကို
ကောင်းကောင်းနားလည်ပြီးဖြစ်တဲ့
ကျွှန်မအတွက်
အခြားအရာအားလုံးထက်
အမေ့ရဲ့ ကျေးဇူးကိုသာ
အပြည့်အ၀ ဆပ်ခွင့်ရသူ
ဖြစ်ပါရစေ…အမေ။

   (  
ချစ်သောမေမေ အတွက် မှတ်မှတ်ရရ နတ်သမီး (တောင်ကြီး)ရဲကဗျာကို 
ပန်လညရေးသားမျှဝေပေးပါသည်။          

                            ခင်မင်လေးစားလျှက်..........ရစ်မမ (နေပြည်တော်) 



2 မှတ်ချက်:

ကိုရင် said...

အမေ လွမ်းတယ်ကွာ...

စကားမစပ်..ဒင်းအမေတပြီဆိုရင်တော့ ခလုတ်ထိထားပြီထင်တယ်..ဟင်းဟင်း :D

မေဝင်း789 said...

ရော် ရစ်(မမ)တယ်တော်ပါလား
နော် ဖတ်သွားတယ်နော်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here