Monday, January 30, 2012

သဘောအတိုင်းပါ ..မေ (ဖြစ်ရပ်မှန် ဖြစ်ကြောင်း အာမခံသည်)


မတွေးတော့ဘူး မင်းအကြောင်းတွေ....
ငါ့စိတ်သာအခါခါညာ
အိပ်မက်ဟာ မင်းအတွက် ကဗျာ...
ရင်နာလည်း အစဉ်သာအမြဲ
ထင်ကာဆဲ နှလုံးသားအခြေ
နေကာလေ မေ....

ယုယမှုတိုင်း တုပမှုနှိုင်း
ငါသာခပ်ရိုင်းရိုင်း စံပယ်
ရနံ့ တိုင်းပြယ်...
နွယ်ချင်ရဲ့ တွယ်ခွင့်မဖက်လေတော့
ကြွေပါစေ မေ...

မြူဝေဆိုင်း တောင်စဉ်တန်းရဲ့
နက်ရှိုင်းရှိုင်းမှာ
ငါမင်းကိုသတိရစိတ်
သွန်မှောက်ကာ ထားခဲ့လည်း
မြင်နေဆဲပါ မေ...

ငါဘာလုပ်လုပ်..
ချစ်စိတ်က မသုဉ်းလေတော့
မုန်းလိုက်စမ်းပါ မေ
ဒီလူသားရဲ့ အပြုံးပန်း
အရှုံးခန်းမှာ တသက်လုံးနွမ်းတော့မယ် မထင်.......။       ။


                                                       လေလွင့်လူ(ကမာမြေ)

Sunday, January 29, 2012

မိသားစု

ကိုင်းဖျားအခုတ်ခံလိုက်ရရင်လည်း

ရေသောက်မြစ်ကနာ

ရွက်ကြွေသံကြားလည်း

ရေသောက်မြစ်ပဲဖျား

အခွံအခေါက်တွေ

အဖတ်လိုက်ကွာကျသွားတာတောင်

သွေးစည်းမှုက

ရောက်ရာအရပ်မှာမွှေးနေတုန်း။

ဘ၀ကို ဆုတစ်ခုအဖြစ်

လက်ခံရယူခဲ့တယ်ပဲဆိုပါတော့

ငယ်ဘ၀ဟာ

ကလေးတစ်ယောက်လက်ထဲက

လွတ်ကျသွားတဲ့ကစားစရာ

ဖြည့်ဆည်းခဲ့ပါတယ်

ပြည့်ပြီးကျွန်တော့်ကို မောင်းထုတ်လိုက်ချိန်အထိ။ ။



အောင်မှူးဝေ

29.1.2012


နေကိုစားသောတိမ်(သို့ )ချစ်ခြင်းရဲ မှတ်တမ်း (ခံစားတတ်သူသာဖတ်ရန်)


မေ....
နောက်ဆုံးတော့ဆုံးရှုံးမှုဆိုတာတွေနဲ့ 
နေသားကြနေတာငါပါပဲလေ...
လှုပ်ခတ်ဆဲရင်ခုန်သံတွေ ထိန်းချုပ်ဖို့ ခက်နေတာ
မေတစ်ယောက်မသိပါစေနဲ့ ..
မေ့အပေါ်အထိမနာစေဖို့  သိသာစေတဲ့ရည်ရွယ်ချက်မျိုး
နောင်အဆက်ဆက်မပျိုးတော့ပါဘူး....

မေ...
ရင်ခုန်သံတွေအစ ရယ်မောသံတွေ
အပြုသဘောအမှန်ပါလေ..
မမျှော်လင့်ပဲတွေးခဲ့တာမဟုတ်လို့  မျှော်လင့်ရင်းဝေးရက်တွေကို
မေတစ်ယောက်မသိပါစေနဲ့ ...
မေ့အတွက်ဒီတစ်သက် ချည်နှောင်မဲ့မေတ္တာမျိုးကို ဒီရင်ကလှစ်ဟမပြနိုင်တော့ပေမယ့်
နောင်လာနေ့ ရက်တွေထိအထပ်ထပ်တိုးပါရစေ....

မေ...
ရင်ခုန်ခြင်းအစ ရင်ခုန်ခြင်းအလယ် ရင်ခုန်ခြင်းအဆုံးတိုင်း
မေ့အားအချစ်သည်မဆုံးတိုင်ပါလေ...
တဒင်္ဂမဟုတ်ခဲ့လို့  ပြင်မရတဲ့အဆုံးသတ်တွေ
မေတစ်ယောက်မသိပါစေနဲ့ .....
ပေးဆပ်ခြင်းစကားလုံးမှာ ထိုက်တန်လောက်တဲ့ အရည်ချင်းတွေမရှိခဲ့လို့ 
နောင်အခါပတ်သက်မှုမှာ သက်တန့် တစ်ခုပမာ အရောင်အသွေးစုံပါရစေ...

မိုးမြင့်စံပန်း ပွင့်လန်းဖို့ ရာ မြေပြင်ရင်းမှာမထိုက်ပါ မေ...
ဖယောင်းသမ်းဖဝါးနုနု ခရောင်းလမ်းကိုမတုပါနဲ့  မေ...
ပိန်းပေါ်ကျ နှင်းစက်ဘဝရဲ့ ဒဏ္ဍာရီတွေ ဖန်လာပြီးသည်မို့ 
ရင့်နစ်ပန်းအတွက် လန်းရက်မှာ တို့ နှစ်ဦးအခန်းဆက်လည်း
လွမ်းရက်ဆိုတာလောက်ပဲ ခပ်ခပ်လှမ်းလှမ်းကနေ့ စွဲတွေ
ပြုံးပြနှုတ်ဆက်လိုက်ရင် လုံလောက်မှာပါမေ......... ။             ။

                                             
                                               လေလွင့်လူ(ကမာမြေ)



Thursday, January 26, 2012

ပိတောက်ပွင့်သစ်

(၁)

နာလံထလာတဲ့

အမှန်တရားတချို့ရဲ့တေးသွားမှာ

ဆရာသမားကြီးရေ

ခင်ဗျားလည်းအသစ်

ကျွန်တောလည်းအသစ်

ကိုပေါ်ဦးအသစ်၊ရင်နီအသစ်

ခင်ဗျားချစ်တဲ့

နှစ်ငါးဆယ်ကျော်ရေဒီယိုကြီးလည်းအသစ်ပေါ့

အခုနှစ်တွေမှာ

အပြောင်းလဲကအစ ပြောင်းလဲခဲ့ပါတယ်။

(၂)

ကျွန်တော်တို့မြတ်နိုးကြတဲ့

အမှန်တရားဆိုတာ

မြေမြှုပ်ထားလည်း

သူ့နည်း သူ့ဟန် သူ့အားမာန်နဲ့

ပေါက်ကွဲပြီးအောင်ပွဲခံမယ့်အမျိုး

သူ့လက်နဲ့

ခေတ်ကိုဖြည်ဖြည်ချရတာ မလွယ်ဘူး

အသစ်တွေကိုလှမ်းလှမ်းချည်ရတာလည်

ခက်တယ်။

(၃)

