သခင်ရယ်
ပူမီးရယ်ဗျာခွေ ဖြေမဆည်ပြေမညှိုး
သင့်ခဲ့ပေါ့ အလွမ်းတွေ
ကာလရှည် တစ်စခန်းက
ဒီမောင် ပန်းလှပြီ။
သခင်ရယ်
မမြင်လည်းလွမ်း မြင်လည်းလွမ်းမို့ 
ရင်ကွဲခန်းတွေ မပြိုအောင်မိုး
သခင့်ထံအား မငြိုးရက်ပါ
ဒီမောင်မှာသာ ခံယူပါ့မယ်။
သခင်ရယ်
ရင်တွင်းမွေးဖွား အချစ်များသည်
ဖြစ်တည်ကာမရ ကြွေပျက်ကယ်သုန်းတိုင်
သခင်တည်းသာပိုင်ဆိုင်ပါတယ်။
သခင်ရယ်
ရူးသွပ်အောင် ချစ်တဲ့သူကိုမှ
နှုတ်ဆက်ခြင်း ကင်း
ခပ်စိမ်းစိမ်းတိမ်း ဖယ်ရှောင်ကာသွားလေတော့
ဒီမောင်အတွက် သင့်တဲ့အချစ်ဒဏ်
(သိပ်ကို)ပြင်းထန်လှပါတယ်သခင်။ ။
လေလွင့်လူ(ကမာမြေ)
5 မှတ်ချက်:
ဒီကဗျာလေး အရမ်းမိုက်တယ်ဗျာ....
မောင်စိန်ဝင်း အတိုင်းပဲ.......
ကဗျာ လေးအရမ်းကိုကြိုက်တယ်ဗျို့
မမြင်လည်းလွမ်း မြင်လည်းလွမ်းမို့ 
ရင်ကွဲခန်းတွေ မပြိုအောင်မိုး
သခင့်ထံအား မငြိုးရက်ပါ
ဒီမောင်မှာသာ ခံယူပါ့မယ်။ စာသားလေးမိုက်၏
ဘီသူအတွက်ရေးနေလဲဆိုတာ နာသိတယ် အခြေသဖြင့် အတူနေတဲ့ လေလွင့်လူရယ် ချာမောင်က ဗလမ၇ှိပေမယ့် ဇရှိတယ်နော်..သက်ဆိုင်သူရယ် နားလည်ပေးလိုက်ပါနော် ဆြာမောင် တောင်းဆိုပါရစေ နားလည်ပေးလိုက်ပါ
အယ် အဆွေးသမားလေး ကိုလလလ ကလောင်းစွမ်း
တယ်ပြင်ပါလားနော် နော်တောင် ဘီသူကိုလွမ်းသလို
ခံစားရတယ်နော် အားပေးတယ်နော်
တယ်လန်းပါ့လား..ကိုလေလွင့်လူ ရေ..
အားပေးသွားတယ်ဗျာ ..
(ဒုတိယ)..
Post a Comment