Monday, January 16, 2012

ပြန်ခဲ့ပါ မေ...( လေလွင်လူ၏ ဖြစ်ရပ်မှန် )


မေ...
ဝေဆာဆဲ အပြုံးရက်တွေ ဘာကြောင့်ဆိတ်သုန်းတတ်တာလဲ
မျှော်လင့်ချက်တစ်ပွေ့ တစ်ပိုက် ဂရက်ရိုက်နေတဲ့
ဒီလူ့ ရင် နွမ်းနယ်ပြီး ရနံ့ ပြယ်ရတော့မှာလား

မေ...
တွေ့ ဆုံခြင်းအတက် ဆုံကွဲခြင်းအဆင်း
လောကဓံရဲ့  ဒီအခင်းတွေ
တို့ နှစ်သားကြည့်နေရင်းက
ကြေကွဲခြင်းတွေ ခြားရတော့မှာလား

မေ...
နှင်ရက်အားတဲ့စကား စည်းဘာလို့ ခြားခဲ့တာလဲ
မလိုချင်ပစ် လိုရင်ချစ် ဒီလိုလား “အချစ်က”..
ညှင်သာတဲ့ အကြင်က ရင်နာချက်ထင်လာအောင်
တမင်တကာ ပျက်ကြွေချင်တာလား

မေရယ်...
တို့ နှစ်ဦးကြားတမ်းတ ရက်တွေရှိပါတယ်
တူညီပြီးသား ချစ်ခြင်းမေတ္တာ စွန့် ခွာကျောခိုင်းထားမှာလား
သတိရစိတ် ဖဲ့ခြွေချိန် မေ့မျက်ဝန်းတွေ စိုနေမှာ
ဒီလူကြောက်တယ်မေ.......

                                       လေလွင့်လူ(ကမာမြေ)


8 မှတ်ချက်:

မေဝင်း789 said...

အချစ်ဆိုတာဘယ်ကစ
ရင်ခုန်ခြင်းစ
အမုန်းဆိုတာဘယ်ကစ
ရင်နာခြင်းကစ
မျက်ရည်ဆိုတာဘယ်ကစ
ကြေကွဲခြင်းကစ
အဆွေးဆိုတာဘယ်ကစ????
အားးးးးးတိတော့ဘူးး
အဆွေးသမားလေး အားပေးတယ်ဗျ
စိတ်ရင်းနဲ့ကို အားပေးတယ်ဗျနော်

ညီညီ said...

ဘုကို ချောင်းရေးထားဒါလဲ.....
အဟီးးးးးးးးးးးးးးးး
နှုတ်မိတယ်နော်.... ရိတ်တာထက် ပြောင်တယ် သိလား.........။

မဒမ်ကိုး said...

မျက်ရည်မစိုနဲ့ တစ်သျှူးပေးမယ်မေး)

ကဗျာလေးကိုခံစားသွားတယ်နော်

Candy said...

နောက်ဆုံး အပိုဒ်လေးကို အကြိုက်ဆုံးပဲ :D

Anonymous said...

သက်ဆိုင်သူရယ် ပြန်လာပါတော့ ငိုနေမှာစိုးတယ်တဲ့ အကြောင်းသိတွေဆိုတော့ ခံစားနိုင်ဘူး အဟင့်

လမင်းငယ် said...

မေနဲ့ အဆင်ပြေပါစေမောင်စွယ်စုံရေ

မောင်(စွယ်စုံကျမ်း) said...

တိန်..သားက မေနဲ့  ဟုတ်ဝူးနော်..လလလ ကိုပြောရမှာ ဟိဟိ မေဆို သတ်ချင်နေတာ..စောင်းပြောတာ..ဟဲဟဲ

တင့်လွင် said...

ကောင်းတယ်ဗျာ..ကူးသွားတယ်နော်...တိုက်ဆိုင်လို့

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here