Sunday, December 25, 2011

ဒီဇင်ဘာသို့.............


သဇင်တွေ ဝေလို့ကောင်းတုန်း
မြူနှင်းတို့ ကြွေမဆုံးခင်
လက်ပြလို့ နှုတ်ဆက် ချင်တယ်
နှစ်တစ်နှစ်ရဲ့ အဆုံးက
နိဂုံးလ တဲ့လား ဒီဇင်ဘာ............။

ဒီဇင်ဘာ ညလယ်ခင်းက
ခိုက်ခိုက်တုန် တဲ့ ရင်ခုန်ခြင်းနဲ့
ဖုံးအုပ်နေတဲ့ မြူနှင်းတွေများ
ငါတို့တွေနဲ့ ဝေးကွာသွားတာ
နှစ်တွေများစွာ အတော်တောင် ကြာခဲ့ပေါ့...........။

အဟောင်းများစွာ ကြားထဲက
အသစ်တွေထဲကို တွန်းပို့လိုက်ရင်း
ငါတို့ အသက် တစ်နှစ်ကြီးခဲ့ခြင်းဆိုတာ
သတိရစေခဲ့ တာလား ဒီဇင်ဘာ....................။

လူတချို့က
လမ်းခွဲ နှုတ်ဆက်လို့
အသစ်တွေဆီသို့ ခြေဦးလှည့်လို့ နေကြချိန်...............။

အဝေးတစ်မြေမှာ
တစ်ယောက်ထဲနေရင်း
သံယောဇဉ်ရဲ့ ချည်နှောင်ခြင်းမှာ
မျှော်လင့်မိတဲ့ ငါ့ညီမဆိုတာလည်း
ဒီဇင်ဘာမှာ ငါ့ကို လမ်းခွဲတယ်........................။
ခုနှစ်နဲ့ သက္ကရာဇ်တွေရဲ့ကြား
ဘယ်တော့မှ ဟောင်းနွမ်းမသွားပဲ
အေးစက်ခြင်းတွေကို ယူဆောင်ရင်း
တစ်နှစ်တစ်ခါ နုပျိုခြင်းရှိတဲ့ ဒီဇင်ဘာရေ................။
နောင်လာမယ့် နှစ်တွေများမှာ
ငါတို့ ဆုံတွေ့ ခဲ့ကြရင်
အေးချမ်းမှု ရဲ့ ရင်ခုန်ခြင်းနဲ့
ဖြူစင်တဲ့ မြူနှင်းတွေ ကြားမှာ
မာန်မာနတွေရဲ့ အဝေး
တချိန်က ငါ့ညီမလေးနဲ့
ပြန်လည်ဆုံတွေ့ခွင့်ပေးပါ ဒီဇင်ဘာ..................။
                                                            ညီညီ(မြန်အောင်)




5 မှတ်ချက်:

လမင်းငယ် said...

အဝေးတစ်မြေမှာ
တစ်ယောက်ထဲနေရင်း
သံယောဇဉ်ရဲ့ ချည်နှောင်ခြင်းမှာ
မျှော်လင့်မိတဲ့ ငါ့ညီမဆိုတာလည်း
ဒီဇင်ဘာမှာ ငါ့ကို လမ်းခွဲတယ်........ကဗျာလေးခံစားသွားပါတယ်ရှင်

ညီညီ said...

ကျေးဇူးတင်ပါတယ် ခင်ဗျာ....
နှစ်သစ်မှာ ကျမ္မာပျော်ရွင်ကြပါစေလို့ သူငယ်ချင်းအားလုံးအား
ဆုတောင်းပေးနေပါတယ်ဗျာ......

Anonymous said...

လင်းနစ်ရဲ့ "ဒီဇင်ဘာည"
သီချင်းလေးနားထောင်လို့ကောင်းသလိုပဲ
ညီညီ ရဲ့ ဒီဇင်ဘာသို့....
ကဗျာကလည်း အရမ်းဖတ်လို့
ကောင်းပါတယ်
အားပေးသွားတယ်နော်

laylwintlu said...

ကိုညီရေ ကဗျာလေးအားပေးသွားပါတယ် ညီမလေးနဲ့ အမြန်ပြေလည်ပါစေဗျာ

မောင်သီဟ said...

ဟောဒီဒီဇင်ဘာည အရမ်းချမ်းတယ်ညီ
နေပြည်တော်မှာ ညညတကယ်ကွေးရတယ်ကွယ်

း)

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here