![]() |
ကိုဒုတိယဆီမှ ကြိုက်လွန်းသော ကဗျာတစ်ပုဒ်အား ခွင့်တောင်း၍ တင်းထားခြင်ဖြစ်ပါသည် |
တစ်ရွာမပြောင်း.သူကောင်းမဖြစ်ဆိုလို့ ...
တစ်ရွာ..နှစ်ရွာ..တစ်မြို့ ..နှစ်မြို့ ..ရောက်ခဲ့..ရာ.
ရေကြည်သောက် မြက်နုစားချင် တဲ့စိတ်ကြောင့်..အခုတော့
တစ်နိုင်ငံ..နှစ်နိုင်ငံ..သုံးနိုင်ငံ..မြောက်ခဲ့ပေါ့...
ရိုးသားတဲ့ မိဘနှစ်ပါးနှင့်..မြက်ဗုဒ္ဓရဲ့နူးညံ့တဲ့
တရားတော်အောက်မှာ လူလားမြောက်ရင်း
သောက်ရေအိုးစဉ်တွေ ရှိတဲ့နိုင်ငံမှာ လူဖြစ်ရတာ..
ငါ့ကိုငါ ဂုဏ်ယုတယ်ကွ..လို့ ပြောခဲ့တဲ့.
ဒီပါးစပ်က..အခုတော့..
အကြင်နာတရားကင်းမဲ့..လည်လှီးသားမှ...စားတတ်တဲ့..
လူမျိုးခြား..ဘာသာခြား..တွေကြားထဲ့..
ချွဲပတ်ပတ်..စကားလုံးတွေ ထည်လဲသုံးလို့..
တစ်ခါ တစ်ခါ ငါ့ ကိုငါ မသတီ..သလိုလို..
ရောင်စုံလူတွေကြားထဲ့တိုးဝှေ့ ..တွေ့ သမျှလူ..ဟန်လုပ်ပြုံးပြ..
တစ်ခါ တစ်ခါ ငါ ပါးတွေများတောင် ညောင်းလို့ 
အသိခေါက်ခက် အ၀င်နက်..တဲ့.
ဘယ်တော့မှမပြည့်နိုင်တဲ့ လောဘတွေနောက်..
အမှီလိုက်ရင်း..ငါ့အတွက်..
ဘယ်ဆီရောက်နေမှန်းမသိတဲ့ အိမ်ပြန်ချိန်တွေ တမ်းတနေမိတယ်
ခုတော့..စစ်ကူမရှိတဲ့အရပ်မှာ ငါတစ်ယောက်ထဲ..
.ကိုယ့်ဒုးကိုချွန် ကိုယ့်အရိပ် ကိုနင်း..
ဒရောသောပါးနှင့် အပြေးသွားနေမီ ..
ကမ်းတွေရှီရာအရပ်ဆီသို့ ......
ဒုတိယ(http://www.mrsecond2.blogspot.com/)
2 မှတ်ချက်:
လောဘတွေကင်းပီး
အေးချမ်းတဲ့ မိဘရင်ခွင်ကို
အမြန်ဆုံးရောက်နိုင်ပါစေ
အားပေးသွားပါတယ်
ကဗျာလေးကြိုက်တယ် မောင်စွယ်စုံရေ
Post a Comment