Wednesday, December 7, 2011

ဝင်ချိန်စောတဲ့ နေ



ငါ့ ကိုမှကြည့်လို့ မရတဲ့  နင်
နင့် ကိုမှကြည့်လို့  မဝတဲ့  ငါ
နှစ်ဦးကြားပြိုင်မျဉ်းနှစ်ကြောင်း ဘယ်တော့မှမဆုံဘူးလို့ 
နင် ပြောခဲ့ပေမဲ့
အချစ်ဆိုတာတဲ့အရာ တစ်နေ့ တစ်ချိန်ဆုံနိုင်ကောင်းတယ်လို့ 
ငါ့ အတွက်မျှော်လင့်ခြင်းဆိုတာတွေ မယိုင်လဲခဲ့ဘူး

ငါ့ အတွက်ဆို ပစ္စုပ္ပန်ကို
အခါခါရိုက်ဖျက်နေတတ်တဲ့ နင်
နင့် အတွက်ဆိုအနာဂတ်တွေအကြိမ်ကြိမ်တည်ဆောက်နေတဲ့ငါ
အချစ်ကြောင့်မသေလောက်ပါဘူးလို့ နင်ပေးခဲ့တဲ့ဥပက္ခာတွေ
ငါ ကျေနပ်ခဲ့တယ်
အချစ်ကြောင့်တော့မသေနိုင်ပေမဲ့ 
ငါ သေလောက်အောင်တော့နင့် ကိုချစ်တယ်

နင့် မျက်စောင်းတွေ ငါခံနိုင်တယ်....
နင့် ပြတ်လုံးတွေ ငါခံနိုင်တယ်....
နင့် ဥပက္ခာတွေ ငါခံနိုင်တယ်....
နင့် အတွက်ဆိုရင် တုန့် ပြန်မှုအားလုံး ခံနိုင်ရည်ရှိပါတယ်

ဘာကြောင့်လဲ.....
နင် နဲ့ ပတ်သက်တဲ့ နှုတ်ဆက်ခြင်းဆိုတာတွေတောင်
နောက်ဆုံး ငါ မရနိုင်ခဲ့တာ
တုန်ခါနေတဲ့ ဟောဒီ့ရင်ဘတ်အတွက်
ရက်စက်တယ်”ဆိုတဲ့ စကားလုံးကို
ငါ နင့်အတွက်ယူမသုံးရက်ပါဘူး

အခုတော့-
ငါ့ အိမ်မက်တွေ ပျက်သုဉ်း
မျှော်လင့်ချက်ဖရိုဖရဲတွေနဲ့ 
ငါ့ နှလုံးသားကို ငါ
အကြောင်းပြချက်ပေးဖို့  စကားလုံးရှာမရသေးဘူး

ဘာကြောင့်ဖြစ်ဖြစ်....
တခြားတစ်ယောက်ကိုချစ်သွားတဲ့ နင်
ငါ....
အပြစ်မတင်ပါဘူး
ကံကိုလည်းမရိုးခဲ့ပါဘူး
တကယ်တော့-
အချစ်ဆိုတာ ငါ့ အတွက်တော့
နေဝင်ချိန်တွေ စောခဲ့တာပါ      ။          ။
                                                                              
                                                                               လေလွင့်လူ(ကမာမြေ)   


3 မှတ်ချက်:

မဒမ်ကိုး said...

ဘ၀ရဲ့နေ၀င်ချိန်တော့မစောပါရစေနဲ့အေး)

Candy said...

ကောင်း၏ :D :D

laylwintlu said...

အမြဲဖတ်ရှုပေးတဲ့ မဒမ်ကိုးနဲ့  မကန်ဒီတို့ အားအထူးကျေးဇူးတင်ပါတယ်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here