Friday, December 16, 2011

ရင်ခွင်မဲ့သား


အမေ့ရဲ့
ချွေးစက်လေးတွေနဲ့
ပေးဆပ်ခဲ့ရတဲ့
ဘ၀ရဲ့ စာမျက်နှာများမှာ
အားငယ်စွာ ရုန်းကန်ရင်း.....။
အမေရယ်.................
အမေ့ရဲ့
ပြတ်သားတဲ့ စိတ်ဓါတ်
ရဲရင့်တဲ့ အတွေးခေါ်တွေ
ကျွန်တော် ခုထိ မှတ်မိသေးပါရဲ့....။
""" သား
ရွက်မရှိ
တက်နဲ့လှော်
တက်မရှိ
လက်နဲ့လှော်ရမယ် ""  လို့"
ကြွေးကြော်ဆုံးမ
လမ်းပြခဲ့တဲ့
အမေ့ရဲ့ စကားသံ
တခါပြန်ကြားချင်တယ် အမေရယ်....။
မိုးမကြောက်
လေမကြောက်
လမ်းတလျှောက်
တွေ့သမျှ ဒုက္ခ
ခါးစည်းရင်ဆိုင်ခဲ့ရတယ် အမေရယ်....။
အတောင်စုံလို့
သိုက်မြုံကိုစွန့်ခွာ
အလှကမ္ဘာမှာ မျှော်လင့်ရင်းနဲ့
ဘ၀မေ့ခဲ့တဲ့ သားကို
အမေ့ရဲ့ ရင်ခွင်ကြားမှာ
ပြန်လည် နားခိုခွင့်ပေးပါ အမေ....။




ဆရာ တင်ဦးသိန်း၏ ကဗျာကို (အမေချစ်သော သားများအတွက်)
ပြန်လည်ရေးသားမျှဝေခြင်း ...................... ရစ်မမ(နေပြည်တော်)

1 မှတ်ချက်:

ဘိုဖြူ said...

အမေချစ်တတ်တဲ့ ကျွန်တော်တို့အတော့
လာရောက်ခံစားခဲ့ပါတယ်ဗျာ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here