အို..
****** လူသားတို့ **********
ဟန်ဆောင်အပြုံးတွေနဲ့
လိမ်ညာနေကြတုန်းပဲလား.......?
သံယောဇဉ် အတုကိုသုံး
အချစ်ဆိုတဲ့ ဝေါဟာရကို
အလွဲသုံးစား လုပ်နေကြတုန်းပေါ့.............။
မျိုးစေ့မမှန်လို့
အပင် မသန်ခဲ့တာ ဆိုရင်
မျှော်လင့်ခြင်းမဲ့တဲ့ ခဏတာ ငါ့ရင်ခွင်ဆိုတာ
ခရီးသွားချိန် တစ်ထောက်နားတဲ့
ဇရပ်ပျက် ဆိုတာ ဒါပဲလား............။
နှစ်မွှာ အသဲ ပိုင်ရှင်မို့
နှစ်ယောက်တွဲ ချင်တယ်ဆိုရင်
ငါ ကြည့်ခဲ့ ဘူးတဲ့ ရုပ်ရှင်လို
နင့် ရုပ်သွင်ကို နှစ်ကိုယ်ခွဲ
မာယာများနဲ့ ကစားတဲ့ပွဲမှာ
နောင်တများသာ နင်ရလိမ့်မယ်.............။
သိက္ခာမဲ့ စရိုက်နဲ့
ချွေးပြိုက်ပြိုက် ရမ္မက်တွေကြားမှာ
နင်သာယာ သွားတာသိရင်
ငါ့အသဲမှာ တကယ်နာကျဉ်တယ်..............။
ရာဇဝင်မှာ စံထားတဲ့
( တော်လေးဝ) လိုလူသား မဖြစ်ချင်နေပါ
မင်းဆဒ္ဒန်ကို အငြိုးထားတဲ့
(သုဘဒ္ဒါ) လို လူစားမျိုးတော့ မဖြစ်ပါစေနဲ့............။
အပင် မသန်ခဲ့တာ ဆိုရင်
မျှော်လင့်ခြင်းမဲ့တဲ့ ခဏတာ ငါ့ရင်ခွင်ဆိုတာ
ခရီးသွားချိန် တစ်ထောက်နားတဲ့
ဇရပ်ပျက် ဆိုတာ ဒါပဲလား............။
နှစ်မွှာ အသဲ ပိုင်ရှင်မို့
နှစ်ယောက်တွဲ ချင်တယ်ဆိုရင်
ငါ ကြည့်ခဲ့ ဘူးတဲ့ ရုပ်ရှင်လို
နင့် ရုပ်သွင်ကို နှစ်ကိုယ်ခွဲ
မာယာများနဲ့ ကစားတဲ့ပွဲမှာ
နောင်တများသာ နင်ရလိမ့်မယ်.............။
သိက္ခာမဲ့ စရိုက်နဲ့
ချွေးပြိုက်ပြိုက် ရမ္မက်တွေကြားမှာ
နင်သာယာ သွားတာသိရင်
ငါ့အသဲမှာ တကယ်နာကျဉ်တယ်..............။
ရာဇဝင်မှာ စံထားတဲ့
( တော်လေးဝ) လိုလူသား မဖြစ်ချင်နေပါ
မင်းဆဒ္ဒန်ကို အငြိုးထားတဲ့
(သုဘဒ္ဒါ) လို လူစားမျိုးတော့ မဖြစ်ပါစေနဲ့............။
မေတ္တာမပါ သစ္စာမရှိပဲ
ကစားခဲ့တဲ့ နင့်ရဲ့ ပွဲမှာ
အရှုံးများစွာကို ဆင်နွှဲ
ငါ့မှာတော့..အလဲလဲ..အကွဲကွဲ.... ...................။
ကစားခဲ့တဲ့ နင့်ရဲ့ ပွဲမှာ
အရှုံးများစွာကို ဆင်နွှဲ
ငါ့မှာတော့..အလဲလဲ..အကွဲကွဲ....
ညီညီ(မြန်အောင်)
6 မှတ်ချက်:
ဲ့မျိုးစေ့မမှန်လို့
အပင် မသန်ခဲ့တာ ဆိုရင်
မျှော်လင့်ခြင်းမဲ့တဲ့ ခဏတာ ငါ့ရင်ခွင်ဆိုတာ
ခရီးသွားချိန် တစ်ထောက်နားတဲ့
ဇရပ်ပျက် ဆိုတာ ဒါပဲလား............။
အဲ့ဒီစာသားကို တကယ်ခိုက်သွားပြီနော့......................။
ညီညီရေ
ကဗျာလေးကောင်းတယ်ဗျို့
နှစ်သစ်မှာပျော်ရွှင်ပြီး အောင်မြင်မှုတွေရပါစေလို့
ကျေးဇူးတင်ပါတယ်ခင်ဗျာ.....
နှစ်သစ်မှာ သူငယ်ချင်းအားလုံး လိုရာဆန္ဒ
ပြည့်ဝကြပါစေ..............
ညီရေ
ကဗျာလေးကလန်ထွက်နေပါလား ကိုလဲ အဲလိုမျိုးတွေရေးတတ်ချင်တာ
မရဘူးဗျာ
မလဲပါနဲ့မကွဲပါနဲ့ အချိန်တွေရှိပါသေးတယ်း)
အီးးးးးးးးးးးးးးးးးး လဲလဲ လဲလိုက်ချင်ပါပီ... ကွဲလဲ ကွဲလိုက်ချင်ပါပီ... ကဗျာရေးရတာကို အရူးထခဲ့မိမှတဲ့ သောရေ... သေရာ... ငါ့ကိုငါ မှန်ကြည့်ရမှာတောင် ရွံနေတယ် ငမောင်
Post a Comment