မျက်ဝန်းမှာ မျက်ရည်စိုမှ
ငိုကြတာတဲ့လား......?
နင်ရယ် ငါရယ်
လမ်းခွဲ မယ်လို့ပြင်
ကိုယ်စီမာနတွေ ထားခဲ့စဉ်က
မျက်ရည်ဆိုတာ မျက်ဝန်းရဲ့အဝေး
ဟန်ဆောင်ထားတဲ့ အပြုံးလေးတွေ.........
ဒါပေမယ့်.....
သံယောဇဉ် တစ်ခုရဲ့ မြစ်ဖျား
နှလုံးသားမှာတော့ မျက်ရည်များပါ
ဘယ်သူမှ မမြင်သာဘူး
မျက်ဝန်းမှာ မျက်ရည်စိုမှ
ငိုကြတာတဲ့ လားချစ်သူ...................။
တွေဝေကာ မှိုင်ငေးမှ
လွမ်းဆွေးကြတာ တဲ့လား........?
တကယ်အနေဝေးမှ
မေ့မရတဲ့ ငါပါ.....
နင်ပေးခဲ့တဲ့ နှလုံးသားက ဒဏ်ရာ
ငါရသင့်တဲ့ သင်ခန်းစာ ဆိုရင်
တည်ငြိမ်ခြင်းတွေနဲ့ ငါ့ရင်ခွင်အား
ပျော်ရွှင်မှုတွေနဲ့ ဖန်တီးထားရင်း
ခဏခဏ(နင့်ကို) သတိရခြင်းတွေ ရှိတယ်......
ရင့်ကျက်ခြင်းနဲ့ ငါ့ရုပ်သွင်မှာ
အလွမ်းဆိုတာ မမြင်သာဘူး
တွေဝေကာ မှိုင်ငေးမှ
လွမ်းဆွေးကြတာတဲ့လား ချစ်သူ.................။
ချစ်တယ်ဆိုတဲ့ ဆန္ဒ
နှုတ်ဖျားက ဖွင့်ဟမှ
သတ္တိ ရှိကြတာတဲ့လား.............?
"တူနှစ်ကိုယ် တဲအိုပျက်မှာနေရ
အချစ်သည်သာ ပဓာနတဲ့"
ပကာသန မမက်ဘူးဆို
နားထောင်ဘူးတဲ့ သီချင်းအိုအိုတွေ...........
မပြည့်စုံတဲ့ ဘဝထဲ
နင်လက်တွဲရဲလား မေးရင်
ကမ်းထားတဲ့ လက်က တွန့်ဆုတ်ချင်တယ်.......
အရမ်းချစ်ခဲ့ ပါတယ်.............
ဖွင့်မပြောသာမှ
ရင်ထဲမှာ မြိုသိပ်ကြရင်း
တိတ်တခိုးနဲ့ ချစ်ခဲ့ခြင်းမှာ
အနာဂတ်အတွက် ပန်းတိုင်ဆိုတာ ပါတယ်...............
ချစ်တယ်ဆိုတဲ့ ဆန္ဒ
နှုတ်ဖျားက ဖွင့်ဟမှ
သတ္တိရှိကြ တာတဲ့လား ချစ်သူရယ်................။
ညီညီ(မြန်အောင်)
6 မှတ်ချက်:
ခံစားချက်တွေထွက်ကျလာပြီ မောင်တစ်လုံးတော့
စာသားတွေလန်း၏ ကောင်း၏ ကြိုက်၏
တိန်..မောင်တလုံးက ရေးတတ်ပါဝူး..ကိုညီညီရေးတာ..ကျနော်လည်းကြိုက်ဒယ်..ကောင်းဒယ်နော်..ခံစားချက်စစ်စစ်..(အာမခံသီတဲ့)
ညီညီရေ
(တစ်ချိန်က ကျနော့်မမသို့ ) အဲတာဘယ်ဒူတုန်း
နာတို့ကိုကြောကြလေဟာ
ခံစားချက်ကဗျာလေးမိုက်တယ်
ကြောမကြချင်ပါဘူး မမရယ်.....
အဟောင်းဒွေ အစုပ်ခြစ်တယ်.... နောက်ပြီး ရှက်ဒယ်..အဟိ
မလမင်းငယ်....
ကျေးဇူးနော်..လာဖတ်ပေးလို့ပါ..............။
ဟုတ်တယ်လေ မပြောဘဲ ဘယ်လိုသိမလဲ
း)
ခင်မင်လျှက်
မဒိုးကန်
တစ်ချိန်က အတဲကွဲဇာတ်လမ်းလေးပေါ့ မီးတောင်တနားလာပြီနော့ အဟီး ရှရွတ် ဟင့်ဟင့်
Post a Comment