ပျော်စရာနည်းနည်း
စိတ်ညစ်စရာများများ
လူငယ်ဘ၀ဟာ
အသွားထက်ထက်စိမ်းလန်းစွာ
အရာရာကိုငါတို့ထိရှခဲ့ကြတယ်
ညီလေး
ငါတို့ဟာထိလွယ်ရှလွယ်
ငါတို့စိတ်နဲ့လက်တစ်ကမ်း
အားလုံးထိခဲ့ရှခဲ့တယ်။
မိန်းကလေးတွေလည်း
ထိရှခဲ့သူကြီးတွေပေါ့
သူတို့ကိုချစ်ပါ
ငါတို့အတွက်အလှပြင်ပေးဖော်ရတယ်။
ခေတ်က
သင်းတိုင်းဝတ်မိုးတိမ်တွေရွာချပြီးတဲ့ခေတ်
ငါတို့လည်းမိုးမိခဲ့ကြတယ်။ ။
အောင်မှူးဝေ
1 မှတ်ချက်:
အားလုံးထိခဲ့ရှခဲ့တယ်။
မိန်းကလေးတွေလည်း
ထိရှခဲ့သူကြီးတွေပေါ့
သူတို့ကိုချစ်ပါ ကြိုက်၏
Post a Comment