ပျံသန်းခြင်းခက်
အတောင်ပံတွေနဲ့
လှောင်အိမ်ထဲက
ဒေါင်းငှက် တွေ................။
မွန်းကြပ်ခဲ့တဲ့ ခုနှစ်နဲ့
စတည်းခဲ့ တဲ့ သက္ကရာဇ်တွေ ကြား
ယုံကြည့်မှုတွေက ပျက်မသွားပဲ
ခိုင်မြဲခဲ့တဲ့ တွဲလက်တွေ
ကမ္ဘာ ကြီးတောင် အံ့သြစေတယ်...........။
ဒေါင်းငှက်တို့ရဲ့ ကြွေးကျော်သံနဲ့
အတောင်ပံ များကို ဖြန့်ခတ်ရင်း
တဖန် ပျံသန်းခြင်း ရှိလာပြီ
အနာဂတ် အတွက် ကောင်းကင်ဆီမှာ
ကြည့်စမ်း........
ညီညီ(မြန်အောင်)
4 မှတ်ချက်:
တကယ် ခွန်းအားရှိတဲ့ ရသစာပေပဲနော်
တော်တယ် နောင်တတွေနဲ့ ကိုညီညီ(ပြန်အောင်)
အားပေးလျှက်ပါနော်းးးးးးးးးးးးးးး
ကဗျာလေးလာရောက်ခံစားအားပေးသွားပါတယ်
ရောင်နီကို မျှော်လင့်သူ တစ်ယောက်မို့ ရောင်နီသန်းလာတာကို ၀မ်းသာမိတယ်ဗျိုးးး)
ကောင်းလိုက်တဲ့ကဗျာလေး
လက်ရှိအခြေအနေကိုအများကြီးထင်ပာပ်စေတယ်
Post a Comment