ဘယ်နတ်ဆိုးရဲ့ ကျိမ်စာတွေလည်း
ခဏတာ အိပ်မက်ထဲ ဆုံတွေ့တာမှာ
တစ်ယောက်ကို တစ်ယောက် ကျောခိုင်းရင်း
လွတ်လပ်စွာ ကြည်နူးချင်းတွေ မရှိဘူး.............။
မနိုးထချင်ပဲ နိုးထခဲ့ရတဲ့ မနက်ခင်းတစ်ခု
မသန့်စင်ချင်ပဲ သန့်စင်ခဲ့ရတဲ့ မျက်နှာ
မစားသုံးချင်ပဲ စားသုံးခဲ့ရတဲ့ နံနက်စာ
အချစ်ဆိုတာ စီးကရက် တစ်လိပ်သာဆိုရင်
ပြာခွက်ထဲသာ ထိုးချေလိုက်ချင်ပါရဲ့
တရှိုက်မက်မက် နှစ်သက်နေရမှာ ကြောက်တယ်............။
ထိုင်ကြည့်နေမိတာ အရုပ်ကလေးတစ်ရုပ်
လက်နဲ့ တို့လိုက်မှ ထွက်ကျလာတဲ့ စကားသံ
ဒါက....
လှောင်ရယ်သံ တစ်ခုပဲလေ
ကဗျာတွေ ကာရံမဲ့ကုန်ပေါ့................။
နေဝင်ချိန်ကို မျှော်လင့်တဲ့ လမင်း
လိပ်ပြာကိုမှ မျှော်လင့်တဲ့ ပန်းကလေး
တေးခတ်လက်ကို မျှော်လင့်မိတဲ့ သံစဉ်တစ်ခု
ဖြူစင်မှုကို မျှော်လင့်နေတဲ့ ငါ
အရာရာ အိပ်မက်တွေပဲ ဆိုတာ
လန့်မနိုးခင်ကတည်းက သိလိုက်တယ်.............။
လိပ်ပြာကိုမှ မျှော်လင့်တဲ့ ပန်းကလေး
တေးခတ်လက်ကို မျှော်လင့်မိတဲ့ သံစဉ်တစ်ခု
ဖြူစင်မှုကို မျှော်လင့်နေတဲ့ ငါ
အရာရာ အိပ်မက်တွေပဲ ဆိုတာ
လန့်မနိုးခင်ကတည်းက သိလိုက်တယ်.............။
လှောင်ရယ်လိုက်ပါ
နင့်အတွက် အချစ်ဆိုတာ
ရင်ခုန်စရာမှ မဟုတ်တာ...................။
နင့်အတွက် အချစ်ဆိုတာ
ရင်ခုန်စရာမှ မဟုတ်တာ...................။
ညီညီ(မြန်အောင်)
1 မှတ်ချက်:
ဖတ်လဲဖတ် မှတ်ချက်လဲပေးခဲ့တယ်နော်
အားပေးတယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Post a Comment