ဒီကိစ္စပဲထပ်ထပ်ပြောနေမိ
အချစ်နဲ့ကဗျာမှာ
ဓနဥစ္စာမလိုတဲ့အကြောင်း
အရိုးကိုက်နေရတာပါ
တွက်ချေအင်မတန်ကိုက်တဲ့အကြောင်း
ပိုက်ဆံမရှိတာဟာရောဂါတစ်ခုဆို
ကျွန်တော်လည်းကုမရတာကြာပြီ။
မြို့ပြဟာ..
မြို့ကိုပြပြစားနေတဲ့ မျက်လှည့်ဆရာ။
အဆင်ပြေတယ် ဘကြီးစိမ်း
အေး နဲ့လည်း အဆင်ပြေတယ်
ခင်ဗျားရဲ့နှစ်သုံးဆယ် ရေဒီယိုကြီး
မြည်သေးတယ်
ချောင်းသာကပြောင်းလာတဲ့အိပ်မက်ေ
အဆင်ပြေတယ်
ဒုက္ခိတနဲ့အရူးတွေ
ဇာတ်ထောင်တဲ့ကဗျာတွေလည်းအဆင်ြေ
ကျွန်တော်လည်းအဆင်ပြေတယ်
အရာရာနဲ့ကျွန်တော်လည်း
ဘယ်လောက်နီးနီးဝေးဝေးလေးပဲ။
ခွေထားတဲ့ကြိုးလို စိတ်က
ဘတ်စ်ကားပေါ်ရောက်မှရှည်လျားလာ
ထောက်ထားစရာတွေပြည့်လို့
ထောက်ထားချင်စရာတွေပြည့်လို့
ဘ၀တစ်ခုလုံးလောင်းထည့်ထားတာတော
ဆန္ဒတွေက မပြည့်ဘူး။
ကျွန်တော်တို့လက်ထဲက ချောထွက်နေတဲ့
မြို့ပြဟာ ၀င်လွယ်ထွက်လွယ်
ခေါင်းငုံ့တက်ပြီးခေါင်းငုံ့ဆင်
တချို့နေရာတွေက ဆိုင်းဘုတ်အသေနဲ့
ညရှုခင်းကိုနေကာမျက်မှန်တပ်ကြည်
လူကြီးတွေရဲ့တိုက်ပုံထဲကအလွမ်း
ခမ်းနားကြောင်းပြောရဆိုရ
အကြောင်းမညီညွတ်ရင်
ဘောင်းဘီချွတ်ရတယ်
နာ့စ်မကိုကျောပေး
ကုန်းပြီးတော့ချောင်းဆိုးပြရတယ်
တစ်လောကလုံးဒါပဲ-တဟွတ်ဟွတ်
မှာထားတဲ့လက်ဖက်ရည်ခွက်မရောက်မီ
ဒီကိစ္စပဲထပ်ထပ်ပြောနေမိ
မြို့ပြဟာ..
ဘတ်စ်ကားပေါ်ရောက်မှ ရှည်လျားလာ။ ။
အောင်မှူးဝေ
စွယ်စုံပရိသတ်အတွက်မရေးတာကြာလို့ကဗျာသစ်ပါ။
2 မှတ်ချက်:
ကဗျာကောင်းလေးဖတ်သွားပါတယ်
အချစ်နဲ့ကဗျာမှာ
ဓနဥစ္စာမလိုတဲ့အကြောင်း
အရိုးကိုက်နေရတာပါ ကြိုက်တယ် အဲစာသားလေးကို
အားပေးသွားပါတယ်
Post a Comment