![]() |
မိုးမခတော့ မဟုတ်ဝူးနော် (မလေးရှား)ကလန်းမှာ ညနေသွားလည်ရင်ရိုက်လာတာ |
ငါမသိအောင်ခိုးခိုးကြွေနေတဲ့
ညအိပ်ညနေပန်းကလေးတွေ
ငါ့ရဲ့ရှေ့ကမသိလိုက်မသိဘာသာ
ခေတ်စံနစ်အဖူးအပွင့်များ
ငါ့လမ်းဘေးဝဲယာမှာလည်း
သူရဲကောင်းဆန်ဆန်
အရိပ်ရပုံပြင်တွေ
ငါ
ကမ္ဘာပြုစကားလုံးတွေကိုချစ်သူပါ
ကမ္ဘာဖျက်လက်နက်တွေကိုမုန်းသူပါ
နက္ခတ်စုံပြီး လင်းခွင့်မရလိုက်တဲ့
ကောင်းကင်အသေတစ်ခုလည်းဖြစ်ပါတယ် ။
မြစ်ညာမှာနှင်းရည်တွေလည်းရွှဲလို့ 
မြစ်ကငါ့ကဗျာထဲဝင်စီးတဲ့အခါစီး
ငါ့ကဗျာတွေကမြစ်ပြင်ပေါ်
သမ္ဗာန်ကလေးနဲ့ကိုယ်ဖော့တဲ့အခါေ ဖာ့ရဲ့
ငါ့ပတ်ဝန်းကျင်က
ကဗျာအယူအဆတွေကို
ဘာသာဗေဒထဲ ထည့်ထည့်ခလောက်လို့
ရူးနေတဲ့ကြောင်တစ်ကောင်လို
ကဗျာထဲမှာ
မျဉ်းကြောင်းတွေလျှောက်ခြစ်လို့
ငါ့ကဗျာတွေက
ဘယ်သန်ကဗျာတွေပါကွာ
မင်းဝေါဟာရတွေငါ့ကို မီးမကူးကြဘူး။
အလုံကျေးက ဂဠုန်လေးရေ
အကုန်ပေးလိုက်တာတောင်
ကလေးတစ်ယောက်ပဲ အဖတ်တင်ရသလား
ရွာထိပ်က အရူးမရဲ့ကဗျာ
ညောင်ရွက်တွေလေတိုးသံလိုလို
ဆွေးဆွေးမြေ့မြေ့ မြည်တယ်
အရူးမပါးစပ်သာသေနတ်ဆိုရင်
အသံတစ်ခုထဲမှန်တာနဲ့တင်သေလောက် တယ်။
အယောင်ဆောင်ပြောင်းလဲမှုတွေကြား
အမှောင်ကိုကုစားတဲ့ဆေးကဈေးကြီး လို့
မြစ်ညာကအလင်းကိုပဲ ငါမျှော်နေမိတာ
မိုးမခမြစ်ပြင်ကို
အတိုးချချစ်ချင်လို့ လာခဲ့ပြီ။ ။
သူရဲကောင်းဆန်ဆန်
အရိပ်ရပုံပြင်တွေ
ငါ
ကမ္ဘာပြုစကားလုံးတွေကိုချစ်သူပါ
ကမ္ဘာဖျက်လက်နက်တွေကိုမုန်းသူပါ
နက္ခတ်စုံပြီး လင်းခွင့်မရလိုက်တဲ့
ကောင်းကင်အသေတစ်ခုလည်းဖြစ်ပါတယ်
မြစ်ညာမှာနှင်းရည်တွေလည်းရွှဲလို
မြစ်ကငါ့ကဗျာထဲဝင်စီးတဲ့အခါစီး
ငါ့ကဗျာတွေကမြစ်ပြင်ပေါ်
သမ္ဗာန်ကလေးနဲ့ကိုယ်ဖော့တဲ့အခါေ
ငါ့ပတ်ဝန်းကျင်က
ကဗျာအယူအဆတွေကို
ဘာသာဗေဒထဲ ထည့်ထည့်ခလောက်လို့
ရူးနေတဲ့ကြောင်တစ်ကောင်လို
ကဗျာထဲမှာ
မျဉ်းကြောင်းတွေလျှောက်ခြစ်လို့
ငါ့ကဗျာတွေက
ဘယ်သန်ကဗျာတွေပါကွာ
မင်းဝေါဟာရတွေငါ့ကို မီးမကူးကြဘူး။
အလုံကျေးက ဂဠုန်လေးရေ
အကုန်ပေးလိုက်တာတောင်
ကလေးတစ်ယောက်ပဲ အဖတ်တင်ရသလား
ရွာထိပ်က အရူးမရဲ့ကဗျာ
ညောင်ရွက်တွေလေတိုးသံလိုလို
ဆွေးဆွေးမြေ့မြေ့ မြည်တယ်
အရူးမပါးစပ်သာသေနတ်ဆိုရင်
အသံတစ်ခုထဲမှန်တာနဲ့တင်သေလောက်
အယောင်ဆောင်ပြောင်းလဲမှုတွေကြား
အမှောင်ကိုကုစားတဲ့ဆေးကဈေးကြီး
မြစ်ညာကအလင်းကိုပဲ ငါမျှော်နေမိတာ
မိုးမခမြစ်ပြင်ကို
အတိုးချချစ်ချင်လို့ လာခဲ့ပြီ။ ။
အောင်မှူးဝေ
1 မှတ်ချက်:
ခံစား အားပေးသွားပါတယ်
ကဗျားဆရာလေး ဟဲဟဲ
Post a Comment