ပြည်သူချစ်ရင်ကမ္ပည်းတင်မည်-တဲ့လား

ပြည်သူမချစ်လည်းကမ္ပည်းတင်ရတာပါပဲ

ဥပမာ-ဟစ်တလာ၊ဂိုလ်ဘဲ၊ကဒါဖီ စသဖြင့်

ခင်ဗျားကတော့ဇာတ်လိုက်ကျော်ပါပဲ

ဘယ်သူတွေဘာပြောပြော

အသစ်တွေပွင့်ပြီး

အပွင့်တွေသစ်ခဲ့တယ်

ဆရာသမားကြီးလည်း ကျန်းမာပါစေ။ ။

အောင်မှူးဝေ


Wednesday, January 25, 2012

တစ်ရွာမပြောင်းသူကောင်းမဖြစ် နဲ့ ဒုတိယလူ (ဖြစ်ရပ်မှန် ခံစားချက်စစ်စစ်)

ကိုဒုတိယဆီမှ ကြိုက်လွန်းသော ကဗျာတစ်ပုဒ်အား ခွင့်တောင်း၍ တင်းထားခြင်ဖြစ်ပါသည်

တစ်ရွာမပြောင်း.သူကောင်းမဖြစ်ဆိုလို့ ...

တစ်ရွာ..နှစ်ရွာ..တစ်မြို့ ..နှစ်မြို့ ..ရောက်ခဲ့..ရာ.

ရေကြည်သောက် မြက်နုစားချင် တဲ့စိတ်ကြောင့်..အခုတော့

တစ်နိုင်ငံ..နှစ်နိုင်ငံ..သုံးနိုင်ငံ..မြောက်ခဲ့ပေါ့...

ရိုးသားတဲ့ မိဘနှစ်ပါးနှင့်..မြက်ဗုဒ္ဓရဲ့နူးညံ့တဲ့

တရားတော်အောက်မှာ လူလားမြောက်ရင်း

သောက်ရေအိုးစဉ်တွေ ရှိတဲ့နိုင်ငံမှာ လူဖြစ်ရတာ..

ငါ့ကိုငါ ဂုဏ်ယုတယ်ကွ..လို့ ပြောခဲ့တဲ့.

ဒီပါးစပ်က..အခုတော့..

အကြင်နာတရားကင်းမဲ့..လည်လှီးသားမှ...စားတတ်တဲ့..

လူမျိုးခြား..ဘာသာခြား..တွေကြားထဲ့..

ချွဲပတ်ပတ်..စကားလုံးတွေ ထည်လဲသုံးလို့..

တစ်ခါ တစ်ခါ ငါ့ ကိုငါ မသတီ..သလိုလို..

ရောင်စုံလူတွေကြားထဲ့တိုးဝှေ့ ..တွေ့ သမျှလူ..ဟန်လုပ်ပြုံးပြ..

တစ်ခါ တစ်ခါ ငါ ပါးတွေများတောင် ညောင်းလို့ 

အသိခေါက်ခက် အ၀င်နက်..တဲ့.

ဘယ်တော့မှမပြည့်နိုင်တဲ့  လောဘတွေနောက်..

အမှီလိုက်ရင်း..ငါ့အတွက်..

ဘယ်ဆီရောက်နေမှန်းမသိတဲ့ အိမ်ပြန်ချိန်တွေ တမ်းတနေမိတယ်

ခုတော့..စစ်ကူမရှိတဲ့အရပ်မှာ ငါတစ်ယောက်ထဲ..

.ကိုယ့်ဒုးကိုချွန် ကိုယ့်အရိပ် ကိုနင်း..

ဒရောသောပါးနှင့် အပြေးသွားနေမီ ..

ကမ်းတွေရှီရာအရပ်ဆီသို့ ......


ဒုတိယ(http://www.mrsecond2.blogspot.com/)


နားလည်ခြင်းရဲ့ နောက်မှာ


ဘယ်နတ်ဆိုးရဲ့ ကျိမ်စာတွေလည်း
ခဏတာ အိပ်မက်ထဲ ဆုံတွေ့တာမှာ
တစ်ယောက်ကို တစ်ယောက် ကျောခိုင်းရင်း
လွတ်လပ်စွာ ကြည်နူးချင်းတွေ မရှိဘူး.............။

မနိုးထချင်ပဲ နိုးထခဲ့ရတဲ့ မနက်ခင်းတစ်ခု
မသန့်စင်ချင်ပဲ သန့်စင်ခဲ့ရတဲ့ မျက်နှာ
မစားသုံးချင်ပဲ စားသုံးခဲ့ရတဲ့ နံနက်စာ
အချစ်ဆိုတာ စီးကရက် တစ်လိပ်သာဆိုရင်
ပြာခွက်ထဲသာ ထိုးချေလိုက်ချင်ပါရဲ့
တရှိုက်မက်မက် နှစ်သက်နေရမှာ ကြောက်တယ်............။

ထိုင်ကြည့်နေမိတာ အရုပ်ကလေးတစ်ရုပ်
လက်နဲ့ တို့လိုက်မှ ထွက်ကျလာတဲ့ စကားသံ
ဒါက....
လှောင်ရယ်သံ တစ်ခုပဲလေ
ကဗျာတွေ ကာရံမဲ့ကုန်ပေါ့................။
 
နေဝင်ချိန်ကို မျှော်လင့်တဲ့ လမင်း
လိပ်ပြာကိုမှ မျှော်လင့်တဲ့ ပန်းကလေး
တေးခတ်လက်ကို မျှော်လင့်မိတဲ့ သံစဉ်တစ်ခု
ဖြူစင်မှုကို မျှော်လင့်နေတဲ့ ငါ
အရာရာ အိပ်မက်တွေပဲ ဆိုတာ
လန့်မနိုးခင်ကတည်းက သိလိုက်တယ်.............။
 
လှောင်ရယ်လိုက်ပါ
နင့်အတွက် အချစ်ဆိုတာ
ရင်ခုန်စရာမှ မဟုတ်တာ...................။
 
                                                               ညီညီ(မြန်အောင်)


