Thursday, January 19, 2012

သ စၥ ာ ေ ဖ ာ က် စံ ပ ယ်-၂


ရိုက်ခွဲပစ်လိုက်တော့လည်း

ကိုယ့်စိတ်ပဲအရင်ကွဲခဲ့ရ

ပျော်ရွှင်မှုတွေတစစီ

အချစ်နဲ့ပတ်သက်ရင်

ဘယ်ခံစားမှုကအသံမြည်သွားလဲ

တစ်နေရာက တစ်နေရာ

မျက်ရည်နဲ့ ရွှေ့ရပြောင်းရ

ဒီကြေကွဲမှု

ဒီအလွမ်းပဲ

သင်ကြားလို့မပြီးနိုင်ဘူး။

ရှင်ကစုတ်ပဲ့တယ်

ချိန်းတွေ့တိုင်းသဘာဝကိုဆန့်ကျင်တယ်

ဖောက်ပြန်ရေးအနမ်းတွေလာမပေးနဲ့

ရှင့်ပါတီကဘယ်သန်ပါတီ

ရှင့်ကိုရွံတယ်

မုန်းတယ်

ရှင့်မျက်ခွက်ကိုမမြင်ချင်ဘူး

မြန်မာဇာတ်ကားထဲက ဒိုင်ယာလော့တွေ

သံစူးသလို နားထဲဝင်ရောက်လာ

ငါက

ကဗျာဆရာပါ

ငွေကြေးဆူညံပေါက်ကွဲမှုတွေကို

စာမဖွဲ့တတ်ခဲ့ဘူး။

ဒီညလည်း

ငါတို့ရဲ့ လမ်းမှောင်မှောင်လေးမှာ

စံပယ်ပွင့်သံတွေ ဆူညံခဲ့ပြန်ပြီ။    ။

အောင်မှူးဝေ

19.1.2012


2 မှတ်ချက်:

မောင်သီဟ said...

ငါက

ကဗျာဆရာပါ

ငွေကြေးဆူညံပေါက်ကွဲမှုတွေကို

စာမဖွဲ့တတ်ခဲ့ဘူး။



ခပ်ကြမ်းကြမ်းလေးခံစားရတယ်

လမင်းငယ် said...

ကဗျာလေးကောင်းတယ်ကွယ်
အားပေးသွားပါတယ်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here