Wednesday, January 18, 2012

ကာရံထုဆစ်ပြီးစီးခြင်း

                       

အချစ်ကဆိုတာ
တာထွက်နှေးတဲ့  ခြေထောက်တစ်စုံလား
ပန်းဝင်ချိန်စောဖို့  မရေရာတော့...
(နေပါစေကွာ)
ဒီဆုလာဒ်တွေ ငါမယူတော့ဘူး...

သက်ပြင်းပေါင်းချရတာများတော့
ခေါင်းတောင်ခပ်ငိုက်ငိုက်ကြနေပြီ
လူမှန်တော့ အချစ်ကိုကြံ အပူဒဏ်နဲ့ အကြိမ်ကြိမ်တိုး
(တော်သင့်ပြီကွာ)
ခပ်နွမ်းနွမ်းနဲ့ အသည်း  ခံစားရင်းကွဲပါစေတော့...

မလာနဲ့ ပြောပြီး မနှင်ပဲထားတယ်
ခံစားချက်တွေ ဂရက်ရိုက်
တစ်ခါတစ်ခါ ကန့် တန့် လိုက် အရွဲ့ တိုက်ချင်လာတော့
(မပြောတေ့ဘူးကွာ)
ရင်ထဲစကား ရင်ထဲထားတာပဲကောင်းတယ်...

ဒီလိုနဲ့ မိုးလင်း ငါ့မနက်ခင်း
အခင်းကျင်းတွေတော့ မပြင်နိုင်ခဲ့ဘူး
ကောင်မလေးရေ...
“မင်းမရှိလည်းဖြစ်တယ်”ဆိုတဲ့စကား
ငါဘယ်လို အင်အားတွေနဲ့ ပြောရမှာလဲ...။          ။

                                                 လေလွင့်လူ(ကမာမြေ)

7 မှတ်ချက်:

ကိုရင် said...

မင်းတို့ဟာကလည်း ထု ထုနိုင်လွန်းတယ်ကွာ..
ကာရံကို ပြောပါတယ်။

ဘယ်လို အင်အားနဲ့ ပြောချင်နေလို့တုန်း.. :D

စံပယ်ချို said...

ခပ်နွမ်းနွမ်းနဲ့ အသည်း ခံစားရင်းကွဲပါစေတော့------

နောက်တစ်ခါမနွမ်းစေနဲ့----
ကိုရင်ပြောတာရယ်ရတယ်

ညီညီ said...

မလာနဲ့ ပြောပြီး မနှင်ပဲထားတယ်
ခံစားချက်တွေ ဂရက်ရိုက်
တစ်ခါတစ်ခါ ကန့် တန့် လိုက် အရွဲ့ တိုက်ချင်လာတော့
(မပြောတေ့ဘူးကွာ)
ရင်ထဲစကား ရင်ထဲထားတာပဲကောင်းတယ်.......
ဗျို့... ဆရာ လ.... တကယ်မိုက်တယ်ဗျာ.....
တကယ် ကြိုက်တယ်................။

လွင်ပြင်လှိုင်းငယ် said...

အရမ်းကောင်းတယ်ဗျို့

mstint said...

အမောင်ရေ သက်ပြင်းတွေခနခနချနေရင်
အိုစာတယ်တဲ့နော်။ အသက်ငယ်ငယ်နဲ့
အရွယ်ရင့်နေပါအုံးမယ်း) ကဗျာလေးကောင်းပါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားပေးခဲ့တယ် ဆ၇ာမောင်ရေ

Candy said...

အင်အားမရှိရင် မပြောပါနဲ့ လေလွင့်လူရယ်
ကောင်းမြဲ ကောင်းဆဲ ကဗျာပြောတာနော်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here