Saturday, January 21, 2012

ရင်နင့်လွမ်း


ဧရာဝတီ အနောက်ခြမ်း
     ကြိုဆိုပါ၏ စာတန်းနဲ့
          ဒီ မြစ်ကမ်းရဲ့ အပေါ်
               ဆုတောင်းပြည့် ဆိုတဲ့စေတီတော်အား
                      မြန်အောင်မြို့ မှာ ပူဆော်ထားတယ်...........။
ခေတ်မှီ ကစားကွင်း မရှိပေမယ့်
      လေထန်မှ လျှင်မြန်စွာ ပျံတတ်တဲ့
            လေတံခွန် လေးတွေကို ကြည့်ငေးရင်း
                     ကြည့်နူးခဲ့တဲ့ ညနေခင်းတွေ...............။
မာကျူရီ မီးရောင်တွေအစား
         ဝင်းပပ လမင်းကို
             မြက်ခင်းပေါ် မှာ ကျောခင်း
                  ကြည့်ခဲ့ ဘူတဲ့ ညခင်းတွေ.............။
သန်းခေါင်ထက် ညဥ့်နက်မှ
       အိမ်ပြန် တက်တဲ့ သားကို
            စိုးရိမ်မှု တွေနဲ့ ထိုင်စောင့်ရင်း
                 အိပ်ပျက်ခြင်း ရှိခဲ့တဲ့ အမေ...............။
ဒီအသည်းဦးမှာ
    အချစ်ရူး ရူးခဲ့စဉ်က
         တည်ငြိမ်နိုင်ခြင်း သဘောတရားကို
                 ရသ စာအုပ်တွေထဲမှာ ထောက်ပြရင်း
                          ညင်သာစွာ ဆုံးမခြင်း ရှိတဲ့ အဖေ...............။
ဒါတွေ...ဒါတွေ
     ငါ့အမိမြေ....
          ငါမချစ်လို့ ပစ်ခဲ့တာ မဟုတ်..............။
ရေကြည်ရာနဲ့ မြက်နုရာမှာ
      စီးပွားကိုရှာ
          ဘဝရဲ့ သင်ခန်းစာကို သင်ကြားရင်း
               ခိုင်မြဲခြင်းရဲ့ နှလုံးသားမှာ
                     မြန်မာပြည်ဆိုတာ ကမ္ဗည်း ထိုးတားတယ်................။

                                                                  ညီညီ(မြန်အောင်)

မိုးမခမြစ်ကို အတိုးချချစ်ဖို့ ငါလာပြီ

မိုးမခတော့ မဟုတ်ဝူးနော် (မလေးရှား)ကလန်းမှာ ညနေသွားလည်ရင်ရိုက်လာတာ

ငါမသိအောင်ခိုးခိုးကြွေနေတဲ့
ညအိပ်ညနေပန်းကလေးတွေ
ငါ့ရဲ့ရှေ့ကမသိလိုက်မသိဘာသာ
ခေတ်စံနစ်အဖူးအပွင့်များ
ငါ့လမ်းဘေးဝဲယာမှာလည်း
သူရဲကောင်းဆန်ဆန်
အရိပ်ရပုံပြင်တွေ
ငါ
ကမ္ဘာပြုစကားလုံးတွေကိုချစ်သူပါ
ကမ္ဘာဖျက်လက်နက်တွေကိုမုန်းသူပါ
နက္ခတ်စုံပြီး လင်းခွင့်မရလိုက်တဲ့
ကောင်းကင်အသေတစ်ခုလည်းဖြစ်ပါတယ်
မြစ်ညာမှာနှင်းရည်တွေလည်းရွှဲလို
မြစ်ကငါ့ကဗျာထဲဝင်စီးတဲ့အခါစီး
ငါ့ကဗျာတွေကမြစ်ပြင်ပေါ်
သမ္ဗာန်ကလေးနဲ့ကိုယ်ဖော့တဲ့အခါဖော့ရဲ့
ငါ့ပတ်ဝန်းကျင်က
ကဗျာအယူအဆတွေကို
ဘာသာဗေဒထဲ ထည့်ထည့်ခလောက်လို့
ရူးနေတဲ့ကြောင်တစ်ကောင်လို
ကဗျာထဲမှာ
မျဉ်းကြောင်းတွေလျှောက်ခြစ်လို့
ငါ့ကဗျာတွေက
ဘယ်သန်ကဗျာတွေပါကွာ
မင်းဝေါဟာရတွေငါ့ကို မီးမကူးကြဘူး။
အလုံကျေးက ဂဠုန်လေးရေ
အကုန်ပေးလိုက်တာတောင်
ကလေးတစ်ယောက်ပဲ အဖတ်တင်ရသလား
ရွာထိပ်က အရူးမရဲ့ကဗျာ
ညောင်ရွက်တွေလေတိုးသံလိုလို
ဆွေးဆွေးမြေ့မြေ့ မြည်တယ်
အရူးမပါးစပ်သာသေနတ်ဆိုရင်
အသံတစ်ခုထဲမှန်တာနဲ့တင်သေလောက်တယ်။
အယောင်ဆောင်ပြောင်းလဲမှုတွေကြား
အမှောင်ကိုကုစားတဲ့ဆေးကဈေးကြီးလို့
မြစ်ညာကအလင်းကိုပဲ ငါမျှော်နေမိတာ
မိုးမခမြစ်ပြင်ကို
အတိုးချချစ်ချင်လို့ လာခဲ့ပြီ။    ။
 
အောင်မှူးဝေ


နည်းနည်းစောင်းသွားတဲ့ အိပ်မက်

                                     


ပိုးထိုးပြီးသား တဝက်တပျက်ရက်စွဲတစ်ချို့ 
ဖောက်ပြန်မှုကိုမှ ထောက်ခံမှုပေးနေတယ်
သံကုန်စွဲပြေးလွှားနေတဲ့ကြား
မျှော်လင့်ချက်ခပ်တင်းတင်းကို
အလံနီပြနေရုံလောက်က
တားဆီးနိုင်မယ်ထင်တာလား...

ထုဆစ်ပြီးသားရုပ်ကြွနောက်ကွယ်
ကာရံထားနိုင်လောက်အောင်
နာမတွေရှိချင်ရှိနေနိုင်တာပဲ...
ဖြေးဖြေးကွယ်ပြီးအငွေ့ ပြယ်အောင်
ဟော့ဒီနံရံတွေမှာ ခံစားမှုတွေကပ်ထားပြီးသားပါ
စီနေရင်းပြုတ်ကျနေတဲ့ ဝါကျတွေအပေါ်
အသက်ရှုသံခပ်ပြင်းပြင်းထပ်နင်းသွားသေးတယ်...

ငါ့အနုပညာ...
တိမ်မြုပ်ပျောက်ကွယ်ရရင်တောင်
မာန်ပါပါ ဟစ်ကြွေးရင်း ကိုယ်ထူကိုယ်ထ
တစ်လမ်းလောက်တော့ဖောက်ချင်တာပေါ့...

ဂုဏ်ပကာသနာတွေရဲ့  ဆီဦးထောပတ်တွေကြား
ပဲပြုတ်နံပြားမနက်စာက
ဗိုလ်ချုပ်ရေးခဲ့စာကို သတိရပြီး
ငါ့ကိုငါ ဂုဏ်ယူနေတယ်...

အတွေးခြင်းနွေးမှာထက်
ဈေးခြင်းလေးတာကိုလိုချင်နေတော့
ငါ့တို့ လက်တွေပြည်ခဲ့ရတယ်
ဘယ်ဘဝရောက်ရောက်ပါ
ဆွဲခဲ့တဲ့ကောက်ကြောင်း
ခပ်စောင်းစောင်းတော့ ဖြစ်မသွားပါဘူး...

ငါ့ နေ့ ရက် တချို့ တချို့ ခေါင်းစဉ်တွေ
အခွံနွှာရမှာလောက် ပျင်းတာမရှိဘူး
အချစ်နဲ့ ဘဝ...
ချွန်နေရင်းတုံးတတ်တဲ့ ခဲတံတစ်ချောင်းလို
ဘာမှမရေးရင် အကောင်ဆုံးပဲ...


