လုံး ထွေး တွန့် ကြေ စွာ အိပ် စက် ပြီး တဲ့ နောက်


ငှက်ကလေးတွေနဲ့အတူ

အိပ်ရာကနိုးတာမကောင်းဘူးလား

နှုတ်ခွန်းဆက်ဂီတမှာ

သံသယတွေမငြိတွယ်ကြေး

နှလုံးသားချင်းထပ်ပြီးကစားတဲ့ပွဲမှာ

ဘ၀ဆိုတာလည်းဘာသားနဲ့ထုထားတာမို့လဲ

ကမ်းနားသဲပွင့်လေးတွေလိုမျောပါသွား

ကဗျာဆရာလွယ်အိတ်ထဲကနေ

ဘာတွေများမျှော်လင့်နိုင်ပါသလဲ

မျက်ရည်စက်လက်နေ့စွဲကလေးများသာ

မမ..

ကျွန်တော့်ကိုသတ္တိရှိရှိချစ်ပါ

ကျွန်တော်ရယ်..

မမရယ်..

ညဥ့်တစ်ဆုံးလရောင်လေးတွေရယ်

မခမ်းနားတဲ့အိပ်ရာလေးထဲ

လုံးထွေးတွန့်ကြေစွာအိပ်စက်ပြီးတဲ့နောက်

ငှက်ကလေးတွေနဲ့အတူအိပ်ရာနိုးတာမကောင်းဘူးလား။   ။


                                                                အောင်မှူးဝေ


4 မှတ်ချက်:

Thameesan said...

လှလိုက်တာ
ငှက်ပုံလေးကး)

ကဗျာဆရာလည်း
ပျော်ရွှင်ပါစေ..

ခင်မင်လျှက်

မောင်(စွယ်စုံကျမ်း) said...

အမ် ..မိစံက ကဗျာလေးခံစားသွားတာကို အနုပညာ မျက်စေ၇ှိပါပေတယ် ..ကိုအောင်မှုးဝေရေ..ခံစားအားပေးလျှက်ပါဗျာ

လမင်းငယ် said...

ကဗျာလေးခံစားသွားပါသည်

မေဝင်း789 said...

ကဗျာလေးကို အားပေးပါတယ်
ပထမဆုံး နှစ်ကြောင်းကို အကြိုက်ဆုံးပါနော်
အားပေးပါတယ်ဗျားးးးးးးးးးး

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here