Thursday, December 15, 2011

မင်မထင်လိုက်တဲ့မျဉ်းတစ်ကြောင်း

  

ပိုင်ဆိုင်လို ဆန္ဒထက် ကြည့်ခွင့်တွေရုပ်သိမ်းခံရချိန်

ပေးဆပ်ခြင်းထက် ရယူခြင်းကိုကြောက်သွားမိတယ်

ချစ်ခြင်းမုန်းခြင်း စီးချင်းထိုးစဉ်က

သေဆုံးရတဲ့မေတ္တာတရားအတွက် အလျော်အစားဆိုတာမရှိခဲ့ဘူး



ပိုးတုံးလုံးတစ်ကောင်ရဲ့အတောင်ပေါက်ခြင်းနိဒါန်းအစမှာ

ပလူးတစ်ကောင်ရဲ့ အတောင်ကျွတ်ခြင်းနိဂုံးတွေရှိခဲ့တယ်

သဇင်တစ်ခက်ရဲ့ အလှမာန်ကြား စံပယ်တစ်ကုံးရဲ့သိမ်ငယ်မှုတွေရှိခဲ့တယ်

ပိတောက်တွေရဲ့ဝေဆာမှုကြား ငုတို့ ရဲ့မြေခခြင်းအလှတွေရှိခဲ့တယ်



ခရေတွေက ပင်ယံမှာထက် မြေပြင်မှာအလှတရားပိုပါတယ်

နွမ်းခြောက်ပေမဲ့ ကံကော်တွေက ရနံ့ မပြယ်ခဲ့ပါဘူး

အရယ်လွန် အရှိုက်ခက်တွေကြား

ပါးပြင်ဆိုတာ မျက်ရည်စီးဆင်းရာလမ်းကြောင်းမှမဟုတ်တာ…..

ဌက်တိုင်းသာပျံသန်းခွင့်ရှိရင် ပင်ဂွင်းရဲ့အကြောင်းအစမဖော်သင့်ဘူး



 လောကကြီးလည်းတရားပါတယ် 
ဘယ်နေရာတွေမှ  မှားယွင်းမှုမပါခဲ့ဘူး
တောင်းဆိုချက်မဟုတ်သလိုတောင်းပန်မှုလည်းမဟုတ်တဲ့အခါ
တချို့  နေရာတွေကို
ဦးနှောက်အစား ရင်ဘတ်ကိုသုံးခဲ့ပါတယ်ဆိုရင်ပေါ့…..



 ဘယ်တော့မှထိစပ်မရ  အပြီးသတ်တွေ…..

နှစ်ကြိမ်တိတိ ဆုံစည်းခြင်းကြမ္မာကြား

အရှုံးယူဆမရတဲ့ နှစ်သိမ့်မှုကိုပိုက်

ကိုယ်တိုင်စိုက်ပျိုးမိတဲ့ မျှော်လင့်ချက်တွေ

ကိုယ်တိုင်ပဲ တွန်းလှဲခဲ့ရတယ်

ဘာကြောင့်ပဲဖြစ်ဖြစ်ပါ…..

ရှင်သန်ပြီး မကြီးထွားမယ့်

“မုန်းချင်လည်း မုန်းလိုက်ပါ” စကားလုံးတွေ

ပြန်လာယူရိတ်သိမ်းသင့်တယ်လို့ ထင်တယ်

အချစ်ဆိုတာ အမုန်းကိုရှင်သန်စေတဲ့ မျိုးစေ့မဟုတ်ဘူး…..။        ။

                                                            
                                                             လေလွင့်လူ(ကမာမြေ) ဒီဇင်ဘာ ၁၅



                                                                             


7 မှတ်ချက်:

Candy said...

ကဗျာထဲက တင်စားထားတာလေးတွေ သဘောကျတယ် :D

ဘိုဖြူ said...

“မုန်းချင်လည်း မုန်းလိုက်ပါ” စကားလုံးတွေ

ပြန်လာယူရိတ်သိမ်းသင့်တယ်လို့ ထင်တယ်

အချစ်ဆိုတာ အမုန်းကိုရှင်သန်စေတဲ့ မျိုးစေ့မဟုတ်ဘူး
ကျွန်တော့ကိုတော့ မမုန်းပါနဲ့ဗျာ

စံပယ်ချို said...

ကောင်းတယ်လေလွင့်သူရေ
ခံစားဖတ်ခဲ့တယ်နော်

laylwintlu said...

ဟုတ်ကဲ့ပါ....ကျေးဇူးအထူးတင်ပါတယ် အားလုံးကိုပါ မမတီ..:P

မေဝင်း789 said...

ကိုလလလ(ကမာမြေ) အမယ်လေးNameခေါ်ရင်
လမ်းတဝက်မှာ die နိုင်တယ် ကိုလလလ(ကမာမြေ)ရဲ့ကဗျားလေးကို
ဖတ်သွားတယ်နော် နော်အကြေိုက်ဆုံးက အချစ်ဆိုတာ အမုန်းကိုရှင်သန်စေတဲ့ မျိုးစေ့မဟုတ်ဘူး စာသားကိုအကြိုက်ဆုံးပဲနော်

လမင်းငယ် said...

စာသားတွေကလန်းတယ်ကွယ်
ခံစားအားပေးခဲ့ပါတယ်

laylwintlu said...

အားလုံး(အားလုံး)ကိုကျေးဇူးပါထက် ပိုပါတယ် အခုလိုအားပေးမှုတွေက ကျွန်တော်အတွက်ခွန်အားတွေပါ နောက်နောင်လည်းဆက်လက်အားပေးကြစေလိုပါတယ် ။
အားလုံးကိုခင်မင်လေးစားလျက်-

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here