ငါ့ထိုင်နေကြ လမ်းဘေးကဖီး...
အတက်အဆင်းများနဲ့ လူရှုပ်ရှုပ် ဘတ်(စ်)ကားမှတ်တိုင်...
နေဝင်ချိန် ပျိုမျစ်နေဆဲတေးသွားတွေ...
အရာအားလုံး ခပ်ပြုံးပြုံးပါပဲ...

ကျဆိမ့်တစ်ခွက် ကြယ်နီဆေးပေါ့လိပ်အဆီခံတွေကြား
သတ္တုလိုမာကြောလွန်းနေ့ ရက်တွေ စားသုံးရင်းက
အသွားမတုံး နေဝင်ချိန်စောစောစေ့နိုင်တာပဲ
မင်းလို့ ဆိုရမှာထက် တခါခါ ငါတွက်ရင်းအဖြေပျောက်
ဘာကိုမှလဲ ပြန်မကောက်တော့ပါဘူး....



                                                         လေလွင့်လူ(ကမာမြေ)

ငါ့လက်ရေးလှလှလေးသို့..(သို့မဟုတ်) အပျော်ရေးတဲ့ ကဗျာ


ငါ့လက်ထဲကပြေးထွက်သွားတဲ့

လက်ရေးလှလှလေးဟာ သူပေါ့

သူ့ဝတ်ရုံ..

သူ့ကောင်းကင်..

သူ့စကားလုံးတွေ အကုန်

စိမ်းဖန့်တယ်။

အထိမခံတဲ့  မိစံရေ

နင်တို့မိန်းကလေးတွေမှာ

အသည်းနှလုံးရှိရဲ့လား

နင်တို့အသည်းနှလုံးတွေ

ရာဇ၀င်ထဲကသဖန်းတောမှာထားခဲ့သလား

ငါတို့

လေလွင့်လူတို့

ဖိုးခွားတို့

ညီညီတို့ 

ကတ္တရာလမ်းနဲ့ဆောင့်ခွဲမိသလို

ကွဲကြတယ်

အသည်းတွေလေ..။

မဒိုးကန်ကိုလည်း တစ်မျိုးမကျန်တော့ပါဘူး

ကန်ဒီမကတော့

တဆံခြည်မျှကျူးရင်တောင်ပဲ

ဒူးအထက်ကဟာကိုဖြတ်မယ့်ပုံ

ရှိစေတော့ ငါတို့ပြက်လုံးတွေ

အဟောင်းလွန်လမ်းထက်က

ဒိုင်ယာရီစာရွက်ကလေးတွေ

ရန်သူ့လက်ထဲရောက်သွားတဲ့စံပယ်ပွင့်လို

ငယ်ဘ၀တွေ။

ငါတောင်းဆိုခွင့်ရှိရင်

ငါ့လက်ရေးလှလှလေးကို

ငါဆက်ရေးချင်တဲ့ကဗျာတစ်ပုဒ်အကြောင်း

သတင်းကောင်းပါးပေးကြဖို့ပါ။   ။

အောင်မှူးဝေ
19.1.2012


Thursday, January 19, 2012

သ စ္စာေ ဖာ က် စံ ပ ယ်-၂


ရိုက်ခွဲပစ်လိုက်တော့လည်း

ကိုယ့်စိတ်ပဲအရင်ကွဲခဲ့ရ

ပျော်ရွှင်မှုတွေတစစီ

အချစ်နဲ့ပတ်သက်ရင်

ဘယ်ခံစားမှုကအသံမြည်သွားလဲ

တစ်နေရာက တစ်နေရာ

မျက်ရည်နဲ့ ရွှေ့ရပြောင်းရ

ဒီကြေကွဲမှု

ဒီအလွမ်းပဲ

သင်ကြားလို့မပြီးနိုင်ဘူး။

ရှင်ကစုတ်ပဲ့တယ်

ချိန်းတွေ့တိုင်းသဘာဝကိုဆန့်ကျင်တယ်

ဖောက်ပြန်ရေးအနမ်းတွေလာမပေးနဲ့

ရှင့်ပါတီကဘယ်သန်ပါတီ

ရှင့်ကိုရွံတယ်

မုန်းတယ်

ရှင့်မျက်ခွက်ကိုမမြင်ချင်ဘူး

မြန်မာဇာတ်ကားထဲက ဒိုင်ယာလော့တွေ

သံစူးသလို နားထဲဝင်ရောက်လာ

ငါက

ကဗျာဆရာပါ

ငွေကြေးဆူညံပေါက်ကွဲမှုတွေကို

စာမဖွဲ့တတ်ခဲ့ဘူး။

ဒီညလည်း

ငါတို့ရဲ့ လမ်းမှောင်မှောင်လေးမှာ

စံပယ်ပွင့်သံတွေ ဆူညံခဲ့ပြန်ပြီ။    ။

အောင်မှူးဝေ

19.1.2012


ထိထိရှရှမိုး


ပျော်စရာနည်းနည်း

စိတ်ညစ်စရာများများ

လူငယ်ဘ၀ဟာ

အသွားထက်ထက်စိမ်းလန်းစွာ

အရာရာကိုငါတို့ထိရှခဲ့ကြတယ်

ညီလေး

ငါတို့ဟာထိလွယ်ရှလွယ်

ငါတို့စိတ်နဲ့လက်တစ်ကမ်း

အားလုံးထိခဲ့ရှခဲ့တယ်။

မိန်းကလေးတွေလည်း

ထိရှခဲ့သူကြီးတွေပေါ့

သူတို့ကိုချစ်ပါ

ငါတို့အတွက်အလှပြင်ပေးဖော်ရတယ်။

ခေတ်က

သင်းတိုင်းဝတ်မိုးတိမ်တွေရွာချပြီးတဲ့ခေတ်

ငါတို့လည်းမိုးမိခဲ့ကြတယ်။ ။

အောင်မှူးဝေ


Wednesday, January 18, 2012

ရောင်နီဦး


ပျံသန်းခြင်းခက်
   အတောင်ပံတွေနဲ့
      လှောင်အိမ်ထဲက
            ဒေါင်းငှက် တွေ................။
မွန်းကြပ်ခဲ့တဲ့ ခုနှစ်နဲ့
    စတည်းခဲ့ တဲ့ သက္ကရာဇ်တွေ ကြား
         ယုံကြည့်မှုတွေက ပျက်မသွားပဲ
                ခိုင်မြဲခဲ့တဲ့ တွဲလက်တွေ
                      ကမ္ဘာ ကြီးတောင် အံ့သြစေတယ်...........။
ဒေါင်းငှက်တို့ရဲ့ ကြွေးကျော်သံနဲ့
     အတောင်ပံ များကို ဖြန့်ခတ်ရင်း
              တဖန် ပျံသန်းခြင်း ရှိလာပြီ
                   အနာဂတ် အတွက် ကောင်းကင်ဆီမှာ
                          ကြည့်စမ်း........
                             
  ငါတို့အတွက် ရောင်နီသန်းလာတာ မြင်ရတယ်......................

