ဧရာဝတီ အနောက်ခြမ်း
ကြိုဆိုပါ၏ စာတန်းနဲ့
ဒီ မြစ်ကမ်းရဲ့ အပေါ်
ဆုတောင်းပြည့် ဆိုတဲ့စေတီတော်အား
မြန်အောင်မြို့ မှာ ပူဆော်ထားတယ်...........။
ခေတ်မှီ ကစားကွင်း မရှိပေမယ့်
လေထန်မှ လျှင်မြန်စွာ ပျံတတ်တဲ့
လေတံခွန် လေးတွေကို ကြည့်ငေးရင်း
ကြည့်နူးခဲ့တဲ့ ညနေခင်းတွေ...............။
မာကျူရီ မီးရောင်တွေအစား
ဝင်းပပ လမင်းကို
မြက်ခင်းပေါ် မှာ ကျောခင်း
ကြည့်ခဲ့ ဘူတဲ့ ညခင်းတွေ.............။
သန်းခေါင်ထက် ညဥ့်နက်မှ
အိမ်ပြန် တက်တဲ့ သားကို
စိုးရိမ်မှု တွေနဲ့ ထိုင်စောင့်ရင်း
အိပ်ပျက်ခြင်း ရှိခဲ့တဲ့ အမေ...............။
ဒီအသည်းဦးမှာ
အချစ်ရူး ရူးခဲ့စဉ်က
တည်ငြိမ်နိုင်ခြင်း သဘောတရားကို
ရသ စာအုပ်တွေထဲမှာ ထောက်ပြရင်း
ညင်သာစွာ ဆုံးမခြင်း ရှိတဲ့ အဖေ...............။
ဒါတွေ...ဒါတွေ
ငါ့အမိမြေ....
ငါမချစ်လို့ ပစ်ခဲ့တာ မဟုတ်..............။
ရေကြည်ရာနဲ့ မြက်နုရာမှာ
စီးပွားကိုရှာ
ဘဝရဲ့ သင်ခန်းစာကို သင်ကြားရင်း
ခိုင်မြဲခြင်းရဲ့ နှလုံးသားမှာ
မြန်မာပြည်ဆိုတာ ကမ္ဗည်း ထိုးတားတယ်................။
ညီညီ(မြန်အောင်)
4 မှတ်ချက်:
အဲဒီလိုအလွမ်းမျိုး နှစ်တော်ကြာလွမ်းဖူးသမို့
ကိုယ်ချင်းစာနာပါ၏
မောင်ဘကြိုင်
ကိုညီညီ(ပြန်အောင်)လိုပဲ နော်လဲ
ကိုယ်ပြည်ကို လွမ်းပါတယ်
အားပေးသွာားပါတယ်
ငါ့အမိမြေ....
ငါမချစ်လို့ ပစ်ခဲ့တာ မဟုတ်..............။
ရေကြည်ရာနဲ့ မြက်နုရာမှာ
စီးပွားကိုရှာ
ဘဝရဲ့ သင်ခန်းစာကို သင်ကြားရင်း
ခိုင်မြဲခြင်းရဲ့ နှလုံးသားမှာ
မြန်မာပြည်ဆိုတာ ကမ္ဗည်း ထိုးတားတယ်................။
အဲ့ဒီ စာသားကို အရမ်းသဘောကျတယ်...
အားပေးသွားပါတယ်....။ မြန်မာပြည်သား (မြန်အောင်)ရေ...။
ငါ့အမိမြေ....
ငါမချစ်လို့ ပစ်ခဲ့တာ မဟုတ်..............။
ရေကြည်ရာနဲ့ မြက်နုရာမှာ
စီးပွားကိုရှာ
ဘဝရဲ့ သင်ခန်းစာကို သင်ကြားရင်း
ခိုင်မြဲခြင်းရဲ့ နှလုံးသားမှာ
မြန်မာပြည်ဆိုတာ ကမ္ဗည်း ထိုးတားတယ်................။
အဲ့ဒီစာသားကို သဘောကျတယ်
အားပေးသွားတယ်နော် မြန်မာပြည်သား(မြန်အောင်)ရေ..။
Post a Comment