အချစ်ဆိုတာ
ပေးဆပ်ခြင်းတဲ့............။
ဟုတ်လား...??????????????
ပိုင်ဆိုင်ခွင့် မရှိသူတွေရဲ့
တဒင်္ဂ စကား
နားထဲမှာ ကြားလို့တော့ ကောင်းပါရဲ့..................။
ပေးဆပ်ခြင်းကို အစပျိုး
ကျန်စစ်သားလို
ရာဇဝင် ထဲကအချစ်မျိုးတဲ့...............။
မင်း ဘဏ္ဍာကို မထိရဲလို့
ပေးဆပ်ခြင်းဟာ အချစ်လို့ ဆိုခဲ့ရင်........
အနော်ရထာ ကံတော်ကုန်
သူ ဘုရင် ဖြစ်ခွင့် ကြုံတော့
ပိုင်ဆိုင်ဘို့ ဆိုတဲ့အချိန်ရောက်
မဏိစန္ဒာ ကိုမိဖုရားမြှောက်တယ်.......... ..........။
ပေးဆပ်ခြင်းဟာ အချစ်လို့ ဆိုခဲ့ရင်........
အနော်ရထာ ကံတော်ကုန်
သူ ဘုရင် ဖြစ်ခွင့် ကြုံတော့
ပိုင်ဆိုင်ဘို့ ဆိုတဲ့အချိန်ရောက်
ဘာလည်း...???????????
ပေးဆပ်ခြင်း....???????????
ပိုင်ဆိုင်ခွင့် မရှိမှ
ပေးဆပ်ခြင်း စကားနဲ့ ချစ်ကြတာ
ပိုင်ဆိုင်ခွင့် နဲ့ ကြုံခဲ့ရင်
ချစ်သူကို လူတိုင်းက ရယူချင်တယ်..............။
ပေးဆပ်ခြင်း....???????????
ပိုင်ဆိုင်ခွင့် မရှိမှ
ပေးဆပ်ခြင်း စကားနဲ့ ချစ်ကြတာ
ပိုင်ဆိုင်ခွင့် နဲ့ ကြုံခဲ့ရင်
ချစ်သူကို လူတိုင်းက ရယူချင်တယ်..............။
အချစ်စစ်နဲ့ ကုဿမင်း
ဇာတ်သိမ်းခန်းမှာ ရယူခြင်းနဲ့............။
ပေးဆပ်ခြင်းဆိုတာ
(၁၅၀၀ ) မှာ မဟုတ်
( ၅၂၈ ) မှာတော့ ဟုတ်ချင်ဟုတ်မယ်............... ...။
ဇာတ်သိမ်းခန်းမှာ ရယူခြင်းနဲ့............။
ပေးဆပ်ခြင်းဆိုတာ
(၁၅၀၀ ) မှာ မဟုတ်
( ၅၂၈ ) မှာတော့ ဟုတ်ချင်ဟုတ်မယ်...............
(လူသားတွေအတွက် ပေးဆပ်ခြင်းဖြင့် ချစ်ခဲ့သော ဘုရား........
သား..သ္မီးတွေအတွက် ပေးဆပ်ခြင်းဖြင့် ချစ်ကြသော မိဘ.......
မြန်မာနိုင်ငံ အတွက် ပေးဆပ်ခြင်းဖြင့် ချစ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း......)
သား..သ္မီးတွေအတွက် ပေးဆပ်ခြင်းဖြင့် ချစ်ကြသော မိဘ.......
မြန်မာနိုင်ငံ အတွက် ပေးဆပ်ခြင်းဖြင့် ချစ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း......)
မှတ်ချက်။ ။ကျွန်တော်အတွေးတွေ မှားချင်မှားနေမည်။
ညီညီ(မြန်အောင်)
6 မှတ်ချက်:
အကြွေးတွေပေးဆပ်ရဦးမှား)
ပေးဆပ်ခြင်းအကောင်းဆုံးပေါ့(၀ိုင်ဝိုင်း)
ရယူခြင်းမဟုတ်ရင် အချစ်က ဘာလဲ(လေးဖြု )
သူတို့တွေတောင် သဘောထားတွေမတူကြဘူး
ဟိ
ဟုတ်တယ် ထင်တယ် အချစ်ဆိုတာအချစ်ပဲ
အင်း.. မှန်တယ်
လူတွေက မပိုင်ဆိုင်နိုင်မှသာ ပေးဆပ်ခြင်းနဲ့ ချစ်တယ်လို့ ပြောတတ်ကြတယ်။ တကယ်တမ်းပိုင်ဆိုင်ခွင့်ရကြည့်ပါလား.. အချစ်ဆိုတာ တူတူလက်တွဲပြီး ထာဝရပျော်ရွှင်မှုပါ ဆိုတာမျိုးလာမှာ ဟိဟိ
:P :P
ပေးဆပ်ခြင်းလား???
ရယူပိုင်းဆိုင်ခြင်းလား???
အားးးးနော်းးးတိတောတူး
ဒါပီမဲ့းးအားပေးသွားတယ်
ကိုညီညီ(ပြန်အောင်)ရဲ့
ဟဲဟဲ
မတိတေးဝူးပေါ့.....အဟ....
ကိုယ်တိုင်ကြုံဘူးရင် ဘာလည်းချိုဒါ တိလိမ့်မယ်နော်...ငှင်း...ငှင်း...
ကျေးဇူး အကြီးကြီးတင်ပါတယ်..မမမေမေလေး
Post a Comment