ညီညီ(မြန်အောင်)


ကာရံထုဆစ်ပြီးစီးခြင်း

                       

အချစ်ကဆိုတာ
တာထွက်နှေးတဲ့  ခြေထောက်တစ်စုံလား
ပန်းဝင်ချိန်စောဖို့  မရေရာတော့...
(နေပါစေကွာ)
ဒီဆုလာဒ်တွေ ငါမယူတော့ဘူး...

သက်ပြင်းပေါင်းချရတာများတော့
ခေါင်းတောင်ခပ်ငိုက်ငိုက်ကြနေပြီ
လူမှန်တော့ အချစ်ကိုကြံ အပူဒဏ်နဲ့ အကြိမ်ကြိမ်တိုး
(တော်သင့်ပြီကွာ)
ခပ်နွမ်းနွမ်းနဲ့ အသည်း  ခံစားရင်းကွဲပါစေတော့...

မလာနဲ့ ပြောပြီး မနှင်ပဲထားတယ်
ခံစားချက်တွေ ဂရက်ရိုက်
တစ်ခါတစ်ခါ ကန့် တန့် လိုက် အရွဲ့ တိုက်ချင်လာတော့
(မပြောတေ့ဘူးကွာ)
ရင်ထဲစကား ရင်ထဲထားတာပဲကောင်းတယ်...

ဒီလိုနဲ့ မိုးလင်း ငါ့မနက်ခင်း
အခင်းကျင်းတွေတော့ မပြင်နိုင်ခဲ့ဘူး
ကောင်မလေးရေ...
“မင်းမရှိလည်းဖြစ်တယ်”ဆိုတဲ့စကား
ငါဘယ်လို အင်အားတွေနဲ့ ပြောရမှာလဲ...။          ။

                                                 လေလွင့်လူ(ကမာမြေ)

Tuesday, January 17, 2012

ယခုလထုတ် ပေဖူးလွှာ မဂ္ဂဇင်း တွင် ဖော်ပြပါရှိသည့် အောင်မှုးဝေ၏ ကဗျာ


 မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ နေ၀င်တေး

ကိုယ့်ကိုယ်ကို သတ်သေမယ့်အစား

တစ်ခုခု အစားထိုးကြည့်ပါလား

ဥပမာရပ်ကွက်ကိုရူးချင်ယောင်ဆောင်ပြီးအော်ဆဲလိုက်တာမျိုး

သံရည်ကျိုတော့မယ့်ဘတ်(စ်)ကားကို

အုတ်ခဲကျိုးနဲ့ပိတ်ပက်ထုတာမျိုး

လေချွန်လိုက်နင်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို

ငါ့နားထဲမှာ ရေးဖွဲ့လိုက်

ဘာပဲဖြစ်ဖြစ်စိတ်သက်သာရာရဖို့ အဓိကပဲ

နင့်ကိုလူဝကြီးတစ်ယောက်ခြွေဖဲ့ခဲ့သလိုမျိုး

အလကားရတဲ့ပန်းကလေးတွေအပေါ်ဆက်ဆံကြည့်ရင်ကော

သတ်သေချင်စိတ်ပျောက်နိုင်မလား

ပိုက်ဆံအိတ်ကိုခဏခဏ ဖွင့်ကြည့်မနေပါနဲ့

နင် လှမှ တောင့်မှ ဖြောင့်မှ

ပိုက်ဆံအိတ်လည်းလှမှာတောင့်မှာဖြောင့်မှာပေါ့

လူ့စွမ်းအားအရင်းမြစ်ကိုပိုးစားတဲ့အလုပ်နဲ့

ရွှေထီးဆောင်းစတေကာကားတွေပေါ်က

အက်ဆစ်ပင့်ကူမလေးရေ

နင်ပျော်ပါးခဲ့တာပေါ့

ဟုတ်လား..တကယ်ပျော်ခဲ့ရလို့လား

သတ်သေချင်လောက်အောင်ပျော်ခဲ့ရတာပေါ့

လှောင်အိမ်ထဲထည့်သိမ်းခံရတဲ့ဓားတစ်ချောင်းလိုလား

အခု..ရောဂါကကျွမ်းနေပြီဟေ့

ပေါင်မုန့်အသိုးတစ်ဖဲ့နဲ့တူတဲ့ညကို

နတ်ဆိုးတစ်ကောင်လိုငေးကြည့်မနေပါနဲ့

ငါတို့တစ်ခုခုလုပ်ရအောင်

မိုးလင်းတော့မယ်

ဒါမှမဟုတ်

ငါတို့ဘ၀တွေဘယ်တော့မှမိုးမလင်းဘူး

စကားလုံးတစ်ခုခုရွေး

အိုး..ဘုရားသခင်-ဆိုတာလောက်ပဲဖြစ်ဖြစ်

မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ အစမှာ.....။      ။


                                                     အောင်မှုးဝေ

ဒီကဗျာလေးက ဆိုဒ်မှာတင်ခဲ့ပြီးသားပါ ယခုလပေဖူးလွှာမဂ္ဂဇင်းမှာ အရွေးခံရတာ

ကြောင့် ကိုအောင်မှုးဝေအား ဂုဏ်ပြုသောအားဖြင့် ထပ်မံ ဖော်ပြပေးလိုက်ပါ၏...။


Monday, January 16, 2012

လုံး ထွေး တွန့် ကြေ စွာ အိပ် စက် ပြီး တဲ့ နောက်


ငှက်ကလေးတွေနဲ့အတူ

အိပ်ရာကနိုးတာမကောင်းဘူးလား

နှုတ်ခွန်းဆက်ဂီတမှာ

သံသယတွေမငြိတွယ်ကြေး

နှလုံးသားချင်းထပ်ပြီးကစားတဲ့ပွဲမှာ

ဘ၀ဆိုတာလည်းဘာသားနဲ့ထုထားတာမို့လဲ

ကမ်းနားသဲပွင့်လေးတွေလိုမျောပါသွား

ကဗျာဆရာလွယ်အိတ်ထဲကနေ

ဘာတွေများမျှော်လင့်နိုင်ပါသလဲ

မျက်ရည်စက်လက်နေ့စွဲကလေးများသာ

မမ..

ကျွန်တော့်ကိုသတ္တိရှိရှိချစ်ပါ

ကျွန်တော်ရယ်..

မမရယ်..

