ရေသောက်မြစ်ကနာ
ရွက်ကြွေသံကြားလည်း
ရေသောက်မြစ်ပဲဖျား
အခွံအခေါက်တွေ
အဖတ်လိုက်ကွာကျသွားတာတောင်
သွေးစည်းမှုက
ရောက်ရာအရပ်မှာမွှေးနေတုန်း။
ဘ၀ကို ဆုတစ်ခုအဖြစ်
လက်ခံရယူခဲ့တယ်ပဲဆိုပါတော့
ငယ်ဘ၀ဟာ
ကလေးတစ်ယောက်လက်ထဲက
လွတ်ကျသွားတဲ့ကစားစရာ
ဖြည့်ဆည်းခဲ့ပါတယ်
ပြည့်ပြီးကျွန်တော့်ကို မောင်းထုတ်လိုက်ချိန်အထိ။ ။
အောင်မှူးဝေ
29.1.2012
6 မှတ်ချက်:
ကိုရင်လည်း အတူတူပါပဲ ဒကာကြီး :D
ဖြည့်ဆည်းနေအုံးမယ်..
ပြည့်ပြီး မောင်းထုတ်မဲ့အချိန်ထိပေါ့..
ကဗျာလာဖတ်သွားပါတယ်ကွယ်
ခိုက်တယ်။
ငယ်ဘ၀ဟာ
ကလေးတစ်ယောက်လက်ထဲက
လွတ်ကျသွားတဲ့ကစားစရာ
ဖြည့်ဆည်းခဲ့ပါတယ်
ပြည့်ပြီးကျွန်တော့်ကို မောင်းထုတ်လိုက်ချိန်အထိ။ ။
တကယ်ကြွေတဲ့ ခံစားမှုပဲဗျာ ခံစားသွားပါတယ်
ကဗျာလေးကောင်းချက်ကတော့
အားပေးလျှက်
မဒိုးကန်
(အောင်မှူးဝေ)
အာပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Post a Comment