ယခုလထုတ် ပေဖူးလွှာ မဂ္ဂဇင်း တွင် ဖော်ပြပါရှိသည့် အောင်မှုးဝေ၏ ကဗျာ


 မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ နေ၀င်တေး

ကိုယ့်ကိုယ်ကို သတ်သေမယ့်အစား

တစ်ခုခု အစားထိုးကြည့်ပါလား

ဥပမာရပ်ကွက်ကိုရူးချင်ယောင်ဆောင်ပြီးအော်ဆဲလိုက်တာမျိုး

သံရည်ကျိုတော့မယ့်ဘတ်(စ်)ကားကို

အုတ်ခဲကျိုးနဲ့ပိတ်ပက်ထုတာမျိုး

လေချွန်လိုက်နင်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို

ငါ့နားထဲမှာ ရေးဖွဲ့လိုက်

ဘာပဲဖြစ်ဖြစ်စိတ်သက်သာရာရဖို့ အဓိကပဲ

နင့်ကိုလူဝကြီးတစ်ယောက်ခြွေဖဲ့ခဲ့သလိုမျိုး

အလကားရတဲ့ပန်းကလေးတွေအပေါ်ဆက်ဆံကြည့်ရင်ကော

သတ်သေချင်စိတ်ပျောက်နိုင်မလား

ပိုက်ဆံအိတ်ကိုခဏခဏ ဖွင့်ကြည့်မနေပါနဲ့

နင် လှမှ တောင့်မှ ဖြောင့်မှ

ပိုက်ဆံအိတ်လည်းလှမှာတောင့်မှာဖြောင့်မှာပေါ့

လူ့စွမ်းအားအရင်းမြစ်ကိုပိုးစားတဲ့အလုပ်နဲ့

ရွှေထီးဆောင်းစတေကာကားတွေပေါ်က

အက်ဆစ်ပင့်ကူမလေးရေ

နင်ပျော်ပါးခဲ့တာပေါ့

ဟုတ်လား..တကယ်ပျော်ခဲ့ရလို့လား

သတ်သေချင်လောက်အောင်ပျော်ခဲ့ရတာပေါ့

လှောင်အိမ်ထဲထည့်သိမ်းခံရတဲ့ဓားတစ်ချောင်းလိုလား

အခု..ရောဂါကကျွမ်းနေပြီဟေ့

ပေါင်မုန့်အသိုးတစ်ဖဲ့နဲ့တူတဲ့ညကို

နတ်ဆိုးတစ်ကောင်လိုငေးကြည့်မနေပါနဲ့

ငါတို့တစ်ခုခုလုပ်ရအောင်

မိုးလင်းတော့မယ်

ဒါမှမဟုတ်

ငါတို့ဘ၀တွေဘယ်တော့မှမိုးမလင်းဘူး

စကားလုံးတစ်ခုခုရွေး

အိုး..ဘုရားသခင်-ဆိုတာလောက်ပဲဖြစ်ဖြစ်

မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ အစမှာ.....။      ။


                                                     အောင်မှုးဝေ

ဒီကဗျာလေးက ဆိုဒ်မှာတင်ခဲ့ပြီးသားပါ ယခုလပေဖူးလွှာမဂ္ဂဇင်းမှာ အရွေးခံရတာ

ကြောင့် ကိုအောင်မှုးဝေအား ဂုဏ်ပြုသောအားဖြင့် ထပ်မံ ဖော်ပြပေးလိုက်ပါ၏...။


2 မှတ်ချက်:

သဒ္ဓါလှိုင်း said...

ကဗျာလေးအတွက် ဂုဏ်ယူပါတယ်။ နောက်လည်း ကဗျာကောင်းလေးတွေဖတ်ခွင့်ရဖို့ မျှော်လင့်ပါတယ်။
ခင်မင်လေးစားလျက်
သဒ္ဓါ

ကိုရင် said...

ကဗျာလေး တော်တော သဘောကျတယ်..
ဆူဆိုက်တွေ နည်းကြပါစေ..

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here