ညဥ့်တစ်ဆုံးလရောင်လေးတွေရယ်

မခမ်းနားတဲ့အိပ်ရာလေးထဲ

လုံးထွေးတွန့်ကြေစွာအိပ်စက်ပြီးတဲ့နောက်

ငှက်ကလေးတွေနဲ့အတူအိပ်ရာနိုးတာမကောင်းဘူးလား။   ။


                                                                အောင်မှူးဝေ


ပြန်ခဲ့ပါ မေ...( လေလွင်လူ၏ ဖြစ်ရပ်မှန် )


မေ...
ဝေဆာဆဲ အပြုံးရက်တွေ ဘာကြောင့်ဆိတ်သုန်းတတ်တာလဲ
မျှော်လင့်ချက်တစ်ပွေ့ တစ်ပိုက် ဂရက်ရိုက်နေတဲ့
ဒီလူ့ ရင် နွမ်းနယ်ပြီး ရနံ့ ပြယ်ရတော့မှာလား

မေ...
တွေ့ ဆုံခြင်းအတက် ဆုံကွဲခြင်းအဆင်း
လောကဓံရဲ့  ဒီအခင်းတွေ
တို့ နှစ်သားကြည့်နေရင်းက
ကြေကွဲခြင်းတွေ ခြားရတော့မှာလား

မေ...
နှင်ရက်အားတဲ့စကား စည်းဘာလို့ ခြားခဲ့တာလဲ
မလိုချင်ပစ် လိုရင်ချစ် ဒီလိုလား “အချစ်က”..
ညှင်သာတဲ့ အကြင်က ရင်နာချက်ထင်လာအောင်
တမင်တကာ ပျက်ကြွေချင်တာလား

မေရယ်...
တို့ နှစ်ဦးကြားတမ်းတ ရက်တွေရှိပါတယ်
တူညီပြီးသား ချစ်ခြင်းမေတ္တာ စွန့် ခွာကျောခိုင်းထားမှာလား
သတိရစိတ် ဖဲ့ခြွေချိန် မေ့မျက်ဝန်းတွေ စိုနေမှာ
ဒီလူကြောက်တယ်မေ.......

                                       လေလွင့်လူ(ကမာမြေ)


Sunday, January 15, 2012

Virus ကူးစက်မှုရန်ကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ Auto Run Eater



ဒီဆော့ဝဲလေးကတော့ Recycler Virus ထိတော့မှအသုံးပြုဖြစ်တဲ့ ဆော့ဝဲလေးတစ်ခု

ဖြစ်ပါတယ် အသုံးဝင်ပုံကတော့ Auto run Virus ကိုတားပေးနိုင်ပြီး ကြိုတင်ကာကွယ်

ချိန် ပြင်ဆင်ချိန် ရနိုင်ပါတယ် Recycler Virus ထိပြီဆိုရင်  Memory Stick ထဲက ဖိုင်

တွေအားလုံး Shortcut ပုံလေးတွေ ပြောင်းသွားပြီး ဖွင့်မရတတ်ပါ။  နောက်မှ သီးသန့် 

ရေးပါအံ့ ။ အကယ်၍ ဒီဆော့ ၀ဲသာ စောစောထဲ့ထားရင် Auto run  ဖိုင်က ချက်ချင်း

အလုပ်မလုပ်တဲ့အတွက် ကူးစက်မှုကို Anti virus ကရှင်းပေးမှာဖြစ်တယ် ဒီတော့ ကြို

တင်ကာကွယ်မှုအနေနဲ့  Auto run eater ကို  မိမိတို့ ၏  ကွန်ပျုတာထဲမှာ ထည့်ထား

ရင် Memory Stick နဲ့  Portable Drive တွေကနေ Virus ကူးစက်မှုကို  အတိုင်းတာ

တစ်ခုအထိ တားဆီးပေးနိုင်မှာ ဖြစ်တယ်။ကျနော်၏ ထင်မြင်ယူဆချက်မှာ ကွန်ပျုတာ

တစ်ခုတွင်  Anti Virus ဆော့ဝဲတစ်ခုနှင့်Auto Run Eater ရယ် USB Disk Security

ရယ် ထည့်ထားရင် သာမန်အနေနဲ့  လုံခြုံပါပြီ ။ (လေ့လာမှု သက်တမ်းအရ ကောက်ချ

ချမှုတစ်ခုမျှသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်) ။

Here are some key features of "Autorun Eater":

· Scan and remove suspicious "autorun.inf" files found in the root directory of all drives, C-Z, in real-time
 

· Scan priority(normal/high)
 

· Scan results are logged
 

· Add and remove from startup entry
 

· 3 optional registry fixes (Task Manager, Regedit & Folder options).
 

· Users are informed whenever a suspicious "autorun.inf" file is detected.
 

· Backup copies of suspicious "autorun.inf" file(s) are created before the original copy is removed for easy recovery.
 

· Status tooltip to get tool info easily without right-clicking on tray icon.

ဒီမှာ Download ယူပါ  - Auto Run Eater

မူရင်းမှာ လေ့လာကြည့်ပါ - http://www.softpedia.com/get/Security/Secure

Friday, January 13, 2012

“စိမ်းသည်နှယ်”

 

သခင်ရယ်
ပူမီးရယ်ဗျာခွေ ဖြေမဆည်ပြေမညှိုး
သင့်ခဲ့ပေါ့ အလွမ်းတွေ
ကာလရှည် တစ်စခန်းက
ဒီမောင် ပန်းလှပြီ။

သခင်ရယ်
မမြင်လည်းလွမ်း  မြင်လည်းလွမ်းမို့ 
ရင်ကွဲခန်းတွေ မပြိုအောင်မိုး
သခင့်ထံအား မငြိုးရက်ပါ
ဒီမောင်မှာသာ ခံယူပါ့မယ်။

သခင်ရယ်
ရင်တွင်းမွေးဖွား အချစ်များသည်
ဖြစ်တည်ကာမရ ကြွေပျက်ကယ်သုန်းတိုင်
သခင်တည်းသာပိုင်ဆိုင်ပါတယ်။

သခင်ရယ်
ရူးသွပ်အောင် ချစ်တဲ့သူကိုမှ
နှုတ်ဆက်ခြင်း ကင်း
ခပ်စိမ်းစိမ်းတိမ်း ဖယ်ရှောင်ကာသွားလေတော့
ဒီမောင်အတွက် သင့်တဲ့အချစ်ဒဏ်
(သိပ်ကို)ပြင်းထန်လှပါတယ်သခင်။     ။
                                                 
                                           လေလွင့်လူ(ကမာမြေ)

Thursday, January 12, 2012

ဝက်ဆိုဒ်အတွက် မီနူး ခေါင်းစဉ် ဒီဇိုင်း အလွယ်ဆုံး ရေးဆွဲနည်း(အာမခံသည်)

ကိုနေအတွက် မွေးနေ့ လုပ်ပေးတာ (ဒါလေးနဲ့ လုပ်စားနေရတာ.အခြေခံလေးမလို့ ပါဗျာ)

မုန်လာထုတ်မွေးနေ့ လုပ်ပေးတာ ဘယ်ရမလဲ 3မိနစ်ပဲကြာတယ်..အဲ့လောက်တော်တာ)

