ပိတောက်ပွင့်သစ်

(၁)

နာလံထလာတဲ့

အမှန်တရားတချို့ရဲ့တေးသွားမှာ

ဆရာသမားကြီးရေ

ခင်ဗျားလည်းအသစ်

ကျွန်တောလည်းအသစ်

ကိုပေါ်ဦးအသစ်၊ရင်နီအသစ်

ခင်ဗျားချစ်တဲ့

နှစ်ငါးဆယ်ကျော်ရေဒီယိုကြီးလည်းအသစ်ပေါ့

အခုနှစ်တွေမှာ

အပြောင်းလဲကအစ ပြောင်းလဲခဲ့ပါတယ်။

(၂)

ကျွန်တော်တို့မြတ်နိုးကြတဲ့

အမှန်တရားဆိုတာ

မြေမြှုပ်ထားလည်း

သူ့နည်း သူ့ဟန် သူ့အားမာန်နဲ့

ပေါက်ကွဲပြီးအောင်ပွဲခံမယ့်အမျိုး

သူ့လက်နဲ့

ခေတ်ကိုဖြည်ဖြည်ချရတာ မလွယ်ဘူး

အသစ်တွေကိုလှမ်းလှမ်းချည်ရတာလည်

ခက်တယ်။

(၃)

ပြည်သူချစ်ရင်ကမ္ပည်းတင်မည်-တဲ့လား

ပြည်သူမချစ်လည်းကမ္ပည်းတင်ရတာပါပဲ

ဥပမာ-ဟစ်တလာ၊ဂိုလ်ဘဲ၊ကဒါဖီ စသဖြင့်

ခင်ဗျားကတော့ဇာတ်လိုက်ကျော်ပါပဲ

ဘယ်သူတွေဘာပြောပြော

အသစ်တွေပွင့်ပြီး

အပွင့်တွေသစ်ခဲ့တယ်

ဆရာသမားကြီးလည်း ကျန်းမာပါစေ။ ။

အောင်မှူးဝေ


2 မှတ်ချက်:

ချစ်စံအိမ် said...

ဟဲဟဲ မမဆိုဒ်လည်းအသစ်ပါပဲလေ :P
ကဗျာလေးခံစားသွားပါတယ်

Anonymous said...

မမနော် ဟန်ဂျီအင်းတော့ မထိမဲ့နော် သားသားလေးဟာနော်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here