ဆုံမှတ်မှားတဲ့ ဆုံချက်

      

ကောင်မလေးရေ.....
ခပ်နွေးနွေးပဲ တို့ တွေဝေးခဲ့ ကြတယ်
နှစ်ဖက်လုံးမှာအပြုံးတွေနဲ့ .....
တစ်သက်လုံးစာ ရှုံးနေတာ
အခုတော“့ ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....
၂၃ တိမ်းစောင်းခြင်းမှာ တို့ တွေအတွက်
အရပ်မျက်နှာ လွှဲခဲ့ရတယ်
ကြွေလောက်တဲ့စကားလုံးတွေအောက်
သေလောက်ချစ်ခဲ့ရတာ“ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....
လမ်းခွဲမှာ လွမ်းရဲတော့ ဝမ်းမနည်းပါဘူး
တစ်ခါတစ်ခါမေ့နိုင်ဖို့  ကြိုးစားမှုမှာ
မကြာမကြာ သတိရခြင်းတွေနဲ့ ရောနှောနေမိတယ်
လမ်းဆုံးတောင် အလွမ်းဆုံးက “ငါ”ဖြစ်နေတယ် ကောင်မလေး...


မင်းဆီက ဘယ်တော့မှ မကျန်ရှိနိုင်သံယောဇဉ်တွေ....
ငါ့ဆီမှာ ဘယ်တော့များ ပျောက်ကွယ်နိုင်မယ့်ချစ်ခြင်းတွေ...
ပေးတိုင်းပြန်မရခဲ့တာတွေ....
အဲ့တာအားလုံးဟာ
ဆုံမှတ်မှားတဲ့ ဆုံချက်များရဲ့  ခြေရာတွေလား....
“အချစ်”လို့  ခေါ်ရမလား...
အခုချိန်ထိ မရေးရာအတွေးတွေနဲ့ 
အသေချာဆွေးနေတာ “ငါ”ပါပဲ ကောင်မလေးရေ....

                                             လေလွင့်လူ(ကမာမြေ)

6 မှတ်ချက်:

မေဝင်း789 said...

အဆွေးသမားလေး ကိုလလလရဲ့
အချိန်ကုန်ခံပီ မရေးရာတဲ့အတွေးတွေ
တွေးနေမဲ့အစား ဘုန်းကြီးဝတ်လိုက်တောနော်
ဟဲဟဲ စိတ်ဆိုးရဘူးနော် သားသား

လမင်းငယ် said...

ဆွေးနေတယ်ဆိုပါလား လွမ်းဆွေးခြင်းတွေကင်းဝေ
ကြပါစေ :)

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက ကောင်းလိုက်တာ

ဘိုဖြူ said...

ကဗျာလေးကောင်းတယ်ဗျာ
မအားတာနဲ့ခုမှရောက်ဖြစ်ပါတယ်ကို့ညီတို့ရာ

မောင်မောင် said...

အလွမ်းကဗျာလေးပါလားကိုမောင်တစ်လုံးက အဆွေဓါတ်ခံပါမယ်ထင်တယ်။

Unknown said...

အဆွေးဓာတ်ခံ ရှိပြီးသားမို့ ထင်ပါတယ် ဖတ်လိုက်ရတော့အလွမ်းတွေဆင့်သွားခဲ့တာပေါ့..လွမ်းဆွေးလေးဖြစ်သွားတော့နွေးနွေးလေးပေါ့လေ...

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here