ပြန်ဆွဲတဲ့သူကတော့ စိတ်ကူးရှိသလိုပြင်ဆွဲပါ နမူနာပြထားပေးတာပါ Edit လုပ်ကြည့်နော

ဒါလေး မျှမယ်ဆိုပြီး အခုမှရေးဖြစ်တယ် အကြောင်းကတော့ အထူးမဟုတ်ဘလော့

ရေးတဲ့သူပဲဖြစ်ဖြစ် သာမန်လေ့လာနေသူပဲဖြစ်ဖြစ် အခုလို ဆွဲချင်တယ်ဆိုရင်တော့

ငေးနေရင်အပိုပဲ ပေးထားတဲ့ဟာယူလိုက်ပါ အများကြီးပြောတော့ဘူးနော် သိတဲ့သူ

များမယ်ထင်တယ် ဘာနဲ့ ဆွဲထားတာလဲလို့ ခန့် မှန်းကြည့် သုံးတတ်ရင် အစုံသုံး ရ

ပါတယ် ဘလော့ ခေါင်းစီးအနေနဲ့  ကျနော့လိုဆွဲချင်တယ်ဆိုရင် သုံးဖို့  အသင့်သုံး

လေးတစ်ခုမျှလိုက်တယ်နော် ဆွဲချင်တဲ့သူယူစေ..ဗျာ......။ဘလော့ဂါအသစ်လေး

တွေလည်း အဆင်ပြေပါစေ..ဆွဲတတ်ဝူးဆိုရင် zwmnna@gmail မှာမေး လို့ ရပါ

ကြောင်း သတင်းကောင်းပါးအပ်ပါတယ်..(ဆွဲကြည့်သူ ပညာ ၂ခုရမည်)..........။


ဒီမှာ Download ယူပါ  ဒီဇိုင်း လှလှ ရေးဆွဲနည်း ဆော့ဝဲ (မောင်တလုံး ထွင်သီ)




.

Wednesday, January 11, 2012

ဘလော့လိပ်စာရဲ့ ဘေးက Favicon Icon ကို မိမိ နှစ်သက်ရာပုံ ပြောင်းနည်း


ဒီနည်းလေးက အရမ်းလွယ်ကူပါတယ် အခြေခံပညာသင်လေးတွေအတွက် တင်ပေးရ

တာပါ ။ ဒီမှာတင်လိုက်တော့ မေးထဲကဖြေရတာ သက်သာသွားပြီ လုပ်ကြည့်လိုက်ပါ

အရမ်းလွယ်ပါတယ် ကိုယ်ကြိုက်တဲ့ ပုံကိုတင်ပြီး ကုဒ်ယူပါကျလာတဲ့ကုဒ်တွေကိုတော့

Edit Html ကိုဝင်ပါ  ]]></b:skin>   ကို ရှာပါ (Ctrl + F နှိပ်ပြီး ရှာပါ) တွေ့ ပြီဆိုရင်

အဲ့ကုဒ်ရဲ့  အောက်တည့်တည့်မှာ Upload တင်လို့ ရလာတဲ့ လင့်ထည့်ပြီး တန်းပလိပ်

ကို Save လိုက်ပါ..တခြားနည်းတွေထက် ဒီနည်းက လွယ်ကူဆုံးဖြစ်ပါတယ်..........။


ဒီလင့်မှာ လုပ်ပါ  - http://www.iconj.com/favicon_hosting.php

ဒီမှာအစုံထပ်လေ့လာပါ - http://web-site-tutorial.blogspot.com/

Tuesday, January 10, 2012

ကျွန်တော် နားမလည် ခြင်းများ........(တစ်ချိန်က ကျနော့်မမသို့ )


မျက်ဝန်းမှာ မျက်ရည်စိုမှ
     ငိုကြတာတဲ့လား......?

နင်ရယ် ငါရယ်
လမ်းခွဲ မယ်လို့ပြင်
ကိုယ်စီမာနတွေ ထားခဲ့စဉ်က
မျက်ရည်ဆိုတာ မျက်ဝန်းရဲ့အဝေး
ဟန်ဆောင်ထားတဲ့ အပြုံးလေးတွေ.........

ဒါပေမယ့်.....
သံယောဇဉ် တစ်ခုရဲ့ မြစ်ဖျား
နှလုံးသားမှာတော့ မျက်ရည်များပါ
ဘယ်သူမှ မမြင်သာဘူး
မျက်ဝန်းမှာ မျက်ရည်စိုမှ
ငိုကြတာတဲ့ လားချစ်သူ...................။

တွေဝေကာ မှိုင်ငေးမှ
     လွမ်းဆွေးကြတာ တဲ့လား........?

တကယ်အနေဝေးမှ
မေ့မရတဲ့ ငါပါ.....
နင်ပေးခဲ့တဲ့ နှလုံးသားက ဒဏ်ရာ
ငါရသင့်တဲ့ သင်ခန်းစာ ဆိုရင်
တည်ငြိမ်ခြင်းတွေနဲ့ ငါ့ရင်ခွင်အား
ပျော်ရွှင်မှုတွေနဲ့ ဖန်တီးထားရင်း
ခဏခဏ(နင့်ကို) သတိရခြင်းတွေ ရှိတယ်......

ရင့်ကျက်ခြင်းနဲ့ ငါ့ရုပ်သွင်မှာ
အလွမ်းဆိုတာ မမြင်သာဘူး
တွေဝေကာ မှိုင်ငေးမှ
လွမ်းဆွေးကြတာတဲ့လား ချစ်သူ.................။

ချစ်တယ်ဆိုတဲ့ ဆန္ဒ
    နှုတ်ဖျားက ဖွင့်ဟမှ
           သတ္တိ ရှိကြတာတဲ့လား.............?

"တူနှစ်ကိုယ် တဲအိုပျက်မှာနေရ
အချစ်သည်သာ ပဓာနတဲ့"
ပကာသန မမက်ဘူးဆို
နားထောင်ဘူးတဲ့ သီချင်းအိုအိုတွေ...........

မပြည့်စုံတဲ့ ဘဝထဲ
နင်လက်တွဲရဲလား မေးရင်
ကမ်းထားတဲ့ လက်က တွန့်ဆုတ်ချင်တယ်.......
အရမ်းချစ်ခဲ့ ပါတယ်.............

ဖွင့်မပြောသာမှ
ရင်ထဲမှာ မြိုသိပ်ကြရင်း
တိတ်တခိုးနဲ့ ချစ်ခဲ့ခြင်းမှာ
အနာဂတ်အတွက် ပန်းတိုင်ဆိုတာ ပါတယ်...............

ချစ်တယ်ဆိုတဲ့ ဆန္ဒ
    နှုတ်ဖျားက ဖွင့်ဟမှ
            သတ္တိရှိကြ တာတဲ့လား ချစ်သူရယ်................။

                                                             ညီညီ(မြန်အောင်)

Thursday, January 5, 2012

ဆုံမှတ်မှားတဲ့ ဆုံချက်

      

ကောင်မလေးရေ.....
ခပ်နွေးနွေးပဲ တို့ တွေဝေးခဲ့ ကြတယ်
နှစ်ဖက်လုံးမှာအပြုံးတွေနဲ့ .....
တစ်သက်လုံးစာ ရှုံးနေတာ
အခုတော“့ ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....
၂၃ တိမ်းစောင်းခြင်းမှာ တို့ တွေအတွက်
အရပ်မျက်နှာ လွှဲခဲ့ရတယ်
ကြွေလောက်တဲ့စကားလုံးတွေအောက်
သေလောက်ချစ်ခဲ့ရတာ“ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....
လမ်းခွဲမှာ လွမ်းရဲတော့ ဝမ်းမနည်းပါဘူး
တစ်ခါတစ်ခါမေ့နိုင်ဖို့  ကြိုးစားမှုမှာ
မကြာမကြာ သတိရခြင်းတွေနဲ့ ရောနှောနေမိတယ်
လမ်းဆုံးတောင် အလွမ်းဆုံးက “ငါ”ဖြစ်နေတယ် ကောင်မလေး...


