![]() |
Best က န ပုံနော် မင်နဲ့ ငါနဲ့ နော် ။ငါနဲ့ မင်းနဲ့ နော်...ဟဲဟဲ |
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့
ဖြူစင်ခြင်းတွေပဲ ဖန်တီးမိသူပါ..........။
မဆုံနိုင်တဲ့ ဘဝနှစ်ခုမှာ
အချစ်ကို ဗဟိုပြု ကြမယ်ဆိုရင်
ငါတို့.........
ကြေကွဲခြင်းတွေပဲ ခံစားရလိမ့်မယ်ဆိုတာ
ကိုယ်စီနားလည်ထား ပြီးတဲ့ တစ်နေ့
ဖြူစင်စွာ ငါတို့ ဆုံတွေ့ ပါရစေ................။
ချစ်ခဲ့ ပြီးမှ မမုန်းချင်ဘူး
နီးခဲ့ပြီးမှ မဝေးချင်ဘူး
သံယောဇဉ် တစ်ခုရဲ့ နေရာတိုင်းမှာ
ရင်ခုန်ခြင်းတွေဟာ နေရာယူလည်း
ငါ.... မသိသလိုပဲ နေလိုက်တယ်................။
နင့်ကို လွမ်းရင် ကဗျာရေး
ဂစ်တာတီးတော့ လွမ်းတဲ့တေးတွေ
နောက်ပြီး.........
အမောင် တည်ပေးတဲ့ အမှတ်တရ အိမ်လေးမှာ
သတိရခြင်းတွေကို ဖြန့်ခင်းထား
နင်လည်း ခဏတော့ ဝင်လည်ပေးသွားပါ..............။
ချစ်ခဲ့ ပါတယ် သူငယ်ချင်း
ဖြူစင်ခြင်း တွေနဲ့ပါ.....
လွမ်းခဲ့ပါတယ် သူငယ်ချင်း
ဖြူစင်ခြင်း တွေနဲ့ပါ.....
ဆုံတွေ့ချင်ပါတယ် သူငယ်ချင်း
ဖြူစင်ခြင်း တွေနဲ့ပါ.....
နေမဝင်သေးခင်
ငါတို့ ဘဝရဲ့ တစ်နေရာမှာ.................။
ညီညီ(မြန်အောင်)
7 မှတ်ချက်:
ကဗျာလေးအတွက်..၇င်နှင့်ခံစားမိတယ်...
ကောင်း၏
အားလုံးကိုခင်မင်နေပါတယ်
ဖြူစင်ခြင်းတွေနဲ့ပါ
နာလည်သူငယ်ချင်းတွေကိုလွမ်းလိုက်တာ
ကဗျာလေးအားပေးသွားပါကြောင်း
နေမဝင်သေးခင်
ငါတို့ ဘဝရဲ့ တစ်နေရာမှာ.................။
အမောင်ရေကဗျာလေးအားပေးသွားတယ်။
အလုပ်တွေရှုပ်ရင်းကဗျာတွေတစ်ပုဒ်ချင်းထွက်နေပါလားး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖြူစင်ခြင်းတွေနဲ့ပါ
အမာခဲ့ခဲ့ခဲ့ ခဲ့ခဲ့ပရိတ်သတ်
အားပေး ဖတ်သွားပါတယ်
အ၇မ်းကောင်းတဲ့ ကဗျာလေးပါ...
Post a Comment