မင်းဆီက ဘယ်တော့မှ မကျန်ရှိနိုင်သံယောဇဉ်တွေ....
ငါ့ဆီမှာ ဘယ်တော့များ ပျောက်ကွယ်နိုင်မယ့်ချစ်ခြင်းတွေ...
ပေးတိုင်းပြန်မရခဲ့တာတွေ....
အဲ့တာအားလုံးဟာ
ဆုံမှတ်မှားတဲ့ ဆုံချက်များရဲ့  ခြေရာတွေလား....
“အချစ်”လို့  ခေါ်ရမလား...
အခုချိန်ထိ မရေးရာအတွေးတွေနဲ့ 
အသေချာဆွေးနေတာ “ငါ”ပါပဲ ကောင်မလေးရေ....

                                             လေလွင့်လူ(ကမာမြေ)

Wednesday, January 4, 2012

အချစ်ဆိုတာ.............(သိသူများဖြေပေးကြပါ)


အချစ်ဆိုတာ
     ပေးဆပ်ခြင်းတဲ့............။

ဟုတ်လား...??????????????
     ပိုင်ဆိုင်ခွင့် မရှိသူတွေရဲ့
           တဒင်္ဂ စကား
               နားထဲမှာ ကြားလို့တော့ ကောင်းပါရဲ့..................။

ပေးဆပ်ခြင်းကို အစပျိုး
      ကျန်စစ်သားလို
             ရာဇဝင် ထဲကအချစ်မျိုးတဲ့...............။
မင်း ဘဏ္ဍာကို မထိရဲလို့
      ပေးဆပ်ခြင်းဟာ အချစ်လို့ ဆိုခဲ့ရင်........
               အနော်ရထာ ကံတော်ကုန်
                     သူ ဘုရင် ဖြစ်ခွင့် ကြုံတော့
                             ပိုင်ဆိုင်ဘို့ ဆိုတဲ့အချိန်ရောက်
                                   မဏိစန္ဒာ ကိုမိဖုရားမြှောက်တယ်....................။
ဘာလည်း...???????????
      ပေးဆပ်ခြင်း....???????????
ပိုင်ဆိုင်ခွင့် မရှိမှ
      ပေးဆပ်ခြင်း စကားနဲ့ ချစ်ကြတာ
            ပိုင်ဆိုင်ခွင့် နဲ့   ကြုံခဲ့ရင်
                   ချစ်သူကို လူတိုင်းက ရယူချင်တယ်..............။
အချစ်စစ်နဲ့ ကုဿမင်း
    ဇာတ်သိမ်းခန်းမှာ ရယူခြင်းနဲ့............။
ပေးဆပ်ခြင်းဆိုတာ
     (၁၅၀၀ ) မှာ မဟုတ်
        ( ၅၂၈ ) မှာတော့ ဟုတ်ချင်ဟုတ်မယ်..................။
(လူသားတွေအတွက် ပေးဆပ်ခြင်းဖြင့် ချစ်ခဲ့သော ဘုရား........
သား..သ္မီးတွေအတွက်  ပေးဆပ်ခြင်းဖြင့် ချစ်ကြသော မိဘ.......
မြန်မာနိုင်ငံ အတွက် ပေးဆပ်ခြင်းဖြင့် ချစ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း......)
 မှတ်ချက်။    ။ကျွန်တော်အတွေးတွေ မှားချင်မှားနေမည်။
                                                                                    ညီညီ(မြန်အောင်)



Sunday, January 1, 2012

ရွက်နုသမိုင်း

အမှန်ကတော့ သမိုင်းဆိုတာ

အပြောင်းအလဲကိုမှတ်တမ်းတင်ထားတာ

မှတပါး

တခြားဘာဖြစ်နိုင်ဦးမှာလဲ။

      (ဂျဝါဟလာနေရူး)

ဘ၀ထဲကအတွေ့အကြုံတွေ

ဘ၀ထဲမှာပြန်လည်စားသုံးဖို့

ဒီကဗျာကိုဥသြသံနဲ့ချိတ်လိုက်တယ်

ငါလည်းတမ်းတတတ်ပါတယ်။

နွေထဲကအတွေး

နွေထဲမှာရွက်နုသစ်နိုင်ဖို့

အတွေးဟောင်းများခြွေချလိုက်ပါတယ်

ငါလည်းတမ်းတတတ်ပါတယ်။

တစ်ခုပြီးတစ်ခု..

ပြောင်းလဲတမ်းတခဲ့ရတယ်။  ။
 
                                              အောင်မှုးဝေ


“မင်္ဂလာပါ ၂၀၁၂ ရေ.....”

         

  
                                                     “မင်္ဂလာပါ ၂၀၁၂ ရေ.....”

နှစ်ဟောင်းကို ပစ်
နှစ်သစ်ကိုချစ်
“happy new year” အော်နေကြ လူတစ်စု....
ဘာကိုထုလို့  ဘာတွေဆစ်
ငါ့အတွက်အနုပညာမမြောက်ခဲ့တဲ့နှစ်ဟောင်း....
မကြွေပေမဲ့နွမ်းတော့လည်း
ဒီနှစ်ဟောင်းက(အများနည်းတူ)စွန့် ရမှာပေါ့...

နောက်တစ်ကြိမ်လာတဲ့နှစ်သစ် ၂၀၁၂
အပြေးတော့ကြိုချင်ပါရဲ့...
ဘဝတွေထမ်းပိုး နေ့ ညခန်းမခွဲနိုင်သူမို့ 
အော်လိုက်မိပါရဲ့ အလုပ်ထဲ“မင်္ဂလာပါ ၂၀၁၂ ရေ...”

မွေးမြေရပ်ဝေး အလွမ်းတွေကြား
ချစ်သူက ထားသွား အဆွေးကဆင့်
(အင်း...)
နှစ်ဟောင်းကတော့ ဖြစ်ချင်တာမဖြစ်
မဖြစ်ချင်တာဖြစ်တွေ ဖြစ်ပေါ့.....
တိတ်တိတ်လေးလေ  ကြိတ်ဆုတောင်းတယ်
ဒီဇင်ဘာနဲ့ နှစ်ဟောင်း အမြန်ပြောင်းဖို့ ....

ဘာပဲဖြစ်ဖြစ် ဘာပဲပျက်ပျက်...
ဒီနှစ်သစ်ရဲ့ ဒီနေ့ ရက်မြတ်မှအစပြုလို့ 
သက်ရှိသတ္တ အနတ္တ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေလိုကြောင်း
စိတ်ရင်းတစ်ခု အခြေပြုလို့ 
တောင်းဆုပြုလိုက်ပါရဲ့ ...
“မင်္ဂလာအပေါင်းခကာညောင်းတဲ့ ၂၀၁၂ ရေ.....”

                                လေလွင့်လူ(ကမာမြေ)

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here